ဆွဲဆောင်မှုရှိရုံသာမက တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးများ

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကြံ့ခိုင်သန်မာပြီး ချောမောလှပတဲ့ အမျိုးသမီးတွေအကြောင်းကို ပြောပြပေးချင်ပါတယ် ။ ( ၂၀၂၁ ) ခုနှစ်ရဲ့ ရုပ်ရည်ချောမောပြီး အားကောင်းမောင်းသန် အမျိုးသမီးတွေ စာရင်းမှာ ဘယ်သူတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၆ ။ Eva Andressa

ဘရာဇီးလ်နိုင်ငံသူ တစ်ဦးဖြစ်တဲ့ Eva Andressa ပရော်ဖက်ရှင်နယ် bodybuilder တစ်ယောက်ဖြစ်တဲ့အပြင် Fitness မော်လ်ဒယ် အဖြစ်လည်း လုပ်ကိုင်နေသူပါ ။ လက်ရှိမှာတော့ သူမဟာ ကမ္ဘာပေါ်က ဆွဲဆောင်မှု အရှိဆုံး ထိပ်တန်း ( ၁၀ ) ယောက်ထဲက တစ်ယောက်အဖြစ် စာရင်းဝင်ထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ Eva ဟာ သူမရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်ကြောင့် fitness နယ်ပယ်မှာ ထင်ရှားလာခဲ့ပြီး မကြာသေးမီ ကာလတွေမှာတော့ ကမ္ဘာကျော်လာတဲ့ အထိပါ နာမည်ကြီးလာခဲ့ပါတယ် ။ သူမရဲ့ အသက်ကတော့ ( ၃၆ ) နှစ်ရှိပြီ ဖြစ်ပြီး အရပ် ( ၁.၆၃ ) မီတာရှိကာ ကိုယ်အလေးချိန်ကတော့ ( ၆၄ ) ကီလို ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၅ ။ Oksana Grishina

Oksana Grishina ကတော့ နာမည်ကြီး ပရော်ဖက်ရှင်နယ် ရုရှား ကာယကစားသမားဟောင်း တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ နာမည်အကြီးဆုံး အမျိုးသမီးအားကစား စာရင်းထဲမှာလည်း ပါဝင်ထားပါသေးတယ် ။ Grishina ကိုတော့ ( ၁၉၇၈ ) ခုနှစ် ၊ ရုရှားနိုင်ငံ ၊ Kaliningrad မှာ မွေးဖွားခဲ့တာပါ ။ အားကစားသမား ဘ၀တစ်လျှောက်မှာ အောင်မြင်တဲ့ကာလတွေကို ဖြတ်သန်းပြီးတဲ့နောက် ( ၂၀၁၇ ) ခုနှစ် အရောက်မှာတော့ Grishina ဟာ ကစားသမားဘ၀ကနေ အနားယူခဲ့ပါတယ် ။ သူမရဲ့ အသက်ကတော့ ( ၄၃ ) နှစ် ရှိပြီဖြစ်ပြီး အရပ် ( ၁.၆ ) မီတာရှိကာ ကိုယ်အလေးချိန်ကတော့ ( ၅၂ ) ကီလို ရှိပါတယ် ။ shwekhitonlinetv.com

၄ ။ Heidi Vuorela

နောက်ထပ်ပြောပြပေးမှာကတော့ ဖင်လန်နိုင်ငံသူတစ်ဦး ဖြစ်တဲ့ Heidi Vuorela အကြောင်းပဲ ဖြစ်ပါတယ် ။ Heidi ကတော့ fitness မော်လ်ဒယ် တစ်ဦး ဖြစ်ပြီး သူမ အသက် ( ၂၉ ) နှစ် အရွယ်မှာ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်း အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ ။ ဒါ့အပြင် Heidi ဟာ အသက် ( ၁၂ ) နှစ် အရွယ်ကတည်းက ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို စတင် စိတ်ဝင်စားခဲ့တာပါတဲ့ ။ ငယ်စဉ်ကတည်းက ကာယ လေ့ကျင့်ခန်းတွေကို စိတ်ဝင်စားခဲ့တဲ့ သူမဟာ အရွယ်ရောက်လာချိန်မှာတော့ ပရော်ဖက်ရှင်နယ် မော်လ်ဒယ်တစ်ယောက် ဖြစ်လာပြီး ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး bodybuilder စာရင်းထဲ ပါဝင်လာခဲ့ပါတယ် ။ shwekhitonlinetv.com

