ကမ္ဘာ့သမိုင်းထဲမှာ အချိန်အတိုဆုံး ဖြစ်ခဲ့တဲ့ စစ်ပွဲများ

ကမ္ဘာပေါ်တွင်လူသားမျိုးနွယ်အချင်းချင်း အုပ်စုတစ်ခုနှင့်တစ်ခု တိုက်ခိုက်ခဲ့ကြသည်မှာ ရှေးလွန်သောကျောက်ခေတ်မှယနေ့အချိန်ထိပင်ဖြစ်သည်။ ယင်းစစ်ပွဲများတွင် အချို့စစ်ပွဲများမှာ အချိန်ကာလများစွာကြာမြင့်သလို လူအသေအပျောက်လည်းများပြားခဲ့သော စစ်ပွဲများရှိသလို အချိန်အနည်းငယ်သာကြာမြင့်ခဲ့သည့်စစ်ပွဲများလည်းရှိပေသည်။ ကမ္ဘာသမိုင်းထဲတွင်အချိန်အတိုဆုံးစစ်ပွဲများကို (ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်များအတွင်းဖြစ်ပွားခဲ့သည့် စစ်ပွဲအသေးများကိုမဆိုလို) ဖော်ပြရမည်ဆိုလျင်တော့ …. shwekhitonlinetv.com

၁၀။ ဖောက်ကလန် စစ်ပွဲ

အာဂျင်တီးနာနိုင်ငံ အရှေ့ဘက်တွင်ရှိသော ဖောက်ကလန်ကျွန်းအား ပိုင်ဆိုင်မှု အငြင်းပွားကာ အာဂျင်တီးနားနှင့် အင်္ဂလန် နိုင်ငံတို့အကြားဖြစ်ပွားခဲ့သာ နာမည်ကျော်စစ်ပွဲဖြစ်သည်။ စုစုပေါင်း (၄၂) ရက်ကြာမြင့်ခဲ့သော ဖောက်ကလန်စစ်ပွဲတွင် အာဂျင်တီးနားတို့ဘက်မှ စစ်အရှုံးပေးခဲ့ကြောင်းသိရသည်။shwekhitonlinetv.com

၉။ ပိုလန်-လစ်သူရေးနီးယား စစ်ပွဲ

ပိုလန်နှင့် လစ်သူရေးနီးယား နှစ်နိုင်ငံသည်လည်း အငြင်းပွားလျက်ရှိသော Vilnius၊ Suwaki နှင့် Augustow မြို့များအရေးအတွက် (၁၉၂၀) ပြည့်နှစ်တွင်စစ်ခင်းခဲ့ကြသည်။ သို့သော်လည်း ယင်းနှစ်နိုင်ငံအနေဖြင့် အချိန်ကြာကြာစစ်ဖြစ်လိုက်ရဘဲ (၃၇) ရက်သာ တိုက်ပွဲများဖြစ်ပြီးနောက် ပိုလန်ကစစ်နိုင်ကြောင်းကြေညာခဲ့ကာ အပစ်အခတ်ရပ်စဲလိုက်ကြောင်းသိရသည်။ shwekhitonlinetv.com

၈။ ဒုတိယမြောက်ဘော်လ်ကန် စစ်ပွဲ

၁၉၁၃ ခုနှစ်မှာတော့ ဘူလ်ဂေးရီးယားနိုင်ငံကတစ်ဖက် ပထမဘော်လ်ကန်စစ်ပွဲတွင် မဟာမိတ်များဖြစ်ခဲ့ကြသည့် ဂရိ၊ ဆားဘီးယားနိုင်ငံများကတစ်ဖက် ဒုတ်ယဘော်လ်ကန်စစ်ပွဲကို ဆင်နွှဲကြလေသည်။ ရိုမေးနီးယားနှင့် အော်တိုမန်နိုင်ငံများကလည်း ဘူလ်ဂေးရီးယားကိုဝိုင်းတိုက်ကြသည်။ စစ်ပွဲမှာ (၃၂) ရက်မျှကြာမြင့်ခဲ့ပြီး ပထမဘော်လ်ကန်စစ်ပွဲအတွင်းသိမ်းယူထားသည့် နယ်မြေအများစုကို ဘူလ်ဂေးရီးယားတို့ပြန်လည်ဆုံးရှုံးခဲ့ရသည်။ shwekhitonlinetv.com

