အာရှတိုက်က မြောက်ကိုရီးယားထက်ပိုဆိုးတဲ့ အာဏာရှင်နိုင်ငံ

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအပိုင်းမှာဆိုရင် ကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံဟာ အတော်လေးကိုကျော်ကြားလှပါတယ်။ ဒါပေမယ့် အချက်အလက်တွေနဲ့ သတင်းတွေအရဆိုရင်တော့ မြောက်ကိုရီးယားထက် ပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ နိုင်ငံတစ်နိုင်ငံရှိနေပါတယ်။ shwekhitonlinetv.com

အဲ့ဒီနိုင်ငံကတော့ ဗဟိုအာရှဒေသက တာ့ခ်မင်နစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲတဲ့အချိန်မှာ ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့သီးခြားခွဲထွက်သွားခဲ့တဲ့ နိုင်ငံပေါင်းများစွာထဲက တစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီအချိန်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ သမ္မတအဖြစ် Saparmurat Niyazov ကတာဝန်ယူခဲ့ပြီး သူ့ရဲ့ရက်စက်ကြမ်းကြုတ်ပြီး ထူးဆန်းတဲ့ဥပဒေတွေနဲ့ အုပ်ချုပ်မှုအောက်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကိုရောက်ရှိပြီး အထီးကျန်ခဲ့ရပါတယ်။ shwekhitonlinetv.com

သတင်းမီဒီယာလွတ်လပ်ခွင့်လုံးဝမရှိသလို ရှိတဲ့သတင်းမီဒီယာတွေအားလုံးကိုလည်းအစိုးရကပဲ ကြိုးကိုင်ထိန်းချုပ်ထားတာယနေ့အချိန်ထိပဲဖြစ်ပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံခြားအခြေစိုက်သတင်းဋ္ဌာနတွေက သတင်းသမားတွေကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ပြည်ပကဘယ်သတင်းထောက်ကိုမဆို နိုင်ငံထဲပေးမဝင်ပါဘူး။ shwekhitonlinetv.com

နောက်ပြီးနိုင်ငံအတွင်းက ပြည်သူတွေကိုလည်း နိုင်ငံပြင်ပကိုထွက်ခွင့်မပေးခဲ့ပါဘူး။ ဒီနေ့အချိန်ထိတောင်မှ တာ့ခ်မင်နစ္စတန်ပြည်သူတွေဟာ ဖေ့ဘုတ်၊ ယူကျု၊ အင်စတာဂရမ်၊ တွစ်တာ စတဲ့ကမ္ဘာကျော်လူမှုကွန်ရက် ပလက်ဖောင်းတွေကို ထိတွေ့အသုံးပြုခွင့်မပေးထားဘူးလို့သိရပါတယ်။ shwekhitonlinetv.com

ကုန်ကုန်ပြောရရင် ရုရှားလိုနိုင်ငံရဲ့ VK တောင်ပေးမသုံးဘဲဆင်ဆာဖြတ်ပိတ်ပင်ထားတာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုမှုရဲ့ (၁၅) ရာခိုင်နှုန်းလောက်ကိုသာ ပြည်သူတွေကိုအသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါက တခြားပြင်ပ ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်တောက်တဲ့အပိုင်းဖြစ်ပြီး ပိုဆိုးတဲ့လုပ်ရပ်တွေက အခုမှလာမှာပါ။ shwekhitonlinetv.com

အာဏာရှင်တွေရဲ့ထုံးစံအတိုင်း သူ့ကိုယ်သူအနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ယောက်လို ဘဝင်ရူးရူးနေပြီး နာမည်ကိုတောင် Turkmenbasy လို့ပြောင်းပစ်ခဲ့တာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တာ့ခ်မန်နစ္စတန်လူမျိုးအားလုံးရဲ့ ဖခင် ဖြစ်ပါတယ်။ မြို့လယ်ခေါင်မှာလည်း သူ့ရဲ့ပုံတူရွှေရုပ်တုကြီးထုလုပ်ထားပါသေးတယ်။ shwekhitonlinetv.com

မြို့တော် Ashgabad မှာဆိုရင်လည် အဖြူရောင်မာဘယ်ကျောက်တွေ၊ ရွှေတွေနဲ့ အလှဆင်ပြီး အဆောက်အဦးတွေအများကြီးကို ဆောက်လုပ်ထားပါတယ်။ ဒါပေမယ့် ဒါတွေဟာ နိုင်ငံတကာကို ဝါဒဖြန့်ဖို့နဲ့ အလှသက်သက်လောက်သာဖြစ်ပြီး ဒီအဆောက်အဦးတွေအတွင်းမှာ နေထိုင်သူတစ်ယောက်မှမရှိပါဘူး။ နိုင်ငံသားတွေအနေနဲ့လည်း အဲ့ဒီမြို့လည်ခေါင်နေရာကို ဖြတ်သန်းသွားလာခွင့်မရှိပါဘူး။ shwekhitonlinetv.com

ရက်တွေ လတွေ နှစ်တွေ ကိုလည်းခေါ်ဝေါ်တဲ့အမည်တွေလျှောက်ပြောင်းခဲ့သလို စာအုပ်တစ်အုပ်ကိုလည်း ကိုယ်တိုင်ရေးသားထားပါသေးတယ်။ ဒီစာအုပ်ရဲ့ နာမည်ကတော့ Ruhnama လို့အမည်ရပြီး အင်္ဂလိပ်ဘာသာနဲ့ဆိုရင်တော့ “Book of the Soul” လို့အဓိပ္ပါယ်ရပါတယ်။ shwekhitonlinetv.com

