ပုံမှန်မဟုတ်တဲ့ ထူးထူးဆန်းဆန်း ဓာတ်မတည့်မှုတွေကို ခံစားရသူများ

ဓာတ်မတည့်မှု (Allergie) ဖြစ်တယ်ဆိုတာကိုတော့ လူအတော်များများအနေနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူးကြမှာဖြစ်ပါတယ်။ ဒီလို ဓာတ်မတည့်မှုတွေဟာ တစ်ဦးနဲ့တစ်ဦး တူညီတာတွေ ရှိတက်သလို အများနဲ့မတူတဲ့ ဓာတ်မတည့်မှုတွေကို ခံစားနေရသူတွေလည်းရှိပါတယ်။ အခုဖော်ပြပေးချင်တာကတော့ အတော်လေးကို ထူးဆန်းတဲ့ ဓာတ်မတည့််မှုမျိုးတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ​ရေ

​ဒီကိစ္စကို သင့်အနေနဲ့ ယုံသလား ? မယုံသလား ? ဆိုတာတော့ မပြောတက်ပါဘူး။ ဒါပေမယ့် ရေနဲ့ဓာတ်မတည့်တဲ့သူတွေကတော့ တကယ်ရှိပါတယ်။ ဒီလိုလူတွေဟာ ရေနဲ့ထိလိုက်တာနဲ့ ခန္ဓာကိုယ်အပူချိန်တွေရုတ်ချည်းပြောင်းလဲကုန်ပြီး အင်ပျင်လို၊ ယားနာလိုမျိုး အလာ့ဂျစ် (Allergie) ဖြစ်တော့တာပါပဲ။

ဒါကြောင့်သူတို့အတွက် ပုံမှန် ရေချိုးခြင်း ရေကူးခြင်းတွေ ပြုလုပ်ဖို့တောင် အတော်လေးခက်ခဲမှာဖြစ်ပါတယ်။ ဆေးပညာပိုင်းဆီင်ရာအရလည်း ဒီလိုရှားပါးလှတဲ့ ဓာတ်မတည့်မှုမျိုးကို ကုသနိုင်ဖို့ နည်းလမ်းရှာမတွေ့သေးဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

၂။ လေ့ကျင့်ခန်း

ဒီလို ဓာတ်မတည့်တဲ့ပြဿနာရှိတဲ့သူတွေကတော့ GYM ဆိုတာမျိုးကို ဝေးဝေးရှောင်ရှားရပါလိမ့်မယ်။ သူတို့တွေဟာ အားကစားဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုဖြစ်ဖြစ် ပြုလုပ်တာနဲ့ အလာ့ဂျစ်(Allergie) ဖြစ်ပြီး ကိုယ်ခန္ဓာယားယံလာတာမျိုးအပြင် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုပါ ပြင်းပြင်းထန်ထန် ခံစားတက်ရတယ်လို့သိရပါတယ်။  shwekhitonlinetv.com

အခန့်မသင့်ရင် အသက်အန္တရာယ်တောင်ရှိနိုင်တဲ့ ဓာတ်မတည့်မှုမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေ အတွက်တော့ အားကစားနဲ့လေ့ကျင့်ခန်းကို မပြုလုပ်ဘဲ နေခြင်းဖြင့် ဓာတ်မတည့်မှုကိုရှောင်ရှားနိုင်သလို Antihistamines , Mast Cell Stabilizers လို့ခေါ်တဲ့ ဆေးဝါးတွေနဲ့လည်း ကုသနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

၃။ နေ

လူတစ်ချို့အနေနဲ့တော့ ရံဖန်ရံခါမှာ နေလောင်ဒဏ်ကို ခံစားဖူးကြမယ်လို့ထင်ပါတယ်။ သာမန်လူတွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ပြဿမာတစ်ခုမဟုတ်ပေမယ့် နေရောင်ခြည်နဲ့ဓာတ်မတည့်တဲ့သူတွေအတွက်တော့ ထူးခြားတဲ့ ဝေဒနာတွေခံစားတက်ကြရပါတယ်။ သုတေသီတွေရဲ့ပြောကြားချက်အရတော့ ဒါဟာ သာမန်လူတွေနဲ့ မတူညီဘဲကွဲပြားတဲ့ ကိုယ်ခံစွမ်းအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့်လို့ဆိုပါတယ်။ သူတို့တွေအနေနဲ့ နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့မိတဲ့အခါမျိုးမှာ အရေပြားကယားယံလာတာ၊ အဖုအပိန့်တွေထွက်လာတာ၊ အော်ဂလီဆန်ပြီး ပျို့အန်ချင်တာ၊ ခေါင်းကိုက်တာမျိုးတွေကို ခံစားကြရပါတယ်။ ဒီအတွက်ကာကွယ်ဖို့ဆိုရင်တော့ Suncreen တွေကို အသုံးပြုသင့်ပါတယ်။ shwekhitonlinetv.com

၄။ ရှူးဖိနပ်

တစ်ချို့ အမျိုးသမီးတွေအတွက်တော့ အတော်လေးစိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဓာတ်မတည့်မှုတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရှူးဖိနပ်တွေစီးလို့ အဆင်မပြေတာပဲဖြစ်ပါတယ်။ သူတို့တွေဟာ ဖိနပ်ကိုပြုလုပ်ထားတဲ့ ကော်၊ သားရေ အစရှိတာတွေနဲ့ ဓာတ်မတည့်တက်ကြဘဲ ခြေထောက်ပေါက်တာ၊ ခြေထောက်ရောင်ရမ်းကိုက်ခဲတာ၊ ခြေဖနောင့်အရေပြားအက်ကွဲတာ၊ ယားနာဖြစ်တာ မျိုးတွေကြုံရတက်ပါတယ်။ နောက်ပြီး ​ခြေထောက်ချွေးထွက်ခြင်းကလည်း အခြေအနေကို ပိုမိုဆိုးဝါးစေပါတယ်။ ဒါကြောင့်သူတို့အနေတဲ့တော့ ရှူးဖိနပ်စီးတော့မယ်ဆိုရင် သန့်ရှင်းတဲ့ ခြေစွပ်တွေကို ဝတ်ဆင်ကာ အရင်ဆုံးစမ်သပ်ပြီး စီးကြည့်လို့ အဆင်ပြေမှသာ စီးသင့်ပါတယ်။ shwekhitonlinetv.com

၅။ အတွင်းခံများ

ရှူးဖိနပ်လိုပါပဲ။ အတွင်းခံအဝတ်အစားတွေနဲ့ ဓာတ်မတည့်တဲ့ သူတွေလည်းရှိပါသေးတယ်။ ဒါဟာ တစ်ချို့အတွင်းခံတွေမှာအသုံးပြုထားနဲ့ ဓာတုဗေဒပစ္စည်းတွေ၊ ရက်လုပ်ထားတဲ့ ချည်အသား စတာတွေနဲ့ ဓာတ်မတည့်တာဖြစ်ပြီး အရေပြားကျိန်းစပ်တာမျိုး၊ ယားယံတာမျိုး တွေဖြစ်တက်ပါတယ်။ ဒီလိုမျိုး ဓာတ်မတည့်တဲ့သူတွေအနေနဲ့တော့ ကိုယ်နဲ့လိုက်ဖက်ပြီး သက်တောင့်သက်သာရှိနိုင်မယ့် ချည်သားနဲ့ရက်လုပ်ထားတဲ့ အတွင်းခံမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ shwekhitonlinetv.com

၆။ ချောကလက်

ချောကလက်ကို လူအတော်များများ ကြိုက်နှစ် သက်ကြပေမယ့် တစ်ချို့ကလည်း အနားမှာမထားချင်လောက်အောင်ကို အတော်လေးကို ကြောက်ရွံ့ကြပါသတဲ့။ ဘာ​ကြောင့်လဲဆိုတော့ သူတို့က ချောကလက်နဲ့ ဓာတ်မတည့်တာကြောင့်ဖြစ်ပြီး မစားဘဲမြင်နေရရင်တောင်မှ ခန္ဓာကိုယ်ယားယံတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူကြပ်တာတွေကို ခံစားကြရတယ်လို့ဆိုပါတယ်။ သူတို့ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ အဖြေရှာကြည့်တော့ ချောကလက်ကိုပြုလုပ်ရာမှာပါဝင်တဲ့ ကိုကိုး၊ အခွံမာသီး၊ နို့ နဲ့ အခြားအမွှေးအကြိုင်တွေကြောင့်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com