မြို့တော်တစ်ခုထက် ပိုပြီးရှိတဲ့ ကမ္ဘာ့နိုင်ငံများ

ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ ၁၉၀၀ ပြည့်နှစ်လောက်အထိ နိုင်ငံပေါင်း (၄၀) လောက်သာရှိခဲ့ပါတယ်။

ကမ္ဘာစစ်လိုမျိုး ကြီးကျယ်တဲ့စစ်ပွဲတွေဖြစ်ပွားခဲ့တာတွေ၊ ဗြိတိသျှအင်ပါယာပြိုကွဲတာမျိုးတွေ နဲ့ ဆိုဗီယက်ယူနီယံလို နိုင်ငံကြီးပြိုကွဲခဲ့တာတွေ စတဲ့အဖြစ်အပျက်တွေကြောင့် ၂၀၀၀ ခုနှစ်အရောက်မှာတော့ ကမ္ဘာပေါ်မှာ သီးခြားလွတ်လပ်တဲ့နိုင်ငံပေါင်းက (၂၀၀) လောက်ဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနိုင်ငံတွေထဲက အားလုံးနီးပါးကတော့ နိုင်ငံရဲ့ အစိုးရရုံးတွေရုံးစိုက်ရာနေရာ၊ အုပ်ချုပ်ရေးယန္တရားတွေ စီးပွားရေးအချက်အချာကျတဲ့မြို့ကို နိုင်ငံရဲ့ အဓိကမြို့တော်အဖြစ်သတ်မှတ်ထားကြပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာရှိတဲ့ တစ်ချို့နိုင်ငံတွေကတော့ တရားဝင်သတ်မှတ်ထားတဲ့ မြို့တော်ရယ်လို့မရှိဘဲ အဓိကမြို့တော် (၂) ခုစီရှိနေတာမျိုး၊ မြို့တော်လို့ခေါ်ဆိုနိုင်တဲ့ မြို့တစ်မြို့မှ မရှိတာမျိုးတွေလည်း ထူးထူးခြားခြားရှိနေပါတယ်။ ဘယ်နိုင်ငံတွေကများ ဒီစာရင်းမှာ ပါဝင်နေမလဲဆိုတာကိုတော့ ဒီစာလေးကို ဆက်လက်ဖတ်ရှုပေးပါဦးနော် … shwekhitonlinetv.com

၁။ ဘီနင် (Benin)

Cotonou

အာဖရိကတိုက်က ဘီနင်နိုင်ငံကတော့ လူဦးရေ (၁၇) သန်းကျော်နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဘီနင်နိုင်ငံမှာ အစိုးရရုံးအဖွဲ့တွေအခြေစိုက်ပြီး စီးပွားရေးအချက်အချာကျတဲ့ ခိုတွန်နူ (Cotonou) ဆိုတဲ့ ဆိပ်ကမ်း မြို့ကြီးကိုနိုင်ငံရဲ့ မြို့တော်အဖြစ်သုံးနှုန်းကြသလို

Porto-Novo

ရှေးဟောင်းဗိသုကာလက်ရာတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတွေရှိတဲ့ ပေါ်တိုနိုဗို (Porto-Novo) မြို့ကိုလည်း မြို့တော်အဖြစ် သတ်မှတ်ထားပြန်ပါတယ်။ shwekhitonlinetv.com

၂။ ဘိုလီးဗီးယား (Bolivia)

La Paz

တောင်အမေရိကတိုက်ရဲ့ ဘိုလီးဗီးယားနိုင်ငံကတော့ တောင်ကုန်းတောင်တန်းတွေပေါများလှတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ အင်ဒီးစ်တောင်တန်းတွေရဲ့ အလှကိုမြင်တွေ့ခံစားနိုင်တဲ့ လာပက်ဇ် (La Paz) မြို့က ကမ္ဘာလှည့်ခရီးသွားတွေကို အဓိကဆွဲဆောင်နိုင်တဲ့ နိုင်ငံရဲ့ မြို့တော်အဖြစ် လူသိများကြပေမယ့်

Sucre

အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ မြို့တော်ကတော့ သတ္တုတွင်းတွေ ပေါများပြီး သံဖြူလုပ်ငန်း ထွန်းကားတဲ့ ဆူးခရေး (Sucre) မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ချီလီ (Chile)

Santiago

ချီလီနိုင်ငံကတော့ တောင်အမေရိကတိုက်ရဲ့ ရှည်လျားလွန်းတဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဆန်တီယာဂို (Santiago) မြို့ကတော့ ချီလီနိုင်ငံရဲ့ အချက်အချာအကျဆုံးနဲ့ အကြီးမားဆုံး စီးပွားရေးမြို့တော်ကြီးဖြစ်ပါတယ်။

Valparaíso

ဒါပေမယ့် ပစိဖိတ်သမုဒ္ဒရာရဲ့ နေဝင်ချိန်အလှကို ကောင်းကောင်းကြီးခံစားရှုမြင်နိုင်တဲ့ ဗယ်ပရာဆို (Valparaíso) မြို့ကိုလည်း နိုင်ငံရဲ့ မြို့တော်အဖြစ် လူသိများကြပါတယ်။ shwekhitonlinetv.com

၄။ အိုင်ဗရီကို့စ် (Côte D’Ivoire)

