ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံး ဦးနှောက်တွေကို ပိုင်ဆိုင်ထားကြတဲ့ ကလေးငယ် ၅ ဦး

ပရိသတ်ကြီးကို ဒီတစ်ခါမှာတော့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးလို့ မှတ်တမ်းတင်ခြင်းခံရတဲ့ ကလေးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ အခု ပြောပြပေးမယ့် ကလေးလေးတွေဟာ ငယ်စဉ်ကတည်းက ပြိုင်ဘက်ကင်း ဉာဏ်ကောင်းတဲ့သူတွေ ဖြစ်တာကြောင့် ဘယ်သူတွေ ပါဝင်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ Kim Ung-Yong

အခုပထမဦးဆုံး ပြောပြပေးမှာကတော့ ကမ္ဘာ့နံပါတ် ( ၁ ) ဉာဏ်အကောင်းဆုံး ကလေး အဖြစ် စံချိန် တင်ထားသူ တစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ နာမည်ကတော့ Kim Ung-Yong ဖြစ်ပြီး ( ၁၉၆၂ ) ခုနှစ် ၊ မတ်လ ( ၈ ) ရက်တုန်းက ကိုရီးယားနိုင်ငံ မှာ မွေးဖွားခဲ့တာပါ ။ သူဟာ ရှာဖွေတွေ့ရှိသမျှထဲမှာ ဉာဏ်အကောင်းဆုံး ကလေး ဖြစ်တာကြောင့် အသက် ( ၇ ) နှစ် အရွယ်ကတည်းကပင် နာဆာ အဖွဲ့အစည်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ် ။ ဒါ့အပြင် အသက် ( ၁၅ ) နှစ် အရွယ်မှာတော့ Kim ဟာ ရူပဗေဒ နဲ့ သက်ဆိုင်တဲ့ ဒေါက်တာ ဘွဲ့ကို ကော်လိုရာဒို တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ် ။ အခုအခါမှာတော့ Kim ဟာ ပရော်ဖက်ဆာ တစ်ယောက်အဖြစ် Shinhan တက္ကသိုလ်မှာ ကျောင်းသားတွေကို စာသင်ပေးနေပါတယ် ။ shwekhitonlinetv.com

၂ ။ Akrit Jaswal

နောက်ထပ်ပြောပြပေးမှာကတော့ IQ ( 146 ) အထိ ရှိတဲ့ ကောင်လေး တစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ နာမည်ကတော့ Akrit Jaswal ဖြစ်ပြီး အိန္ဒိယနိုင်ငံ သမိုင်းမှာ ဉာဏ်အကောင်းဆုံး ကလေးတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတာပါ ။ Akrit ဟာ အသက် ( ၇ ) နှစ် အရွယ်မှာပင် လက်မှာ အပူလောင်ပြီး ထိခိုက်သွားတဲ့ မိန်းကလေး တစ်ဦးကို ခွဲစိတ်ပေးခဲ့တာပါ ။ ဒါ့အပြင် Akrit ဟာ အိန္ဒိယနိုင်ငံရဲ့ ဆေးတက္ကသိုလ် သမိုင်းမှာ အသက်အငယ်ဆုံး ဘွဲ့ရရှိသူ တစ်ဦး အဖြစ်လည်း မှတ်တမ်းဝင်ထားပါသေးတယ် ။ shwekhitonlinetv.com

၃ ။ Arfa Karim

အခုတစ်ခါ ပြောပြပေးမှာကတော့ Arfa Karim လို့ အမည်ရတဲ့ ပါကစ္စတန် ကျောင်းသူ လေး တစ်ယောက် အကြောင်းပါ ။ Karim ဟာ အသက် ( ၉ ) နှစ် အရွယ်ကတည်းက Mcrosoft ကနေ အသိအမှတ်ပြုထားတဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ ဒီလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ကြောင့်ပဲ သူမဟာ သမ္မတ က နေ ချီးမြှင့်တွေပဲ ဆုကိုပါ လက်ခံရရှိခဲ့ပါသေးတယ် ။ စိတ်မကောင်းစရာကတော့ Karim လေးဟာ အသက် ( ၁၆ ) နှစ် အရွယ်မှာပဲ အသက်ဆုံးပါးသွားခဲ့ပါတယ်တဲ့ ။ shwekhitonlinetv.com

၄ ။ Cleopatra Stratan

ဒီတစ်ခေါက် ပြောပြပေးမှာကတော့ အသက် ( ၃ ) နှစ် အရွယ်တည်းနဲ့ သီချင်းပေါင်း အပုဒ် ( ၁၀၀၀ ) ကျော်ကို အလွတ်ရတဲ့ ကောင်မလေး တစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ သူမရဲ့ နာမည်ကတော့ Cleopatra Stratan ဖြစ်ပြီး အယ်လ်ဘမ် သမိုင်းမှာ အသက်အငယ်ဆုံး အဆိုတော် တစ်ယောက်အဖြစ် အောင်မြင်ခဲ့တာပါ ။ ဒါ့အပြင် Stratan ဟာ သူမ ရဲ့ ထိပ်တန်း သီချင်းဆိုနိုင်စွမ်းတွေကြောင့် MTV ဆု ကို ရရှိခဲ့တဲ့ အပြင် နိုင်ငံရဲ့ နာမည်ကြီး ထိပ်ပိုင်း အနုပညာရှင် စာရင်းမှာလည်း ပါဝင်လို့နေပါတယ် ။ အခုလို အချက်တွေကြောင့်ပဲ Stratan ဟာ ကမ္ဘာ့ဉာဏ်အကောင်းဆုံး ကလေးတွေ စာရင်းထဲက တစ်ယောက် အဖြစ် သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ Gregory R Smith

အခု နောက်ဆုံး ပြောပြပေးမှာကတော့ Gregory R Smith ဆိုသူ အကြောင်းပဲ ဖြစ်ပါတယ် ။ Gregory ကို ( ၁၉၉၀ ) ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ( ၁ ) နှစ် အရွယ် မှာတင် နိုဘယ်ဆုကို လက်ခံရရှိခဲ့သူ တစ်ဦး ဖြစ်ပါတယ် ။ အသက် ( ၁၄ ) နှစ် အရွယ်မှာတော့ သူဟာ စာအုပ်ပေါင်းများစွာကို မှတ်မိနေအောင် အလွတ်ကျက်ပြနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် Georgy ဟာ ဗာဂျီးနီးယား တက္ကသိုလ်ကနေ မာစတာဘွဲ့ ရခဲ့တဲ့ အသက်အငယ်ဆုံး ကလေး တစ်ယောက် အဖြစ်လည်း နာမည်ကြီးခဲ့ပါသေးတယ် ။ နောက်တစ်ချက်က သူ ဟာ nternational Youth Defenders အမည်ရှိ အဖွဲ့တစ်ခုကို တည်ထောင်ပြီး ဒီ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းရှိ လူငယ်များအကြား ငြိမ်းချမ်းရေး နှင့် နားလည်မှုကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံး ဦးနှောက်တွေကို ပိုင်ဆိုင်ထားကြတဲ့ ကလေးငယ် ( ၅ ) ဦး အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com