အသက် (၉၅) နှစ်အရွယ်အဘွားအိုကို သူ့ရဲ့ဆန္ဒအတိုင်း နေ့စဥ် ကမ်းခြေကိုသယ်ဆောင်သွားပေးခဲ့တဲ့ ကမ်းခြေစောင့်အဖွဲ့

အသက် ၉၅ နှစ်အရွယ် အဘွားအိုတစ်ဦးကို သူ့ရဲ့ဆန္ဒအတိုင်း ကမ်းခြေကို နေ့စဥ်ပို့ဆောင်ပေးနေတဲ့ ကမ်းခြေစောင့် အဖွဲ့တစ်ဖွဲ့ဟာ သူတို့ရဲ့ ကြင်နာတတ်တဲ့ အပြုအမူအတွက် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ချီးကျူးခံနေရပါတယ်။ shwekhitonlinetv.com

အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ်၊ ချန်ဒယ်လာမှာနေထိုင်တဲ့ Kimberly Waterbury နဲ့ သူမရဲ့လအသက် (၉၅) နှစ်အရွယ် မိခင် Dottie Schneider တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ Gulf Coast မှာရှိတဲ့ Orange City ကို အပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ကမ်းခြေရောက်တဲ့အခါမှာတော့ Schneider ဟာ ဘီးတပ်ကုလားထိုင်ကို အသုံးပြုနေရတာကြောင့် သဲထဲမှာသွားဖို့အဆင်မပြေဘဲ ကမ်းခြေရဲ့အရသာကို ထိတွေ့ခံစားဖို့အခက်တွေ့နေခဲ့ပါတယ်။ ဒါပေမယ့်သူမတို့ဟာ ကံကောင်းစွာနဲ့ပဲ Orange Beach ကမ်းခြေစောင့်အဖွဲ့ရဲ့ ထင်မှတ်မထားတဲ့ အကူအညီကို ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

ကမ်းခြေတစ်လျှောက်ကင်းလှည့်နေတဲ့ လုံခြုံရေး အစောင့်တစ်ဦးဟာ Waterbury နဲ့ Schneider တို့သားအမိကိုတွေ့ရှိသွားပြီး အစောင့်က သူမကို သူ့ရဲ့ကမ်းခြေကင်းလှည့်ယာဉ်မှာ စီးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အစောင့်က သူမတို့ကို ဖုန်းနံပါတ် ပေးခဲ့ပြီး မနက်တိုင်းကမ်းခြေသွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာနဲ့ အစောင့်တွေကို ဖုန်းဆက်အကြောင်းကြားပေးဖို့ မှာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ ကမ်းခြေစောင့်အဖွဲ့ဟာ Schneider ကို တစ်ပတ်တိတိ နေ့စဥ်ကမ်းခြေအရောက်သယ်ဆောင်သွားပေးခဲ့ပြီး ကမ်းခြေရဲ့အရသာကို အပြည့်အဝခံစားစေခဲ့ပါတယ်။ Waterbury ကတော့ “Orange Beach Surf Rescue” မှာရှိတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်လျက်ရှိပြီး Fox News ကိုပြောပြခဲ့တာကြောင့် ဒီသတင်းဟာ လူမှုကွန်ယက် မီဒီယာတွေမှာ တမဟုတ်ခြင်းပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအဖြစ်အပျက်ရဲ့နောက်ဆက်တွဲအဖြစ် Orange Beach ကမ်းခြေစောင့်အဖွဲ့ရဲ့ ဝန်ထမ်းတွေဟာ ရာထူးတက်သွားကြတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

ဒါဟာ ကိုယ်ပြုခဲ့တဲ့ကံက ကိုယ့်ထံပြန်ဆိုသလိုပဲစေတနာက ပြန်ပြီးအကျိုးပေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply