WWE လောကရဲ့ ပရိသတ်အကြိုက်ဆုံး နပန်းသမား (၁၀) ဦး

ရွှေခေတ်ပရိသတ်တွေထဲမှာ ကမ္ဘာကျော် WWE နပန်းပွဲတွေကို နှစ်ခြိုက်စွာကြည့်ရှုခဲ့ဖူးသူတွေရှိမယ်လို့ထင်ပါတယ်။ များပြားလှတဲ့ WWE နပန်းသမားတွေထဲမှာ သင့်အကြိုက်ဆုံးနပန်းသမားတစ်ဦးကို ရွေးချယ်ရမယ်ဆိုရင်ကော … ? ဘယ်သူ့ကိုများ သင်ရွေးချယ်ပါမလဲ ?shwekhitonlinetv.com

အားကစားနဲ့သက်ဆိုင်တဲ့ စစ်တမ်းတွေကိုပြုစုလေ့ရှိတဲ့ Sportbible ကနေထုတ်ပြန်ခဲ့တဲ့ ပရိသတ်အကြိုက်ဆုံး WWE နပန်းသမား (၁၀) ဦးကတော့ …..shwekhitonlinetv.com

(၁၀) Edge (3%)

ဆံပင်ရှည်ရှည် Rocker ဖက်ရှင်နဲ့ Edge ကတော့ ဒီစာရင်းမှာ ပရိသတ်တွေဆီက ဆန္ဒမဲ (၃) ရာခိုင်နှုန်းရရှိပြီး အဆင့် (၁၀) နေရာရရှိခဲ့ပါတယ်။shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

(၉) Randy Orton (3%)

ခပ်ဖြောင့်ဖြောင့်ရုပ်ရည်ရှိပြီး အမျိုးသမီး ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ Randy Orton ကလည်း မဲအရေအတွက် (၃) ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ခဲ့တာကြောင့် ဒီစာရင်းမှာ အဆင့် (၉) နေရာရရှိခဲ့ပါတယ်။shwekhitonlinetv.com

(၈) Bret Hart (3%)

WWE နပန်းလောကရဲ့ Legend တစ်ဦးလို့ဆိုရမယ့် Bret Hart ကလည်း ဒီစာရင်းမှာ ပါဝင်လာတာကြောင့် ယနေ့တိုင်ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားနိုင်ဆဲလို့ဆိုရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာအသက် (၆၃) နှစ်ရှိပြီဖြစ်တဲ့ Bret Hart ဟာ WWE ရဲ့ခေတ်ဦးကာလတွေမှာ “The Hitman” ဆိုပြီးကျော်ကြားခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။shwekhitonlinetv.com

(၇) Triple H (5%)

WWE လောကမှာတော့ ခြင်္သေ့ကြီးလို့ သူ့ကိုချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ သူကလည်း လူကြိုက်များတဲ့ နာမည်ကျော်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ မဲစုစုပေါင်း (၅) ရာခိုင်နှုန်းထိရရှိခဲ့ပါတယ်။shwekhitonlinetv.com

(၆) Hulk Hogan (5%)

Hulk Hogan ကိုတော့ မြန်မာပရိသတ်တွေ သိပ်ကြိုက်ကြမယ်လို့မထင်ပါဘူး။ ဒါပေမယ့် သူကလည်း ပရိသတ်တွေဆီက စုစုပေါင်းမဲအရေအတွက် (၅) ရာခိုင်နှုန်းကျော်တောင် ရရှိခဲ့သူဖြစ်ပါတယ်။shwekhitonlinetv.com

(၅) John Cena (7%)

John Cena ကတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်လောကထဲကူးပြောင်းသွားပြီဖြစ်တဲ့ WWE Superstar တစ်ယောက်ဖြစ်ပါတယ်။ Rapper စတိုင်နဲ့ နပန်းသမားတွေထဲမှာတော့ John Cena လောက်ပရိသတ်တွေ သဘောကျမယ့်သူရှိမယ်မထင်ပါဘူး။ မြန်မာပရိသတ်အတော်များများလည်း သဘောကျနှစ်ခြိုက်တဲ့ John Cena ကတော့ ဒီစာရင်းမှာ နံပါတ် (၅) နေရာကို မဲအရေအတွက် (၇) ရာခိုင်နှုန်းနဲ့ ရယူထားနိုင်ခဲ့ပါတယ်။shwekhitonlinetv.com

(၄) Dwayne “The Rock” Johnson (8%)

မခိုးမခန့်အမူအရာ ထူးခြားတဲ့ Smack အသုံးပြုပုံတို့ကြောင့် The Rock ဟာလည်း WWE လောကမှာ ပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ WWE လောက ကနေအနားယူပြီး သရုပ်ဆောင်ဘဝကို ကူးပြောင်းတဲ့အချိန်မှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ဆက်လက်ရရှိနေဆဲဖြစ်ပါတယ်။ “The Rock” ကိုတော့ ပရိသတ်တွေရဲ့မဲ (၈) ရာခိုင်နှုန်းနဲ့ ဒီစာရင်းရဲ့ အဆင့် (၄) နေရာမှာတွေ့ရပါတယ်။shwekhitonlinetv.com

(၃) Shawn Michaels (9%)

“Heart Break Kick” ဆိုတဲ့ Smack အသုံးပြုပုံနဲ့ Shawn Michaels ကတော့ WWE သမိုင်းမှာ မေ့ဖျောက်လို့မဖြစ်နိုင်တဲ့ Legend တစ်ဦးဆိုရင် မှားမယ်မထင်ပါဘူး။ သူနဲ့အတူခေတ်ပြိုင်တစ်ချို့ အနားယူ၊ အခြားသက်မွေးဝမ်းကျောင်းနယ်ပယ်တွေဆီ အသီးသီးကူးပြောင်းသွားခဲ့ပေမယ့် ၂၀၁၈ခုနှစ်အထိ WWE ပရိသတ်တွေကို ဖျော်ဖြေမှုတွေပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကသူ့ကို ပိုမိုချစ်ခင်ကြပုံရပြီး မဲရာခိုင်နှုန်း (၉) ရာခိုင်နှုန်းထိရရှိခဲ့တယ်လို့ ထင်ရပါတယ်။shwekhitonlinetv.com

(၂) Stone Cold Steve Austin (10%)

ဘီယာကြိုက်တဲ့ WWE Superstar ကြီး Stone Cold ကိုတော့ သူ့ရဲ့တိုက်ရည်ခိုက်ရည်ကြောင့် ပရိသတ်တွေက ပိုသဘောကျတာ ဖြစ်နိုင်ပါတယ်။ ရဲရင့်ပြတ်သားတဲ့ ဟန်ပန်အမူအရာနဲ့ လက်သံလည်းပြောင်လှတဲ့ Stone Cold ကတော့ ပရိသတ်တွေဆီက မဲအရေအတွက် (၁၀) ရာခိုင်နှုန်းကို သိမ်းပိုက်ပြီး ဒီစာရင်းရဲ့ အဆင့် (၂) နေရာမှာရပ်တည်လျက်ရှိပါတယ်။shwekhitonlinetv.com

(၁) The Undertaker (15%)

ကြောက်မက်ဖွယ်သွင်ပြင်နဲ့ သုဘရာဇာကြီးကို ဒီစာရင်းရဲ့ နံပါတ် (၁) နေရာမှာတွေ့ရတာက ပရိသတ်တွေအတွက် အံ့သြစရာဖြစ်မယ်လို့မထင်ပါဘူး။ WWE ခေတ်ဦးကာလကတည်းက ပရိသတ်တွေကို ရသမျိုးစုံနဲ့ ဖျော်ဖြေမှုပေးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းကမှ အနားယူသွားခဲ့တာဖြစ်ပါတယ်။ Undertaker ဆိုတဲ့နာမည်ကြားတာနဲ့ တစ်ခြားနပန်းသမားတွေ ရှိန်ခဲ့ရတဲ့အထိ သူ့ရဲ့ပုံရိပ်လွှမ်းမိုးမှုက ကြီးမားခဲ့ပါတယ်။ ပရိသတ်တွေဆီက မဲအရေအတွက် (၁၅) ရာခိုင်နှုန်းနဲ့ ဒီစာရင်းရဲ့ ပထမနေရာမှာရပ်တည်နေတာကလည်း ဖြစ်သင့်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ WWE သမိုင်းတစ်လျောက်အသုံးတော်ခံခဲ့ကြတဲ့ နပန်းသမား (Superstars) တွေထဲကမှ ပရိသတ်တွေအကြိုက်ဆုံး နပန်းသမား (၁၀) ဦးပဲဖြစ်ပါတယ်။ မြန်မာပရိသတ်တွေကြိုက်နှစ်သက်တဲ့ နပန်းသမားတွေဖြစ်တဲ့ Rey Mysterio (619)၊ Big Show၊ Kane၊ JBL၊ Batista၊ Brock Lesnar တို့ကတော့ မဲအရေအတွက်အနည်းငယ်သာရရှိခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com

Be the first to comment

Leave a Reply