ကမ္ဘာ့အကောင်းဆုံးနဲ့ အန္တရာယ်အများဆုံး သေနတ် (၁၀) မျိုး

ကမ္ဘာပေါ်မှာ သေနတ်ထုတ်လုပ်နေတဲ့ နိုင်ငံတွေ ကုမ္ပဏီတွေ အများအပြားရှိနေပါတယ်။ ဒီထဲမှာနဒီဇိုင်းမျိုစုံ၊ နာမည်မျိုးစုံနဲ့ သေနတ်တွေပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးမှာပါဝင်မှာကတော့ ကမ္ဘာပေါ်မှာစွမ်းရည်အပြည့်ဝဆုံးနဲ့ အန္တရာယ်အရှိဆုံးအဖြစ် သတ်မှတ်ထားတဲ့ သေနတ် (၁၀) မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Thompson M192 Machine Gun

Thompson M192 ကတော့ အလွန်အစွမ်းထက်တဲ့စက်သေနတ်ဖြစ်သည်။ ဒီစက်သေနတ်ကို ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးသေနတ်တစ်လက်အဖြစ်သတ်မှတ်ထားပြီး မိနစ်အနည်းငယ်အတွင်း ရန်သူအယောက် (၅၀၀) လောက်ကိုပစ်ခတ်နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

၉။ XM307 ACSW Machine Gun

နော်ထပ် အန္တရာယ်အများဆုံးစက်သေနတ်ကတော့ XM307 ACSW Machine Gun ပဲဖြစ်ပါတယ်။ အံ့သြဖွယ်ကောင်းတဲ့ ပစ်ခတ်မှုစွမ်းအားရှိပြီး ကမ္ဘာ့နိုင်ငံအတော်များများမှာလိုင်စင်နဲ့ ကိုင်လို့ရတဲ့ စက်သေနတ်တစ်လက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Heckler and Koch HK MG4 MG 43 Machine Gun

ဒါကတော့ (၅.၆) မီလီမီတာ Caliber သေနတ်ပဲဖြစ်ပါတယ်။ ဂျာမန်နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Heckler နှင့် Koch က ၂၀၀၁ ခုနှစ်မှာ ပထမဆုံးစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အလွန်တိကျပြီး ထိရောက်မှုရှိတဲ့ သေနတ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ F2000 Assault Rifle

F2000 Assault ရိုင်ဖယ်သည်နောက်ထပ်အံ့သြစရာကောင်းသောအလိုအလျောက်သေနတ်တစ်ခုဖြစ်ပါတယ်။ FN Herstal ဆိုတဲ့ ဘယ်လ်ဂျီယမ်ကုမ္ပဏီကနေ ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသေနတ်ကိုတော့ (၅.၆၇) မီလီမီတာ Caliber (ကျည်ဆန်) ထည့်သွင်းပစ်ခတ်ရတာဖြစ်ပြီး အလွန်ထိရောက်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ Kalashnikov AK-47 Assault Rifle

ရုရှားထုတ် Kalashnikov AK-47 ကိုတော့ AK-47 လို့ လူသိများလှပါတယ်။ ဒီသေနတ်ကလည်း လက်ရှိချိန်ထိ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးသေနတ်အမျိုးအစားဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီသေနတ်ကို ၁၉၄၆ ခုနှစ် စစ်ရေးစမ်းသပ်မှုများအတွက်တီထွင်ခဲ့တာဖြစ်ပြီး စျေးနှုန်းလည်း သိပ်မကြီးဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

၅။ DSR-Precision DSR 50 Sniper Rifle

DSR-Precision ကတော့ အတော်လေးကို လေးလံတဲ့စနိုက်ပါအမျိုးအစားသေနတ်ဖြစ်ပါတယ်။ ၎င်း၏အလေးချိန်သည် ၁၀ ကီလိုဂရမ်ခန့်ရှိပြီး ပစ်ခတ်မှု စွမ်းအားအပြင်းဆုံးသေနတ်တစ်လက်လည်းဖြစ်ပါတယ်။ အလွန်ဝေးကွာတဲ့နေရာမှာရှိတဲ့ ရန်သူတွေကို တိကျစွာနဲ့ထိရောက်စွာ ပစ်ခတ်နိုင်ပါတယ်။ shwekhitonlinetv.com

၄။ UZI Machine Gun

အလေးချိန် ၃ ကီလိုဂရမ်ခန့်ရှိတဲ့ UZI သေနတ်ကတော့ အနီးကပ်ပစ်ခတ်မှုတွေအတွက် အလွန်ထိရောက်ပြီး ကိုင်ဆောင်ရတာလည်း ပေါ့ပါးတဲ့ စက်သေနတ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ သည်။ ၎င်းသည်အင်အားကြီးသောသေနတ်ဖြစ်ကမ္ဘာ့နိုင်ငံအတော်များများမှာ သာမန်လူတွေလည်း လိုင်စင်နဲ့ ကိုင်တွယ်လို့ရတဲ့ သေနတ်အမျိုးအစားဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ MG3 Machine Gun

(၇.၆) မီလီမီတာ Caliber သေနတ်ဖြစ်တာကြောင့် သူ့ရဲ့ ထိရောက်မှုကတော့ အထူးပြောဖို့တောင် လိုမယ်မထင်ပါဘူး။ ဒီစက်သေနတ်ဟာ တစ်မိနစ်အတွင်း ကျည်ဆန်အတောင့် တစ်ထောင်လောက်ပစ်လွှတ် နိုင်စွမ်းရှိပြီး ၁၉၅၀ ခုနှစ်က စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Accuracy International AS50 Sniper Rifle

တိကျမှန်ကန်မှုအရှိဆုံးနဲ့ အကောင်းဆုံး စနိုက်ပါဆိုရင်တော့ AS50 Sniper Rifle ကိုညွှန်းဆိုရမှာပါ။ (၁၄) ကီလိုဂရမ်သာအလေးချိန်ရှိပြီး အင်မတန်ဝေးကလှတဲ့ ပစ်မှတ်ကို အတိကျဆုံးနဲ့ အထိရောက်ဆုံး ပစ်ခတ်နိုင်စွမ်းရှိပါတယ်။လွန်ခဲ့သောနှစ်အနည်းငယ်ကတော့ ဒီသေနတ်ရဲ့ စွမ်းဆောင်ရည်ကို ထပ်မံအဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁။ Heckler and Koch HK416

ကမ္ဘာ့အင်အားကြီးနိုင်ငံတော်တော်များများရဲ့ စစ်တပ်တွေမှာ တပ်ဆင်ပေးထားတဲ့ သေနတ်တစ်မျိုးဖြစ်ပါတယ်။ ပစ်အားပြင်းထန်တိကျပြီးကုန်ကျစရိတ်လည်း မသေးလှဘူးလို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com