၇။ ဂရိ-တူရကီ စစ်ပွဲ

ခရီတီကျွန်းအတွက်ဖြစ်ပွားခဲ့သောစစ်ပွဲဖြစ်သည်။ အော်တိုမန်တူရကီ တို့၏ထိန်းချုပ်မှုအောက်တွင်ရှိသော ခရီတီကျွန်းနေ ဂရိလူမျိုးများက ပုန်ကန်ထကြွပြီး ဂရိတို့နှင့်ပေါင်စည်းရန်ကြိုးပမ်းရာမှ အော်တိုမန်တို့နှင့်စစ်မက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရက် (၃၀) မျှတိုက်ခိုက်ပြီးနောက်တွင် အော်တိုမန်တို့စစ်နိုင်ပြီး ဂရိတို့က စစ်လျော်ကြေးများစွာပေးရမည်ဖြစ်သောကြောင့် ခရီတီကျွန်းကို စွှန့်လွှတ်ခဲ့ရသည်။ shwekhitonlinetv.com

၆။ တရုတ်-ဗီယက်နမ် စစ်ပွဲ

၁၉၇၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် တရုတ်-ဗီယက်နမ်စစ်ပွဲကို တတိယမြောက် အင်ဒိုချိုင်းနား စစ်ပွဲဟုခေါ်တွင်ခဲ့ကြသည်။ စစ်ပွဲမှာ (၂၇) ရက်မျှသာကြာမြင့်သော်လည်း အသေအပျောက်များပြားခဲ့သော စစ်ပွဲလည်းဖြစ်သည်။ နှစ်ဘက်စလုံးက စစ်နိုင်ကြောင်းကြေညာခဲ့သော်လည်း တရုတ်တို့က ဗီယက်နမ်နိုင်ငံအတွင်းမှ ရွာများ၊ လမ်းတံတားများနှင့် အခြေခံမဆောက်အဦးများစွာကို မြေလှန်ဖျက်ဆီး ပစ်ခဲ့ကြောင်းသိရသည်။ shwekhitonlinetv.com

၅။ ဂျော်ဂျီယာ-အာမေးနီးယန်း စစ်ပွဲ

ဂျော်ဂျီယာ ပြည်သူ့ဒီမိုကရက်တစ်နိုင်ငံနှင့် ဒီမိုကရက်တစ်အာမေးနီးယန်းနိုင်ငံတို့သည် (၁၉၁၈) ခုနှစ်တွင် နယ်ခြားခရိုင်သုံးခု အစိတ်အပိုင်းများပေါ်တွင်အငြင်းပွားကာစစ်ဖြစ်ပွားခဲ့ကြသည်။ ၁၉၁၈ ဒီဇင်ဘာ (၇) ရက်တွင် စစ်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ (၃၁) ရက်တွင် ဗြိတိသျှတို့ ဝင်ရောက်ဖြန်ဖြေညှိနှိုင်းပေးမှုကြောင့် စစ်ပြေငြိမ်းခဲ့သည်။ shwekhitonlinetv.com

၄။ ဆားဘီးယား-ဘူလ်ဂေးရီးယား စစ်ပွဲ

၁၈၈၅ နိုဝင်ဘာလ (၁၄) ရက်မှ နိုဝင်ဘာလ (၂၈) ရက်အထိ ဆားဘီးယားနှင့် ဘူလ်ဂေးရီးယားတို့ (၁၄) ရက်ကြာစစ်ပွဲဆင်နွှဲခဲ့ကြပြီး ဘူလ်ဂေးရီးယားတို့ အနိုင်ရကာ အပြီးသတ်ငြိမ်းချမ်းရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ စစ်ပွဲအောင်နိုင်မှုကြောင့် ဥရောပနိုင်ငံများက ဘူလ်ဂေးရီးယား ပေါင်းစည်းရေးကို ပသိအမှတ်ပြုခဲ့ကြရသည်။ shwekhitonlinetv.com