ဒီစာအုပ်ကိုသူ့ဘာသာရေးပြီး အငြိမ်နေရင်တော့ကိစ္စမရှိပေမယ့် ကျောင်းတွေရဲ့သင်ရိုးညွှန်းတွေမှာပါ သူ့ရဲ့စာအုပ်ကို မသင်မနေရလို့ အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပါဝင်တာက တာ့ခ်မင်နစ္စတန်ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့အကြောင်းအရာကို ဗန်းပြပြီးဝါဒဖြန့်ချိရေး အကြောင်းအရာတွေသာ ပါဝင်တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အစိုးရဝန်ထမ်းတွေဆိုရင် ဒီစာအုပ်ထဲကအကြောင်းအရာတွေကို အလွတ်ရနေရမှာဖြစ်ပြီး အလုပ်အင်တာဗျူးတွေမှာပါ ဘာမဆိုင်ညာမဆိုင် ဒီထဲကအကြောင်းအရာတွေကို စစ်ဆေးမေးမြန်းဖို့အတွက် ဥပဒေထုတ်ထားပါတယ်။ shwekhitonlinetv.com

သူကွယ်လွန်သွားတဲ့အချိန်မှာ တာ့ခ်မင်နစ္စတန်ပြည်သူတွေရဲ့ ဝဋ်ကြွေးအဆုံးသတ်ပြီလို့ထင်မှတ်ခဲ့ကြပေမယ့် နောက်တက်လာတဲ့ သမ္မတက သူ့ထက်ပိုဆိုးပါတယ်။ သူသေသေပြီးချင်းမှာတင်ပဲ ဒုတိယသမ္မတဖြစ်တဲ့ Berdimuhamedow ဟာ မြို့လယ်က အရင်သမ္မတရဲ့ရွှေရုပ်တုကိုဖယ်ရှားခဲ့ပြီး သူ့ရဲ့ပုံတူရုပ်တုနဲ့ အစားထိုးခဲ့ပါတယ်။ shwekhitonlinetv.com

သူ့ကိုယ်သူ Protecor လို့သုံးနှုန်းခေါ်ဆိုပြီး ထူးထူးဆန်းဆန်းဥပဒေတွေလျှောက်ထုတ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာထင်ရှားတာကတော့ နိုင်ငံအတွင်းမှာအနက်ရောင်ကားတွေအသုံးပြုမောင်းနှင်တာကို တားမြစ်ပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ ဘာရယ်ကြောင့် သူ့အနေနဲ့အခုလိုတားမြစ်မှန်းသေချာမသိပေမယ့်လည်း အနက်ရောင်ကားပိုင်ရှင်တွေခများသူတို့ရဲ့ ကားတွေကို နေရင်းထိုင်ရင်း အရောင်းပြောင်းကြရပါတယ်။ shwekhitonlinetv.com

မြင်းကိုတော့သူ့အနေနဲ့အတော်လေးကို နှစ်သက်ပုံရပြီး နိုင်ငံတော်အထိမ်းအမှတ်အဖြစ်သတ်မှတ်ခဲ့သလို အစိုးရရုံးတွေမှာလည်း စာရွက်စာတမ်းကိစ္စတွေအတွက် မြင်းပုံပါတဲ့တံဆိပ်တုံးကို အသုံးပြုစေခဲ့ပါတယ်။ သူက ရက်သီချင်းတွေကို ခရေဇီဖြစ်ပြီး ဂျနီဖာလိုပက်ဇ်ကိုတောင် သူ့မွေးနေ့သီးချင်ဆိုပေးဖို့အတက် ငှားရမ်းခဲ့ဖူးတယ်လို့သိရပါတယ်။ shwekhitonlinetv.com

လက်ရှိ ၂၀၂၂ ခုနှစ်မှာစတင်တာဝန်ထမ်းဆောင်တဲ့ သူ့ရဲ့သား (နိုင်ငံတော်အတွက် တတိယသမ္မတ) ကလည်း သူ့ထက်ပိုပြီး ကြောင်တောင်တောင်နိုင်မယ့်ပုံပါပဲ။ သမ္မတဖြစ်ဖြစ်ချင်းထုတ်ခဲ့တဲ့ ဥပဒေတွေထဲမှာ အမျိုးသမီးတွေအနေနဲ့ လူမြင်ကွင်းမှာအမျိုးသားတစ်ယောက်ရဲ့ လက်ကိုအချိန်ကြာကြာတွဲထားရင် ပြစ်မှုမြောက်ပါသတဲ့ ….. shwekhitonlinetv.com

နောက်ပြီးနိုင်ငံသားတွေဟာလည်း လိုအပ်ရင်လိုအပ်သလို လုပ်အားပေးဖို့အတွက် ဥပဒေတွေထုတ်ထားသလို အတင်းအကြပ်စေခိုင်းခြင်းမျိုးတွေလည်းပြုလုပ်ခဲ့ပါတယ်။ နာမည်ကျော် ငရဲတံခါးဝလို ဆန်းကြယ်တဲ့နေရာမျိုးတွေရှိပေမယ့် နိုင်ငံစတင်တည်ထောင်ချိန်ကတည်းနေ ယနေ့ချိန်ထိ တာ့ခ်မင်နစ္စတန်နိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်အရေအတွက်က (၅၀၀၀) တောင်မပြည့်သေးဘူးလို့သိရပါတယ်။ shwekhitonlinetv.com

ဒါကတော့ ဗဟိုအာရှက အကြွင်းမဲ့အာဏာရှင်စနစ်ကျင့်သုံးတဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ သတင်းဆိုးတွေအများကြီးထဲက အနည်းငယ်မျှလောက်ကိုပဲ ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။