ကမ္ဘာပေါ်က ရှေးအကျဆုံး မြို့ကြီး (၁၀) မြို့ အကြောင်း

မင်္ဂလာပါရွှေခေတ်ပရိသတ်ကြီးရေ …. ဒီနေ့ရွှေခေတ်ပရိသတ်တွေကို တင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့ ကမ္ဘာပေါ်က ရှေးအကျဆုံးမြၽု့တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီမြို့တွေကိုတည်ထောင်ခဲ့တာကတော့ သက်တမ်း ထောင်နဲ့ချီနေပြီဖြစ်ကြောင်သိရပြီး မြို့စတည်ကတည်းက ယနေ့ချိန်ထိ စဥ်ဆက်မပြတ်လူတွေနေထိုင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီထဲကမြို့အများစုကတော့ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ရေးမြို့၊ အီရန်

အီရန်နိုင်ငံက ရေး (Rayy) မြို့ကတော့ နှစ်ပေါင်း (၅၀၀၀) ကနေ (၆၀၀၀) ကြားသက်တမ်းရှိပြီဖြစ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ Gaebri ရဲတိုက်ကလည်း အနှစ် (၃၀၀၀) ကျော်သက်တမ်းရှိပြီးထင်ရှားလှပါတယ်။ shwekhitonlinetv.com

၉။ စီဒွန်မြို့၊ လက်ဘနွန်

ရှေးယခင် ဖီနီးရှန်းလူမျိုးစုတွေရဲ့ အရေးအပါဆုံးမြေထဲပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။ မြို့တည်လာတာဟာ နှစ်ပေါင်း (၅၀၀၀) ကနေ (၆၀၀၀) လောက်သက်တမ်းရှိပြီလို့သိရပြီး တည်နေရာရဲ့ အရေးပါမှုကြောင့် ခေတ်အဆက်ဆက် အဆီးရီးယန်း၊ ဘေဘီလိုးနီးယန်း၊ အီဂျစ်ိ၊ ဂရိ၊ ရောမ လူမျိုးတွေရဲ့ သိမ်းပိုက်ခြင်းကိုလည်းခံခဲ့ရတဲ့ မြို့လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဘိုင်ဘလို့စ်မြို့၊ လက်ဘနွန်

ဖီိနီးရှန်း လူမျိုးတွေအတွက်အရေးပါဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။ ဖီနီးရှန်းတွေ မြို့ကိုစတည်ခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀၀) လောက်ကဖြစ်ပြီးတော့ ဂီဘယ်လ် (Gebal) ဆိုတဲ့အမည်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်း ဂရိတွေသိမ်းပိုက်ပြီးနောက်မှာ (Byblos) လို့အမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဖိုင်ယွန်မြို့၊ အီဂျစ်

လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀၀၀) ကနေ (၆၀၀၀) အတွင်းတည်ထောင်ခဲတဲမြို့ဖြစ်တယ်လို့သိရပါတယ်။ အလွန်မိုးခေါင်တဲ့ အရပ်ဒေသဖြစ်ပေမယ့်ယနေ့အချိန်အထိ စဥ်ဆက်မပြတ် နေထိုင်ခဲ့တဲ့သူတွေကြောင့် စည်ကားလှတဲ့ ရှေးဟောင်းမြို့တစ်မြို့လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ပလော့ဒစ်မြို့၊ ဘူလ်ဂေးရီးယား

ဒီမြို့မှာလူတွေနေထိုင်လာတာကတော့ နှစ် (၆၀၀၀) ကျော်ပြီလို့သိရပါတယ်။ ရောမခေတ်က အရေးပါတဲ့မြို့တစ်မြို့ဖြစ်ခဲ့ပြီး ရောမခေတ်ကဆောက်လုပ်ခဲ့တဲ့ ရေသွယ်တံတားတွေ၊ ဗိသုကာလက်ရာတွေကျန်ရှိနေသေးတယ်လို့သိရပါတယ်။ လက်ရှိချိန်မှာတော့ ပလော့ဒစ် (Plovdiv) မြို့ဟာ ဘူလ်ဂေးရီးယား နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေး၊ ပညာရေး နဲ့ ယဥ်ကျေးမှုအချက်အချာကျလှတဲ့ မြို့လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အာဂို့စ်မြို့၊ ဂရိ

