အသက်ငယ်ငယ်လေးနဲ့ သန်းကြွယ်သူဌေး ဖြစ်နေကြတဲ့ လူငယ်များ

ရွှေခေတ်ပရိသတ်တွေကိုအခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ငယ်ငယ်ရွယ်ရွယ်ကတည်းက လူသိများကျော်ကြားပြီး သန်းကြွယ်သူဌေးလေးတွေ ဖြစ်နေကြတဲ့ သူတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လောက်အသက်အရွယ်လေးနဲ့ ဘယ်လိုချမ်းသာနေကြသလဲဆိုတာကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com

၁၀။ Ryan ToysReview – (၇) နှစ်

Ryan ကတော့ Youtuber တစ်ယောက်ဖြစ်ပြီးသူ့ရဲ့ Youtube Channe မှာ ကစားစရာအရုပ်လေးတွေအကြောင်း Review Video လေးတွေ တင်ပေးနေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Ryan ToysReview Channnel က YouTube ရဲ့အကြီးဆုံး Channel တွေထဲကတစ်ခုဖြစ်ပြီး ကြော်ငြာဝင်ငွေတစ်ခုတည်းနဲ့ တစ်လကို ဒေါ်လာ (၁) သန်းလောက်ရရှိနေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ MattyBRaps – (၁၄) နှစ်

MattyBRaps ကတော့ အဆိုတော်၊ တေးရေး နဲ့ ဂီတဖန်တီးသူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ (၇) နှစ်လောက်ကတည်းက Youtube မှာ Remix သီချင်း Video တွေဖန်တီးနေတာဖြစ်ပါတယ်။ Youtube Channel ထောင်ပြီး (၄) နှစ်အကြာမှာတော့ သူ့ရဲ့ Video တွေဟာကြည့်ရှုသူ သန်း (၁၀၀၀) ပြည့်ခဲ့ပါတယ်။ ဒါကြောင့်သူ့ရဲ့ လစဥ်ဝင်ငွေကလည်း ဒေါ်လာသန်းနဲ့ချီရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Matty ရဲ့အသက်ဟာ (၁၈) နှစ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Rashed Saif Belhasa – (၁၅) နှစ်

သူကတော့ ဒူဘိုင်းကအချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပါတယ်။ သူ့မှာ ဖာရာရီကားတစ်စီးရှိပေမယ့် လိုင်စင်လျှောက်ဖို့အသက်ငယ်လွန်းနေတာကြောင့် ယာဥ်မောင်းတစ်ဦးခန့်ထားရပါတယ်။ shwekhitonlinetv.com

၇။ Nick Jonas – (၂၅) နှစ်

နာမည်ကျော် Jonas Brothers တေးဂီတအဖွဲ့က တစ်ယောက်ဖြစ်တဲ့ Nick Jonas ကတော့နောက်ပိုင်းမှာ သရုပ်ဆောင်လိုင်းဘက်ကိုသွားနေပါတယ်။ သူကလည်း အသက် (၂၅) နှစ်အောက် အချမ်းသာဆုံးသူတွေစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ် shwekhitonlinetv.com

၆။ Nick D’aloisio – (၂၁) နှစ်

D´aloisio ကတော့ Summly ဆိုတဲ့ App ကိုဖန်တီးရေးဆွဲထားတဲ့သူလို့သိရပါတယ်။ အင်တာနက်ပေါ်မှာတော့ သူ့ရဲ့ App ကိုအသုံးပြုသူအများအပြားရှိနေပြီး ဝင်ငွေသန်းချီရနေတဲ့ ချာတိတ် တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Rico Rodriguez – (၁၉) နှစ်

အသက် (၈) နှစ်သားအရွယ်ကတည်းက သရုပ်ဆောင်လောကထဲရောက်နေတဲ့ Rico ကတော့ လက်ရှိအချိန်မှာတော့ နာမည်ကျော် TV Show တွေမှာ လူကြိုက်များတဲ့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်လို့နေပါပြီ။ shwekhitonlinetv.com

၄။ Tanner Fox – (၁၇) နှစ်

Tanner Fox ကတော့ Youtbue Star တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ် Scooter Stunt သမားတစ်ဦးအဖြစ်လည်းလုပ်ကိုင်ပါတယ်။ စွန့်စားရတာကြိုက်တဲ့ Fox ဟာ Skydiving နဲ့ ယဥ်မျိုးစုံကို စတန့်ထွင်စီးပြထားတဲ့ Video တွေကို သူ့ရဲ့ Youtune Channel မှာတင်လေ့ရှိပြီး Subscribers (၆) သန်းကျော်ရှိတဲ့သူဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး Fox ဟာ Instagram မှာလည်း Followers (၃) သန်းကျော်ရှိတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Mark Thomas – (၁၆) နှစ်

Instagram နဲ့ Tik Tok တို့်မှာ Cele တစ်ဦးဖြစ်တဲ့ Mark Thomas ကတော့ Instagram မှာ Followers (၁) သန်းနီးပါးရှိတဲ့သူဖြစ်ပါတယ်။ သူဖန်တီးထားတဲ့ Video တွေဟာ ဆိုရှယ် App တော်တော်များများမှာ တွေ့မြင်နိုင်ပြီး ဝင်ငွေကောင်းလှတဲ ဆယ်ကျော်သက်တစ်ဦးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Jacob Sartorius – (၁၅) နှစ်

Jacob Sartorius ကတော့ အမေရိကန်ဆယ်ကျော်သက် အဆိုတော်နဲ့ Social Influencer တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင် Music App အတော်များများနဲ့ Social App တွေမှာ သူ့ရဲ့ Video တွေကို တွေ့မြင် နိုင်တဲ့အထိကို ပေါက်ရောက်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Valentina Paloma Pinault , (၁၀) နှစ်

Valentina Paloma Pinault ကတော့ နာမည်ကြီး မင်းသမီး Salma Hayek ရဲ့သမီးဖြစ်ပါတယ်။ သူမဟာ ငယ်ရွယ်ပေမယ့်လည်း အလွန်ကျော်ကြားပြီးတော့ ဒေါ်လာ (၁၂) သန်းတန် အိမ်ကြီးကို ပိုင်ဆိုင်ထားပါတယ်။ သန်းကြွယ်သူဌေးမိသားစုကနေပေါက်ဖွားဆင်းသက်လာတော့လည်း သန်းကြွယ်သူဌေးမလေးဖြစ်တာဆန်းတော့မဆန်းပါဘူးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။