ပန်းအိုးထဲက ပန်းတွေကို ရက်ပေါင်းများစွာ အထားခံအောင် ပြုလုပ်နည်းများ

ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုကတော့ အိမ်တိုင်းလိုလို ဘုရားစင်ရှိကြပြီး ဘုရားပန်းအိုးတွေလည်းရှိတက်ကြပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း အခြားသူတွေဟာ နေအိမ်ဧည့်ခန်းလိုနေရာမျိုးမှာ ပန်းအိုးလေးတွေအလှထားတက်ကြပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ သဘာဝပန်းအစစ်ကို အပင်ကနေလှီးဖြတ်ပြီး ပန်းအိုးတွေထဲထားရင် ကြာရှည်အထားခံအောင် ပြုလုပ်နည်းလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

Sugar

သင့်အနေနဲ့ ဘုရားစင်မှာ ဘုရားပန်းတွေ ကပ်လှူမယ်ဆိုရင် ဘုရားပန်းအိုးထဲကို သကြား (Sugar) လက်ဖက်ရည်ဇွန်း (၁) ဇွန်း (၂) ဇွန်း လောက်ထည့်ပေးသင့်ပါတယ်။ သကြားဟာပန်းတွေ သက်တမ်းပိုရှည်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုပေးစွမ်းနိုင်တာကြောင့် ​​ပန်းတွေဟာ မြေပေါ်မှာမရှိဘဲ ချိုးဖဲ့ခံထားရတာတောင် ရက်ကြာရှည်စွာအထားခံနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Vinegar

ရှာလကာရည် (Vinegar) က ဘက်တီးရီးယားတွေ ကြီးထွားမှုကိုနှေးကွေးအောင်ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။ သကြားနဲ့ရှာလကာရည်ကို ပန်းအိုးထဲထည့်မယ့် ရေနဲ့ရောစပ်ဖျော်ပြီးမှ ပန်းတွေထိုးမယ်ဆိုရင် ပန်းအိုးထဲကပန်းတွေဟာ ရက်အတန်ကြာပိုမိုအထားခံမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Clear Soda

7-up နဲ့ Sprite တို့လို ဆိုဒါ (Soda) ပါဝင်နှုန်းမြင့်တဲ့အချိုရည်တွေကလည်း ပန်းတွေကိုကြာရှည်အထားခံအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ ပန်းအိုးထဲကရေထဲမှာ ဒီလိုမျိုး ဆိုဒါပါဝင်တဲ့ အချိုရည်ကို ပန်းအိုးထဲကရေထဲရောထားမယ်ဆိုရင် သူတို့ကရေတွေ ညစ်ညမ်းပြီးအရောင်ပြောင်းမသွားအောင်ထိန်းထားပေးနိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဆိုဒါမှာပါတဲ့ အက်စစ်ဓာတ်က ရေရဲ့ PH Level ကိုလည်းလျော့ကျအောင်ပြုလုပ်ပေးတာကြောင့် ပန်းတွေဟာ ရေကနေပြီးလိုအပ်တဲ့အာဟာရဓာတ်ကိုပိုမိုစုပ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Vodka

ဗော့ဒ်ကာ (Vodka) မှာ Ethylene ဆိုတဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ (Ethylene ဟာ ငှက်ပျောသီး နဲ့ ထောပတ်သီးတွေကို အမြန်မှည့်အောင်ပြုလုပ်တဲ့နေရာမှာသုံးတဲ့ ဓာတုပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်)။ ဗော့ကာထဲမှာပါဝင်တဲ့ Ethylene ကပန်းတွေရဲ့ သဘာဝဖြစ်စဥ်တွေကိုနှေးကွေးအောင်ပြုလုပ်နိုင်စွမ်းရှိလို့ ပန်းအိုးထဲကို ဗော့ကာအနည်းငယ် ရောထားမယ်ဆိုရင် ပန်းတွေရဲ့ သက်တမ်းကို ပုံမှန်ထက်ပိုမိုကြာရှည်အောင် ဆွဲဆန့်ထားနိုင်မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Bleach

တစ်ချို့လူတွေကတော့ ကြေးချွတ်ဆေး (Bleach) ကိုပန်းအိုးထဲထည့်မယ့် ရေနဲ့ရောစပ်ပေးရင် ပန်းတွေပိုပြီးအထားခံတယ်လို့ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြေးချွတ်ဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေက ဘက်တီးရီးယားတွေကို ကြီးထွားမှုနှေးကွေးအောင် ဟန့်တားပေးနိုင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရောစပ်ရာမှာ ကြေးချွတ်ဆေးရည်ကို အစက်အနည်းငယ်လောက်ပဲထည့်ပေးရမှာဖြစ်ပါတယ်။ များသွားရင် ပန်းတွေပါညှိုးနွမ်းသွားစေနိုင်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Pennies

ပဲနိ (Pennies) လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံသုံး အကြွေစေ့လေးတွေကလည်း ပန်းတွေကို ပိုမိုကြာရှည်စွာ အထားခံအောင်ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ ပန်းအိုးထဲကို ဒီလိုအကြွေစေ့လေးတွေထည့်ထားပေးခြင်းအားဖြင့် သူတို့မှာပါဝင်တဲ့ ကြေးနီဓာတ်က ရေထဲမှာရှိတဲ့ဘက်တီးရီးယားတွေ ကြီးထွားမှုကို ဟန့်တားပေးထားနိုင်မှာပဲဖြစ်ပါတယ်။ ​ပဲနိ မဟုတ်ဘဲ ကြေးနီနဲ့ ပြုလုပ်ထားတဲ့ အ​ခြားအကြွေစေ့ဆိုရင်လည်း ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေက အလွန်လွယ်ကူတဲ့နည်းလေးတွေမို့လို့ ရွှေခေတ်ပရိသတ်တွေ အနေနဲ့လည်း မိမိတို့အိမ်က ပန်းတွေကို ကြာရှည်အထားခံဖို့ စမ်းသပ်ပြီးပြုလုပ်သင့်ပါတယ်နော် ….  shwekhitonlinetv.com