မြင်တွေ့ဖို့ မလွယ်ကူတော့တဲ့ ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် (၇) ခု

ရှေးခေတ်အီဂျစ် ၊ ဂရိနှင့် ရောမလူမျိုးတွေဟာ အံသြဘွယ်၊ အနုပညာဗိသုကာ အတက်ပညာတွေနဲ့ ခေတ်မီတဲ့ လူ့ယဉ်ကျေးမှုတစ်ရပ်ကိုပိုင်ဆိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာကြီးမားတဲ့ ရုပ်တုတွေနဲ့ အဆောက်အဦး အများအပြားကိုလည်း တည်ဆောက်ခဲ့ကြပါတယ်။ shwekhitonlinetv.com

အဲ့ဒီထဲကမှ အကျော်ကြားဆုံး (၇) ခုကိုတော့ ရှေးခေတ်ကမ္ဘာ့ အံ့ဘွယ်များအဖြစ် သမိုင်းပညာရှင်များက မှတ်တမ်းတင်ထားကြပါတယ်။

ဒါပေမယ့် လည်း ဒီအရာတွေထဲက အကုန်လုံးနီးပါးဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရပြီး ယနေ့အချိန်မှာတော့ အီဂျစ်ပြည်ကပိရမစ်တွေ သာထင်ထင်ရှားရှား ကျန်ရှိနေပါတော့တယ်။ ဒါကြောင့် ရွှေခေတ်ပရိသတ်ကြီးအတွက် ဒီ ဆောင်းပါးလေးမှာတော့ ပျောက်ကွယ်သွားတဲ့ ရှေးခေတ်ကမ္ဘာ့အံ့ဘွယ် (၇) ခုကို အစုံအလင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ဂီဇာ မှ ပိရမစ်မဟာ (The Great Pyramid of Giza)

အီဂျစ်ပိရမစ်တွေကိုတော့ နိုင်းမြစ်အနောက်ဖက်ကမ်း ဂီဇာ ဒေသမှာ (ဘီစီ ၂၅ရ၅ -၂၄၅ရ) ခန့်လောက်ကကြီးမားတဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့ကြပါတယ်။ အီဂျစ်ပိရမစ်တွေဟာ ကမ္ဘာ့အံဘွယ်ခုနစ်ခုမှာ ရှေးအကျဆုံးဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီပိရမစ်တွေထဲကမှ အကြီးဆုံးပိရမစ်ကို အီဂျစ်ဘုရင် ကူဖူးက လုပ်သား (၁) သိန်းအသုံးပြုပြီး (၁၂) ဧကအကျယ်ရှိတဲ့ နေရာမှာ နှစ် (၂၀) ကြာ တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ပိရမစ်ကြီးဟာ (Great Pyramid) လို့နာမည်ကျော်ကြားခဲ့ပြီး ဒီနေ့အချိန်အထိ တည်ရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဘေဘီလုံမှ ဥယျာဉ်ပျံ (Hanging Gardens of Babylon)

ယနေ့ခေတ် အီရတ်နိင်ငံ၏ နေရာတွင်တည်ရှိခဲ့တဲ့ ဒီဥယျာဉ်ကြီးကိုတော့ မက်ဆိုပိုတေးမီးယားဒေသ ရဲ့ ဘုရင်ဖြစ်တဲ့ နီဘူချက်ဒ်နက်ဇာ (၂) (Nebuchadnezzar II) ကဘီစီ (၆၀၀) ခန့်လောက်ကတည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီ ဥယျာဉ်ထဲမှာတော့ နန်းတော်တွေ၊ မျော်စင်တွေ၊ ရုပ်ထုတွေ၊ လှပတဲ့သစ်ပင် ပန်းမန်တွေရှိခဲ့ပါတယ်။ မြို့ကို နံရံတံတိုင်းများကာရံထားပြီးတချို့နေရာများတွေမှာ အမြင့်ပေ (၃၀၀) လောက်အထိရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ယနေ့အချိန်မှာတော့ သမိုင်းအထောက်ထားအနေနဲ့ အီရတ်နိင်ငံ ယူဖရေးတီးစ် (Euphrates) မြစ်ဝှမ်းတလျှောက်က မြို့ရိုး နံရံများကိုသာတွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီးကတော့ သမိုင်းမှာ အစောဆုံးတည်ဆောက်ခဲ့တဲ့ အကြီးမားဆုံး မြို့ပြယဉ်ကျေးမှုလဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဇုစ် နတ်ဘုရား ရုပ်တု (Statue of Zeus at Olympia)

