သစ်ပင်ကို ဖက်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန် တင်ခဲ့တဲ့ အမျိုးသမီး

ဂင်းနစ် ကမ္ဘာ့စံချိိန်တွေကိုတော့ လွန်ခဲ့တဲ့ ၁၉၅၅ ခုနှစ်ကနေစတင်ပြီး မှတ်တမ်းတင်ပြုစုခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်ကစလို့ ကမ္ဘာတစ်လွှာက လူအများအပြားဟာ သူတို့မှာရှိတဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြသခဲ့ပြီး ဂင်းနစ်မှတ်တမ်းစာအုပ်မှာ သူတို့အမည်ပါဝင်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီလိုကြိုးပမ်းကြရာမှာ သူများတွေထက်ထူးခြားဆန်းပြားတဲ့ ကြံကြံဖန်ဖန် နည်းလမ်းတွေနဲ့ ဂင်းနစ်မှတ်တမ်းဝင်အောင် အားထုတ်ခဲ့တဲ့လသူတွေကလည်း အများအပြားရှိနေပါတယ်။shwekhitonlinetv.com

ဒီလို ကြံကြံဖန်ဖန်နည်းလမ်းတွေနဲ့ ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ သူတွေထဲမှာ Adrienne Long ဆိုတဲ့ အမျိုးသမီးတစ်ဦးလည်းပါဝင်ခဲ့ပါတယ်။ သူမက ဘယ်လိုများကြံဖန်ပြီး ဂင်းနစ်စံချိန်တင်ခဲ့သလဲဆိုတာကိုဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် ……shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

Adrienne Long ဟာ အမေရိကန်နိုင်ငံ၊ တင်နက်စီ ပြည်နယ်မှာ နေထိုင်တဲ့သူတစ်ဦးဖြစ်ပြီး မကြာသေးတဲ့ ကာလအတောအတွင်းကမှ သစ်ပင်တစ်ပင်ကို အချိန်အကြာကြီး ဖက်ထားပြီး ဂင်းနစ်စံချိန်ဝင်အောင် ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။shwekhitonlinetv.com

ဒါပေမယ့် ဒီလိုပြုမူဟာ သူမအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း သူမဟာ သစ်ပင်တစ်ပင်ကို မနားတမ်းအချိန် (၈) နာရီ (၁၅) မိနစ် ကြာ ဖက်ထားပြီး ဂင်းနစ်စံချိန်တင်ထားတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် အခုတစ်ခေါက်မှာတော့ သူမရဲ့ စံချိန်ဟောင်းကို ချိုးဖျက်ပြီး စံချိန်သစ်တင်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ Chattanooga ဥယျာဥ်ထဲမှာရှိတဲ့ သစ်ကြားသီးပင်တစ်ပင်ကို အချိန် (၁၀) နာရီ (၅) မိနစ်ကြာ ဖက်ထားကာ သစ်ပင်ကို အချိန်အကြာဆုံး ဖက်ထားနိုင်သော ဂင်းနစ်ကမ္ဘာ့စံချိန် အ သစ် တစ်ခုကို အောင်မြင်စွာ တင်ရှိနိုင်ခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com

သူမအနေနဲ့ သစ်ပင်ကို ပွေ့ဖက်နေစဉ် အတွင်း “ဆာရာ မက်လီ” လို့အမည်ရတဲ့ သူမရဲ့ သူငယ်ချင်းဖြစ်သူက အကများ၊ ယောဂ ကျင့်စဉ်များနှင့် အပျင်းပြေ ကြည့် ရှု လို့ရအောင် ဖျော်ဖြေ ပံ့ပိုးပေးနေခဲ့တယ်လို့လည်းသိရပါတယ်။ နောက်ပြီး ဒီအစီအစဥ်ကို လူမှုကွန်ရက်တွေမှာ Live လွှင့်ပြသခဲ့ပြီး ဒေသတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေရှာနိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com