အေသင်မြို့အနီးမှာရှိတဲ့ ဂရိနိုင်ငံရဲ့ ရှေးအကျဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀၀၀) ကျော်သက်တမ်းရှိပြီဖြစ်ပြီး မြေသြဇာကောင်းလွန်းတဲ့ လွင်ပြင်တွေရှိသလို ကြားနေဝါဒ ကျင့်သုံးပြီး အေးချမ်းစွာနေထိုင်တက်တဲ့ မြို့ဖြစ်တာ​က ယခုလိုမျိုး မြို့ကိုသက်တမ်းရှည်နေစေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အေသင်မြို့၊ ဂရိ

ကမ္ဘ့ာပေါ်မှာ အတွေးအခေါ်ပညာ၊ ဒီမိုကရေစီနဲ့ အနောက်တိုင်းယဥ်ကျေးမှုတွေ စတင်ထွန်းကားပြန်ပွားရာမြို့တစ်မြို့ဖြစ်တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ အေသင်မြို့ကတော့ နှစ်ပေါင်း (၇၀၀၀) ကျော်သက်တမ်းရှိပြီဖြစ်ပါတယ်။ ရှေးခေတ် ဗိသုကာလက်ရာပေါင်းများစွာကို ထိန်းသိမ်းထားတဲ့ အေသင်မြို့ကတော့ ယနေ့အချိန်မှာလည်း ဂရိနိုင်ငံရဲ့မြို့တော်အဖြစ်တည်ရှိနေပါတယ်။ shwekhitonlinetv.com

၃။ အလက်ပိုမြို့၊ ဆီရီးယား

လက်ရှိအလက်ပိုမြို့နေရာမှာ လူတွေနေထိုင်ခဲ့တာ နှစ်ပေါင်း (၈၀၀၀) လောက်ရှိပြီဖြစ်ပေမယ့် အနီးအနားဝန်းကျင်တွေမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၃၀၀၀) လောက်ကတည်းက လူတွေနေထိုင်ခဲ့ကြတဲ့ အထောက်အထားတွေကိုတွေ့ရှိရပါတယ်။ မြေထဲပင်လယ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်ပိုးလမ်းမကြီးတို့အဆုံးမှာတည်ရှိနေတာကြောင့် ရှေးခေတ်အချိန်ကာလမှာ အတော်လေးကို အချက်အချာကျခဲ့တဲ့ မြို့တစ်မြို့ဖြစ်မှာတော့ အသေအချာပါပဲ။ shwekhitonlinetv.com

၂။ ယာရီဟောက်မြို့၊ ပါလက်စတိုင်း

တောင်နံရံနဲ့ တောင်ကမ်းပါးတွေကို ကပ်မြောင်ပြီး မြို့တည်ထားလို့ (Walled City) လို့ ရှေးယခင်တည်းက လူသိများတာကတော့ ပါလက်စတိုင်းနိုင်ငံ အနောက်ပိုင်းက ယာရီဟောက်(Jericho) မြို့ပဲဖြစ်ပါတယ်။ နှစ်ပေါင်း (၉၆၀၀) သက်တမ်းရှိတဲ့ မြို့တစ်မြို့ဖြစ်ကြောင်းလည်းသိရပါတယ်။ shwekhitonlinetv.com

၁။ ဒမတ်စကပ်မြို့၊ ဆီးရီးယား

ဆီးရီးယားနိုင်ငံ ဒမတ်စကပ် မြို့ဟာဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ မြို့တွေထဲမှာရှေးအကျဆုံးမြို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၈၀၀၀) ဘီစီကနေ (၁၀၀၀၀( ဘီစီအတွင်း မြို့ကိုစတည်ခဲ့ပြီး လူတွေအခြေချနေထိုင်ခဲ့တာကတော့ ယနေ့ချိန်ထိပဲဖြစ်ပါတယ်။ ဘီစီ (၃၃၃) လောက်မှာ အလက်ဇန္တားသည်ဂရိတ်ရဲ့ သိမ်းပိုက်ခြင်းခံခဲ့ရပြီးနှစ်ပေါင်း (၁၀၀၀) လောက် ဂရိယဥ်ကျေးမှုထွန်းကားခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။