လူသိ အရမ်းနည်းတဲ့ မြေဖြူခဲရဲ့ အသုံးဝင်ပုံများ

မြေဖြူခဲနဲ့ ဒါတွေလုပ်လို့ ရတယ်ဆိုတာကို လူသိအရမ်းနည်းပါတယ်။ ရွှေခေတ် ပရိတ်သတ်ကြီးအတွက် မြေဖြူခဲရဲ့ အသုံးဝင်ပုံများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ဆီနှင့်အစွန်းများ ချွတ်နိုင်ခြင်း

Shwe Khit ပရိသတ်တွေအနေနဲ့ အစားအသောက်တွေကတစ်ဆင့် ဆီတွေအဝတ်အစားပေါ်စွန်းထင်းတာမျိုးကို ကြုံဖူးလားမသိဘူး။ အဲ့ဒီအတွက် မပူပါနဲ့ မြေဖြုခဲ အနည်းငယ်နဲ့ ဆီတွေစွန်းထင်းနေတဲ့နေရာကို သေချာစွာ ပွတ်ပြီး (၁၀) မိနစ်လောက်အကြာမှာ လျော်ဖွတ်လိုက်မယ်ဆိုရင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အဝတ်အစားပေါ်က အစွန်းတွေပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ shwekhitonlinetv.com

၂။ လက်သည်းများကို တောက်ပြောင်စေခြင်း

မိန်းကလေးတွေအနေနဲ့ ဒီနည်းကိုသိမယ်ဆိုရင် အချိန်ကုန် ငွေကုန်ခံပြီး လက်သည်းအလှပြင်ဆိုင်တွေသွားဖို့လိုတော့မယ်မထင်ပါဘူး။ ပထမဆုံးအနေနဲ့ သွားတိုက်တဲ့သွားပွတ်တံမျိုးနဲ့ မြေဖြူခဲကို ပွတ်တိုက်ပေးရပါမယ်။ ပြီးရင်တော့အဆိုပါ သွားပွတ်တံနဲ့ သင့်ရဲ့လက်သည်းတွေကို တိုက်ချွတ်ပေးမယ်ဆိုရင်တော့ လှပသန့်ရှင်းပြီး ယခင်ထက်တောက်ပြောင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ငွေထည်ပစ္စည်းများကို တောက်ပြောင်စေခြင်း

ဇွန်းခရင်းတွေနဲ့မီးဖိုချောင်သုံးပစ္စည်းတွေ၊ ငွေထည်နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ဟာတစ်ခါတစ်ရံမှာ အမည်းရောင် အစွန်းတွေဖြစ်တက်ပါတယ်။ ဒီလိုမဖြစ်အောင် အဆိုပစ္စည်းတွေကိုသိမ်းဆည်းတဲ့နေရာမှာ မြေဖြူခဲအနည်းငယ်ကိုပါ အတူတွဲသိမ်းထားပေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သတ္တုအများစုကို အမည်းရောင်အစွန်းအထင်းဖြစ်စေနိုင်တဲ့ လေထုထဲကဒြပ်စင်တွေကို မြေဖြုကစုပ်ယူထားနိုင်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ သံချေးများကို သန့်စင်နိုင်ခြင်း

သံနှင့်ပြုလုပ်တဲ့ ပစ္စည်းအများစုဟာ အချိန်ကြာလာတာနဲ့အမျှ သံချေးတက်ခြင်း ဖြစ်ပေါ်တက်ကြပါတယ်။ ဒါပေမယ့် မြေဖြူခဲမှာပါတဲ့ ကယ်လ်ဆီယံကာဘွန်နိတ်က လေထဲမှာပါဝင်တဲ့ဒြပ်စင်တွေနဲ့ ဓာတ်ပြုပြီး သံချေးတေကို တိုက်စားသွားနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကတ်ကြေးလိုအရာမျိုးကို အံချော်တာမျိုးဖြစ်ခြင်းမှလည်း ကာကွယ်နိုင်ပါသေးတယ်။ shwekhitonlinetv.com

၅။ အင်းဆက်ပိုးမွှားများကို ကာကွယ်နိုင်ခြင်း

မိမိရဲ့အိမ်မှာ အစားအစာတွေကို ပုရွက်ဆိတ်တက်လို့ဆိုပြီး စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုရင် ဒီနည်းလေးသုံးကြည့်ပါ။ ဒါကတော့ ပုရွက်ဆိတ်တွေကို စည်းတားပြီး ထောင်လိုသဘောမျိုးနဲ့ထားနိုင်မည့် နည်းပဲဖြစ်ပါတယ်။ မြေဖြူခဲနဲ့ စည်းကို ခပ်ထူထူတားပေးထားမယ်ဆိုရင် သူတို့တွေ အဲ့စည်းကိုကျော်မှာမဟုတ်တော့ပါဘူး။ ဟာသ မဟုတ်ဘူးနော် … မယုံဘူးဆိုရင် ကိုယ်တိုင်စည်းတားပြီး ထိုင်ကြည့်နေပါ။ ထူးခြားမှုကိုသင် မျက်မြင်ကြုံတွေ့ရပါလိမ့်မယ်။ shwekhitonlinetv.com

၆။ အဖြူရောင်အထည်များကို အရောင်ထိန်းပေးခြင်း

တစ်ချို့အဝတ်အစားတွေဟာ စတင်ဝယ်ယူစဉ်က ဖြူဖွေးပြီးနှစ်လိုဖွယ်ကောင်းလှပေမယ့် အချိန်ကြာလာတဲ့အခါမှတော့ ကော်လံတွေဟာ ဝါကျင့်ကျင့်အရောင်ဖြစ်လာတက်ပါတယ်။ အဲ့ဒီအခါမှာ မြေဖြူခဲနဲ့ ကော်လံအနားတွေကို ပွတ်တိုက်ပြီး (၁၀) မိနစ်ခန့်အကြာမှ အဝတ်ကို လျှော်ပေးခြင်းဖြင့် ပြန်လည်ဖြူဖွေးလာစေမှာပါ။ shwekhitonlinetv.com

ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။