၃ ။ Rachel Cammon

Rachel Cammon ကတော့ အမေရိကန်နိုင်ငံသူ တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ် bodybuilder တစ်ယောက်အဖြစ် လုပ်ကိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်အပြင် ကြံ့ခိုင်မှုရှိတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး Bodybuilder စာရင်းထဲ ပါဝင်ထားပါတယ် ။ Rachel ရဲ့ အသက်မွေး ဝမ်းကြောင်း စတင်ပုံကတော့ ကာယ အလှမယ် နယ်ပယ်ကို စိတ်ဝင်စားရာကနေ စတင်ပြီး လုပ်ဖြစ်သွားခဲ့တာပါ ။ လက်ရှိမှာတော့ သူမရဲ့ အသက်ဟာ ( ၃၁ ) နှစ် ရှိပြီး အရပ် ( ၁.၆၅ )မီတာ ရှိကာ အလေးချိန်ကတော့ ( ၆၃ ) ကီလို ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၂ ။ Sarah Backman

ဒီ တစ်ခါပြောပြပေးမှာကတော့ ဆွီဒင်နိုင်ငံသူ တစ်ဦး ဖြစ်တဲ့ Sarah Backman ဆိုသူ အကြောင်းပဲ ဖြစ်ပါတယ် ။ သူမဟာ ပရော်ဖက်ရှင်နယ် bodybuilder ၊ fitness မော်လ်ဒယ် ၊ နပန်းကစားသမား ဟောင်း နဲ့ အိမ်ခြံမြေ အကျိုးဆောင် စတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်တဲ့ ။ သူမရဲ့ နပန်းကစားသမား ဘ၀ က သိပ်မကြာခဲ့ပေမယ့် လက်မောင်းလှဲ ပြိုင်ပွဲတွေမှာတော့ ချန်ပီယံ အဖြစ် ( ၈ ) ကြိမ်အထိ ဗိုလ်ဆွဲထားနိုင်သူ တစ်ယောက်ပါ ။ လက်ရှိမှာတော့ Sarah ရဲ့ အသက်ဟာ ( ၂၉ ) နှစ်သာ ရှိသေးပြီး အရပ် ( ၁.၇၃ ) မီတာ ရှိကာ ကိုယ်အလေးချိန်ကတော့ ( ၇၈ ) ကီလို ရှိပါတယ် ။ shwekhitonlinetv.com

၁ ။ Jennifer Rish

အခုနောက်ဆုံး ပြောပြပေးမှာကတော့ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး bodybuilder စာရင်းရဲ့ ထိပ်ဆုံးနေရာက Jennifer Rish ဆိုသူ အကြောင်းပဲ ဖြစ်ပါတယ် ။ အမေရိကန်နိုင်ငံသူ တစ်ဦးဖြစ်တဲ့ jeniffer ဟာ ( ၂၀၁၀ ) ခုနှစ်မှာ သူမရဲ့ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်းကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး တဖြည်းဖြည်း အောင်မြင်လာခဲ့ပါတယ် ။ ဒါ့အပြင် သူမဟာ ပြည့်စုံလှပတဲ့ ကာယအလှမယ် ဖြစ်ဖို့အတွက် အချိန်အများစုကို gym ကစားရင်းနဲ့သာ ကုန်ဆုံးခဲ့ပါတယ်တဲ့ ။ Jeniffer ရဲ့ အသက်ကတော့ ( ၄၁ ) နှစ်ရှိပြီ ဖြစ်ပြီး အရပ်ကတော့ ( ၅ ပေ ၃ လက်မ ) ရှိကာ ကိုယ်အလေးချိန်ကတော့ ( ၆၁ ) ကီလို ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး Bodybuilder ထိပ်တန်း စာရင်းထဲ ပါဝင်သူတွေကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply