မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာကြောင့် အမှားမှား အယွင်းယွင်းဖြစ်ခဲ့ရသူတွေရဲ့ ဟာသအလွဲများ

ဘဝမှာ မျှော်လင့်ထားသလို မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခိုက်အတန့်တွေကို ကျွန်တော်တို့အားလုံး ကြုံဖူးကြမှာပါ။ တချို့အမှားအယွင်းတွေကြောင့် စိတ်ညစ်ညူးရသလို တချို့အမှားအယွင်းတွေကြောင့်လည်း ရယ်ရယ်မောမောနဲ့ အဆုံးသတ်ခဲ့ရတဲ့နေ့ရက်တွေ ရှိမယ်ထင်ပါတယ်။ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ညီတာကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ရယ်စရာအလွဲများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ထင်သလိုမဖြစ်ခဲ့တဲ့ ခြင်္သေ့

ခြင်္သေ့ပုံစံတက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ လိုချင်တဲ့ပုံစံကတော့ ဘယ်ဘက်ကပုံစံဖြစ်ပြီး တကယ်တမ်း တက်တူးထိုးလိုက်တဲ့အခါမှာတော့ ညာဘက်ကပုံစံထွက်ပေါ်လာခဲ့တာပါ။ အသားပေါ်မှာ အမြဲတမ်းဆွဲထင်သွားမယ့် တက်တူးတခုဟာ အခုလို မှားယွင်းခဲ့တာကြောင့် တော်တော်ကို စိတ်ညစ်ခဲ့ရမယ် ထင်ပါတယ်။ shwekhitonlinetv.com

၂။ Baby Shark do do

ငါးမန်းဝတ်စုံကို အွန်လိုင်းရှော့ကနေ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပြသပြီး ရောင်းချခဲ့တုန်းကတော့ ဘယ်ဘက်ကပုံထဲကအတိုင်းဖြစ်ပြီး တကယ်တမ်းအိမ်ရောက်လာတဲ့အခါမှာတော့ ညာဘက်ကပုံအတိုင်း ဆိုးဝါးနေတာကို တွေ့မြင်ရမှာပါ။ ဒါ့ကြောင့် အွန်လိုင်းမှာ မြင်တွေ့ရတိုင်း အယုံမလွယ်ဖို့ အရေးကြီးပါတယ်။ shwekhitonlinetv.com

၃။ မျှော်မှန်းသလိုဖြစ်မလာတဲ့ မုန့်

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ မျှော်လင့်သလို ဖြစ်မလာတဲ့အရာတွေထဲမှာ အစားအသောက်အမှားအယွင်းကလည်း ဆိုးဝါးလွန်းပါတယ်နော်။ ဘယ်ဘက်ကပုံစံအတိုင်း မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဖြစ်သလိုလုပ်ထားတဲ့ မုန့်ကို ဝယ်ခဲ့မိတာပါ။ shwekhitonlinetv.com

၄။ ကလေးတွေရဲ့ အိမ်မက်ကို ဖျက်ဆီးတဲ့အရုပ်

ပုံမှာ ပြထားသလို လှပတဲ့ရေသူမအရုပ်လို့ ထင်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဆိုးဝါးလွန်းတဲ့ အရုပ်ကိုပဲ ရရှိခဲ့ပါတယ်။ ကလေးတွေကတော့ လှပတဲ့ အရုပ်လေးရဖို့ ဝယ်ယူခဲ့ကြပေမယ့် အဆုံးသတ်မှာတော့ မျှော်လင့်ထားသလို မဖြစ်ခဲ့ကြပါဘူး။ shwekhitonlinetv.com

၅။ ပိတ်ထားတဲ့ မီးဖိုထင်ပြီး လက်နဲ့ထိမိတဲ့အခါ

ပုံမှာတွေ့မြင်ရတဲ့ လက်ကတော့ မီးဖိုကို ဖွင့်ပြီး အပေါ်ကနေ လက်နဲ့ဖိမိခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာပဲ ဖြစ်ပါတယ်။ တနေ့တာ ကြုံတွေ့ရတဲ့ အမှားမှားအယွင်းယွင်းတွေကြောင့် ဒီလိုအလွဲတွေနဲ့လည်း ကြုံရနိုင်ပါတယ်နော်။ shwekhitonlinetv.com

၆။ မိန်းကလေးတွေအတွက် အိမ်မက်ဆိုး

ယနေ့ခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အိမ်ထဲက အိမ်ပြင်မထွက် စျေးဝယ်နိုင်ပါတယ်။ ဒါပေမယ့် အွန်လိုင်းစျေးဝယ်ရတဲ့အခါ ကောင်းကျိုးတွေလည်းရှိသလို ဆိုးကျိုးတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ အွန်လိုင်းကနေ မှာထားတဲ့ ဝတ်စုံနဲ့ တကယ်ရလာတဲ့ ဝတ်စုံနဲ့ ဘယ်လိုမှကို မတူညီပဲ ဆိုးရွားတဲ့ဒီဇိုင်းကို ရရှိခဲ့တာဖြစ်ပါတယ်။ တကယ့်ကို မိန်းကလေးတွေအတွက်တော့ ဒီလိုအဖြစ်အပျက်ဟာ အိမ်မက်ဆိုးတခုလိုပဲ ဖြစ်မယ်ထင်ပါတယ်။ shwekhitonlinetv.com

၇။ ငါးခေါင်းအုံး

ချစ်စရာကောင်းပြီး တကယ့်ငါးအစစ်နဲ့မခြား တူညီတဲ့ ခေါင်းအုံးအိအိလေးကို အွန်လိုင်းကနေ မှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းရရှိခဲ့တဲ့ အခါမှာတော့ အရောင်အသွေးမလှပတဲ့ ငါးခေါင်းအုံးကို ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၈။ မီးဖိုချောင်တခုလုံး မီးဆွဲစေသူ

စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့နေ့ရက်တွေဆိုတာ လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။ စိတ်နဲ့ကိုယ် မကပ်တာကြောင့် အမှားယွင်းပေါင်းများစွာ ကြုံတွေ့ရတတ်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ မီးလောင်နေတဲ့ မီးဖိုချောင်ကတော့ အာလူးကြော်ရင်း မီးဖိုမပိတ်ပဲ ထားခဲ့မိတာကြောင့် အခုလို ဖြစ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်နဲ့လူနဲ့ မကပ်တဲ့ရက်တွေမှာဆိုရင် ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေးထိုင်နေတာ အကောင်းဆုံးပါပဲနော်။ shwekhitonlinetv.com

၉။ ရယ်ရမလို ငိုရမလို ဖြစ်စေခဲ့တဲ့ Mask

နာမည်ကြီး Night King mask တခုကို အွန်လိုင်းရှော့ပ်တခုကနေ မှာယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အရှိန်အဝါကြီးတဲ့ Night King mask နဲ့မတူပဲ ဖြစ်သလိုလုပ်ထားတဲ့ Mask တခုသာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၁၀။ မှန်တွေနဲ့ ဟိုတယ်ရေချိုးခန်း

တချို့သောဟိုတယ်တွေရဲ့ ရေချိုးခန်းတွေဟာ မှန်တွေနဲ့သာ ကာရံထားပြီး အတွင်းကို ရှင်းရှင်းလင်းလင်း ဖောက်ထွင်းမြင်နေရတတ်ပါတယ်။ လင်မယားစုံတွဲတွေ ငှားရမ်းတဲ့အခါ ပြဿနာမရှိနိုင်ပေမယ့် သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ အတူနေမယ်ဆိုရင်တော့ သေချာပေါက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အခန်းကို လုပ်ဖော်ကိုင်ဖက်နှစ်ဦး အလုပ်ကိစ္စကြောင့် ခရီးအတူသွားရင်း ငှားရမ်းမိခဲ့တာ ဖြစ်ပါတယ်။ တကယ်ကို ဆိုးဝါးလွန်းတဲ့ နေ့ရက်ကို ဖြတ်သန်းခဲ့ရမှာပါနော်။ shwekhitonlinetv.com

၁၁။ နေလောင်ခြင်း

နေပူလောင်တတ်တဲ့နေရာတွေကို သွားမယ်ဆိုရင်တော့ ဖိနပ်အမျိုးအစားကို သေချာစဥ်းစားပြီးမှ ဝတ်ဆင်သင့်ပါတယ်နော်။ ပုံမှာတွေ့မြင်ရတာကတော့ အပေါက်လေးတွေပါတဲ့ဖိနပ်ကို နေပူနေတဲ့အချိန်မှာ စီးမိတာကြောင့် နေလောင်သွားခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ အိမ်သုတ်ဆေးဘူးရဲ့ဖြစ်အင်

ဆိုးဝါးလှတဲ့ နေ့တနေ့ကို ရင်ဆိုင်ခဲ့ရကြောင်း ပုံကိုကြည့်လိုက်တာနဲ့ ခံစားမိမှာပါ။ အိမ်သုတ်ဆေးဘူးကို ကားနောက်ခန်းမှာ ထည့်ပြီးကားမောင်းတာကြောင့် ရုတ်တရက်မှောက်ကျခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ အရပ်ရှည်သူရဲ့ အဖြစ်ဆိုး

ပုံမှာတွေ့ရတဲ့ ယောကျ်ာလေးကတော့ ကစားကွင်းတခုမှာ မိုးပျံရထားစီးဖို့အတွက် ၂ နာရီကြာအောင် ရပ်စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ၂ နာရီကြာအောင် ရပ်စောင့်ပြီးနောက်မှ မိုးပျံရထားကို သူ့အရပ်အမြင့်ကြောင့် စီးနင်းခွင့်မပြုကြောင်း သိရှိခဲ့ရပါတယ်။ အချိန် ၂ နာရီစာ ဖြုန်းတီးမိခဲ့ပြီးနောက်မှာတော့ မျှော်လင့်ထားသလို မဖြစ်ခဲ့တာကြောင့် တကယ့်ကို စိတ်ညစ်ခဲ့ရမယ့် အဖြစ်အပျက်ပါပဲ။ shwekhitonlinetv.com

၁၄။ ဖိနပ်တဖက်စီ မှားစီးမိခဲ့သူ

ဒီဇိုင်းမတူတဲ့ ဖိနပ်တဖက်စီစီးပြီး အလုပ်သွားခဲ့မိတာပဲ ဖြစ်ပါတယ်။ အလုပ်နဲ့ အိမ်နဲ့ကလည်း ဝေးလွန်းတာကြောင့် အိမ်ပြန်ပြီးဖိနပ်ပြန်လဲဖို့ အဆင်မပြေခဲ့ပဲ တနေ့တာလုံး မှားယွင်းနေတဲ့ ဖိနပ်နဲ့ နေခဲ့ရတာပါ။ တော်သေးတာတခုကတော့ ဖိနပ်ဒီဇိုင်း မတူညီပေမယ့် အနက်ရောင်ဆင်တူဖြစ်နေတဲ့အတွက် ဖြေသာနိုင်ပါတယ်။ shwekhitonlinetv.com

၁၅။ ကြေကွဲခဲ့ရတဲ့နေ့ရက်

ပိုင်ကိတ်မုန့် လှလှလေးပြုလုပ်နိုင်ခဲ့လို့ စိတ်ကျေနပ်ခဲ့ရတဲ့ နေ့ရက်တခု ဖြစ်ခဲ့မှာပါ။ ဒါပေမယ့်လည်း သိပ်မကြာခင်အချိန်မှာပဲ အလှဆုံးပြုလုပ်ထားတဲ့မုန့်လေးဟာ ပြုတ်ကျခဲ့တာပါတယ်။ တကယ်ကို ကြေကွဲရတဲ့နေ့ရက်ပါပဲနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။