အရွယ်အစားကြီးမားလွန်းတဲ့ ဒီရုပ်ထုကိုတော့ ဘီစီ (၄၃၅) ခန့် က ဂရိပိသုကာပညာရှင် ဖီဒီးယာ့စ် (Phidias) က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရှေးခေတ် အိုလံပစ်အားကစားပွဲကျင်းပရာ (Olympia) ဒေသအနီးမှာ တည်ရှိပြီး ဂရိနတ်ဘုရား ဇုစ် (Zeus) ထိုင်နေတဲ့ ပုံတူရုပ်ထုဖြစ်ပါတယ်။ shwekhitonlinetv.com

အမြင့်ပေ (၄၀) ထိရှိပြီး ရုပ်ထုကို ရွှေနှင့်ပြုလုပ်ပြီး ခန္ဓာကောက်ကြောင်းကို သားရေတွေနဲ့ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ ရုပ်ထုကို ကြီးမားတဲ့ အဆောက်အဦးထဲမှာ တည်ထားခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီရုပ်ထုကို ရန်သူဘုရင်တွေက ကွန်စတန်တီနိုပယ် (Constantinople) ကိုယူဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ shwekhitonlinetv.com

၄။ အာတီးမစ် ဘုရားကျောင်း (Temple of Artemis at Ephesus)

ဘီစီ ၃၅၆ အချိန်ကတည်ဆောက်ခဲ့တဲ့ဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ဒီအဆောက်အဦးကိုတော့ အမဲလိုက်ဝါသနာပါတဲ့ ဂရိနတ်ဘုရား ဇုစ် (Zeus) ရဲ့ သမီးတော် အာတီးမစ် (Artemis) ကိုဂုဏ်ပြုတဲ့အနေနဲ့ ဂရိတို့က တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အဆောက်အဦးဆောက်လုပ်ပြီး မကြာခင်မျာပဲ မီးလောင်သွားတာကြောင့် အီတလီ ဘုရားကျောင်းဆောင်ပုံစံပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ပြန်လည်တည်ဆောက်ခဲ့တဲ့အဆောက်အဦးဟာ အရှည် (၃၄၂) ပေ အကျယ် (၁၆၄) ပေ အမြင့် (၆၀) ပေရှိပြီး အောက်ခြေကိုကျောက်တုံးများနှင့်တည်ဆောက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

အေဒီ (၂၆၂) မှာတော့ဒီဆောက်အဦး ကိုမြောက်ပိုင်းဒေသက ဂေါ့တ် (Goths) လူမျိုးများတွေကဖျက်ဆီးပစ်ခဲ့တယ်လို့သိရပါတယ်။ ဒီအဆောက်အဦးဟာလည်းအစောဆုံး၊ အထူးခြားဆုံးခေတ်သစ်ဗိသုကာ လက်ရာဖြစ်တာကြောင့် သမိုင်းပညာရှင်များမှရှေးခေတ် ကမ္ဘာ့ အံ့ဘွယ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မာဘယ်ကျောက်တုံး သချိုင်းဂူ (Mausoleum of Halicarnassus)

ဘီစီ (၃၅၃) ကကွယ်လွန်သွားခဲ့တဲ့ဘုရင် မော်ဆိုလပ်စ် (Mausolus) အတွက်လွမ်းဆွတ်ခြင်း အမှတ်တရအနေနဲ့ ဘုရင်မ အာတီမီဆီးယား (Artemisia) ကတည်ဆောက်ပေးခဲ့တဲ့ (သချိင်း ၊ ဂူ) ဖြစ်ပါတယ်။ shwekhitonlinetv.com

ထိုအဆောက်အဦးကိုမာဘယ်ကျောက်တုံးများဖြင့်သာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကျောက်ဆစ်၊ ပန်းပုခေတ်ဦး လက်ရာလည်းဖြစ်တာကြောင့် ရှေးခေတ်ကမ္ဘာ့ အံ့ဖွယ်တစ်ခုအဖြစ်မှတ်သားခဲ့ရဖူးပါတယ်။ အဆောက်အဦးရဲ့ အပေါ်ပိုင်းဟာ ငလျှင်ကြောင့်ပျက်စီးသွားခဲ့ရပြီး တချို့ကိုတော့ အခြားအဆောက်အဦးဆောက်လုပ်ဖို့ သယ်ဆောင်သွားကြတာကြောင့် ဒီကနေ့အချိန်မှာတော့ ကျောက်သားအပိုင်းအစတချို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ ကြေးသွန်း ဟီးလီးယပ် ရုပ်တု (Colossus of Rhodes)

ဂရိတွေဟာ ဘီစီ (၂၈၀) အချိန်လောက်က ၎င်းတို့အပိုင် ရိုးဒက်(Rhodes) ကျွန်းရဲ့ဆိပ်ကမ်းအဝင်အဝမှာ ကြီးမားတဲ့ကြေးရုပ်ထုကြီးတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီကြေးရုပ်တုကတော့ ဂရိတွေရဲ့ ကြီးမြတ်တဲ့ နေနတ်ဘုရား ဟီးလီးယပ် (Helios) ရဲ့ရုပ်တုဖြစ်ပြီးအမြင့် (၁၀၅) ပေ လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီရုပ်တုဟာ ဘီစီ (၂၂၄) လောက်က ငလျှင်ကြောင့်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီရုပ်တုဟာ ကမ္ဘာ့ အစောဆုံးကြေးသွန်းလက်ရာ ဖြစ်တာကြောင့် သမိုင်းပညာရှင်တွေကတော့ ရှေးခေတ် ကမ္ဘာ့အံ့ဘွယ် တစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။

၇။ အလက်ဇန်းဒရီးယား၏ မီးပြတိုက် (Pharos of Alexandria)

ဘီစီ (၂၈၀) အချိန်က အီဂျစ်ဘုရင် ထော်လမီ (၂) (Ptolemy II) ဟာ အီဂျစ်နိင်ငံပင်လယ်ဆိပ်ကမ်းမြို့ အလက်ဇန်းဒရီးယား (Alexandria) အနီးရှိ ကျွန်းတကျွန်းပေါ်မှာ မီးပြတိုက်တစ်ခုကိုတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီမီးပြတိုက်ဟာအမြင့်ပေ (၄၄၀) အထိရှိပြီး ပင်လယ်ထဲမှသင်္ဘောများ မြင်နိုင်ဖို့အတွက် မီးပြတိုက်ရဲ့အမြင့်ဆုံးနေရာကိုတော့ မီးအမြဲရှို့ထားပါတယ်။ အေဒီ (၉၅၅) ခုနှစ်အချိန်မှာ မီးပြတိုက်က မုန်တိုင်း နဲ့ ငလျင်ဒဏ်တွေကြောင့် အသုံးပြုလို့မရအောင် ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အေဒီ (၁၄) ရာစုမှာတော့ ငလျှင်ဒဏ်ကြောင့်ပဲ ကျန်ရှိနေတဲ့ အဆောက်အဦးတွေပါ လုံးဝပျက်စီးသွားခဲ့ပါတယ်။ ဒီမီးပြတိုက်ဟာ ကမ္ဘာ့သမိုင်းမှာတော့ အစောဆုံးတည်ရှိခဲ့တဲ့အကြီးဆုံးမီးပြတိုက်ဖြစ်တာကြောင့် သမိုင်းပညာရှင်တွေက ရှေးခေတ်ကမ္ဘာ့ အံ့ဘွယ်တခုအဖြစ် သတ်မှတ်ထားခဲ့တာလဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။