Abidjan

အနောက်အာဖရိကရဲ့ တောင်ပိုင်းကမ်းရိုးတန်း ဒေသမှာတည်ရှိတဲ့ အိုင်ဗရီကို့စ် (Ivory Coast) နိုင်ငံကတော့ လူဦးရေ (၂၆) သန်းကျော် နေထိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့ အမည်ကို အိုင်ဗရီကို့စ် လို့အများစုကခေါ်ကြပေမယ့် တရားဝင်အမည်ကတော့ ကုတ်ဒီအိုင်ဗိုရီ (Côte D’Ivoire) ဖြစ်ပါတယ်။ အစိုးရရုံးစိုက်ရာမြို့ဖြစ်တဲ့ အဘစ်ဂျန် (Abidjan) ကနိုင်ငံရဲ့ အစည်ကားဆုံးနဲ့ အကြီးမားဆုံးမြို့တော် ဖြစ်ပေမယ့်

Yamoussoukro

နောက်ထပ်မြို့တော်အဖြစ်သတ်မှတ်ထားတဲ့ ယာမိုဆူခရို (Yamoussoukro) မြို့တော်လည်းရှိပါသေးတယ်။ (၁၉၆၀) ကနေ (၁၉၉၃) အထိ နှစ်ပေါင်း (၃၀) ကျော် နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ သမ္မတ ဖလစ်ဘွိုင်ဂ်နီ (Felix Boigny) က သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ယာမိုဆူခရိုမြို့ကို နို်င်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ချက် ရီပတ်ဘလစ် (Czech Republic)

Prague

ချက် ရီပတ်ပလစ် ကတော့ ဥရောပအလယ်ပိုင်းက လူဦးရေ (၁၀) သန်းကျော်နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဂေါ့သစ်စပီးယား (Gothic Spires)၊ အနီရောင်ခေါင်မိုးတွေနဲ့ ဘရွတ်ရုဖ်လိုင်း (Baroque Rooflines) တို့လို နာမည်ကျော်အထင်ကရနေရာတွေက ချက်ဇ်ရီပတ်ဘလစ် ရဲ့ မြို့တော်ဖြစ်တဲ့ ပရာ့ဂ် (Prague) မှာတည်ရှိပါတယ်။

Brno

ဒါပေမယ့် ချက် ရီပတ်ဘလစ်ရဲ့ တရားရုံးချုပ် ရုံးစိုက်တဲ့ ဘာနို (Brno) မြို့ကိုလည်းနိုင်ငံ ရဲ့ မြို့တော်အဖြစ်သတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com

၆။ တောင်အာဖရိက (South Africa)

Pretoria

ဒီစာရင်းမှာပါဝင်တဲ့ နိုင်ငံတွေထဲမှာတော့ တောင်အာဖရိကနိုင်ငံက အထူးခြားဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်အာဖရိကနိုင်ငံမှာ ပရီတိုးရီးယား (Pretoria)၊ ကိတ်ပ်တောင်း (Cape Town) နဲ့ ဘလူးမ်ဖွန်တိန်း (Bloemfontein) ဆိုပြီး အဓိကမြို့တော်ကြီး (၃) ခုအထိရှိနေလို့ပဲဖြစ်ပါတယ်။

Cape Town

ကိတ်ပ်တောင်း က နိုင်ငံရဲ့ ဥပဒေပြုမြို့တော်တစ်ခုဖြစ်ပြီး ကျန်အစိုးရဌာနရုံးတွေကို ပရီတိုးရီးယား နဲ့ ဘလူးမ်ဖွန်တိန်း မှာ ခွဲဝေထားရှိတာကြောင့် (၃) မြို့စလုံးကနိုင်ငံရဲ့ အရေးပါတဲ့ မြို့တွေဖြစ်နေပါတယ်။

Bloemfontein

ဒီမြို့တွေထဲကမှ ကမ္ဘာလှည့်ခရီးသွားတွေအနှစ်သက်ဆုံးကတော့ ဧည့်ဝတ်ကျေပွန်လှတဲ့ ဘလူးမ်ဖွန်တိန်း မြို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ နယ်သာလန် (Netherland)

Amsterdam

ဥရောပတိုက်က နယ်သာလန်နိုင်ငံကလည်း သမိုင်းဝင်တူးမြောင်းတွေနဲ့ လှပတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမ်စတာဒမ် (Amsterdam) ကတော့ နိုင်ငံရဲ့ အချက်အချာကျလှတဲ့ မြို့ဖြစ်ပြီး ကမ္ဘာကျော် ဆယ်လီ (Cele) တွေအများအပြား နေထိုင်တဲ့ မြို့လည်းဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရရုံးတွေ၊ အုပ်ချုပ်ရေးယန္တရား တွေနဲ့ တော်ဝင်မိသားစု စံအိမ်တွေတည်ရှိတာကတော့ နောက်ထပ်မြို့တော်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ဟိဂ် (Hague) မြို့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Hague

အခုဖော်ပြခဲ့တာကတော့ နိုင်ငံရဲ့အဓိကမြို့အဖြစ် သတ်မှတ်ထားတဲ့မြို့တော် တစ်ခုထပ်ပိုပြီးရှိတဲ့ အထင်ရှားဆုံး ကမ္ဘာ့နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေအပြင် အာရှက သီရိလင်္ကာ၊ မလေးရှား၊ ယီမင်၊ အာဖရိက က တန်ဇန်းနီးယား၊ ဆွာဇီလန် နဲ့ ဥရောပက မွန်တီနီဂရိုး နိုင်ငံတွေဟာလည်း နိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ မြို့ တစ်မြို့ထပ်မက ရှိနေတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာ တင်ဆက်ရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။