၃။ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ

၁၈၇၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်တွင် အိန္ဒိယအနောက်ပိုင်းစစ်မျက်နှာတွင် အိန္ဒိယနှင့် အနောက်ပါကစ္စတန်တို့ စစ်ဖြစ်ကြရာ ဒီဇင်ဘာ (၁၆) ရက်တွင်အနောက်ပါကစ္စတန်တို့ ရှုံးနိမ့်ကာ စစ်ပွဲပြီးဆုံးခဲ့သည်။ စစ်ပွဲအကျိုးဆက်အဖြစ် အရှေ့ပါကစ္စတန်သည် လွတ်လပ်သောနိုင်ငံအဖြစ်ထူထောင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟူ၍ဖြစ်လာခဲ့သည်။ shwekhitonlinetv.com

၂။ အစ္စရေး-အာရပ် စစ်ပွဲ

အစ္စရေးတို့က ဆီးရီးယားတို့ကိုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဆီးရီးယားတို့၏ မဟာမိတ်ဖြစ်သော အီဂျစ်တို့က ဆိုင်းနိုင်းကျွန်းဆွယ်နယ်စပ်တွင် တင့်ကားစီးရေတစ်ထောင်နှင့် စစ်သည်တစ်သိန်းတို့ကိုစေလွှတ် တပ်စွဲခဲ့ရာမှ ​(၆) ရက်စစ်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ (၆) ရက်စစ်ပွဲတွင် အစ္စရေးတို့ အနိုင်ရပြီး ဂျေရုစလင်အရှေ့ပိုင်း၊ ဂါဇာကမ်းမြောင်၊ ဆိုင်းနိုင်းကျွန်းဆွယ် နှင့် ဂိုလန်ကုန်းမြင့်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲ၏ရလာဒ်များက အဆိုပါဒေသများ၏ နိုင်ငံရေးကို ပထဝီဝင်အနေအထားအရ ယနေ့တိုင်အကျိုးသက်ရောက်လျက်ရှိသည်။ shwekhitonlinetv.com

၁။ အင်ဂလို-ဇန်ဇီဘာ (၃၈) မိနစ် စစ်ပွဲ

၁၈၉၆ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော အင်္ဂလန်နိုင်ငံနှင့် ဇန်ဇီဘာနိုင်ငံတို့၏ စစ်ပွဲမှာ အချိန် (၃၈) မိနစ်သာ ကြာမြင့်ခဲ့ပြီး ကမ္ဘာ့အချိန်အတိုဆုံးစစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အင်္ဂလိပ်ကိုလိုနီ နိုင်ငံဖြစ်သည့် ဇန်ဇီဘာနိုင်ငံ၏ ဆူလ်တန် ဟာမက် ဘင် သူဝေနီ ကွယ်လွန်ရာမှ စစ်ပွဲဖြစ်ပွားရန် အကြောင်းဖန်ခဲ့ခြင်းလည်းဖြစ်သည်။ ဘုရင်ဖြစ်သည့် သူဝိုင်နီ ကွယ်လွန်သည်နှင့်တစ်ပြိုင်နက် တူဖြစ်သည့် ခါလစ် ဘင် ဘာဂတ်ရှ် က အာဏာသိမ်းယူခဲ့သည်။ shwekhitonlinetv.com

ဗြိတိသျှတို့ကမူ ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်မည်ဟုယူဆထားသူ ဟာမက်ဘင်မိုဟာမက် အား အာဏာပေးစေလို၍ ဘာဂတ်ရှ်ကို အာဏာစွန့်ရန် ရာဇသံပေးခဲ့သည်။ ဘာဂတ်ရှ်က ဗြိတိသျှတို့တောင်းဆိုမှုကို ပယ်ချကာ နန်းတော်တွင်တပ်များကိုချထားခဲ့သည်။ ထိုအချိန်တွင် ဗြိတိသျှတို့ ဒေါသပေါက်ကွဲကာ နန်းရှေ့ဆိပ်ကမ်းတွင် ရေတပ်သင်္ဘာ (၅) စီးတပ်စွဲကာ ရာဇသံ အချိန်စေ့ချိန် သြဂုတ်လ (၂၆) ရက် နံနက် (၉) နာရီအချိန်တွင် နန်းတော်အားမြော၇်ဖြသ့်စတင်ပစ်ခတ်လေသည်။ ပစ်ခတ်မှုကြောင့် နန်းတော်ပြိုကျကာ လူများသေကြေခဲ့ရပြီး ပတ်ခတ်မှုကိုလည်း (၃၈) မိန်အတွင်းရပ်ဆိုင်းကာ ဇန်ဇီဘာကိုသိမ်းပိုက်ခဲ့သည်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။