သိပ္ပံပညာရပ်နဲ့ မဖြေရှင်းနိုင်သေးသော ထူးဆန်းတဲ့ သဘောတရားများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာကြီးပေါ်က သိပ္ပံပညာနဲ့ မဖြေရှင်းနိုင်သေးတဲ့ ထူးဆန်းအံ့သြဖွယ်ရာ အကြာင်းတစ်ချို့ကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လို စိတ်ဝင်စားစရာလေးတွေ ဖော်ပြမလဲဆိုတာ တစ်ခုချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ နွားတွေမှာ သံလိုက်အိမ်မြှောင်ရှိတာလား ?

သိပ္ပံပညာရှင်ဟာ Google Earth ကနေ ရိုက်ထားတဲ့ ထောင်ပေါင်းများစွာသော နွားတွေကို လေ့လာတဲ့အခါမှာတော့ ထူးဆန်းတာတစ်ခုကို သွားပြီး တွေ့ရှိခဲ့ကြပါတယ်။ ဒါကတော့ ၇၀ ရာခိုင်နှုန်းသော နွားတွေဟာ အစာစားရင်ပဲ ဖြစ်ဖြစ် ရေသောက်ရင်ပဲ ဖြစ်ဖြစ် တောင်ဘက် အရပ် ( သို့) မြောက်ဘက်အရပ် ကိုသာ မျက်နှာမူကြတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် အရပ်မျက်နှာ ၂ ခု ကို လှည့်ပြီး စားလဲ ဆိုတာကိုတော့ လေ့လာနေကြဆဲ ပါပဲ…. shwekhitonlinetv.com

၂။ ပျစ်ချွဲချွဲမိုးဆိုတာ ဘယ်လိုမျိုးလဲ ?

၁၉၉၄ ခုနှစ် ၊ သြဂုတ်လတုန်းက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က Oakville အရပ်မှာ ထူးဆန်းတဲ့ မိုးတဲ့ ရွာသွန်းခဲ့ပါတယ် ။ ကောင်းကင်ပေါ်က ရွာကျလာတဲ့ မိုးတွေဟာ ရေစက်တွေ မဟုတ်ပဲ ဂျယ်လီလို ပျော့ချွဲချွဲ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ နောက်ထပ် ထူးဆန်းတာတစ်ခုက ဒီလို ဂျယ်လီမိုးတွေ ရွာချပြီး နောက်နေ့မှာတော့ မြို့ထဲက လူတွေ စပြီး ဖျားနာလာကြပါတယ် ။ သိပ္ပံပညာရှင်တွေ လေ့လာကြည့်တဲ့အခါမှာတော့ ဒီဂျယ်လီမိုးတွေထဲမှာ ဘက်တီရီးယားပိုး ( ၂) မျိုး ပါဝင်နေတာကို တွေ့ခဲ့ကြပါတယ်။ ဒီအထဲကနေ တွေ့ရတဲ့ ဘက်တီးရီးယား ပိုး တစ်မျိုးကတော့ လူတွေရဲ့ အစာအိမ်ထဲမှာ တွေ့ရတဲ့ ဘက်တီးရီးယား တစ်မျိုး ပါဝင်နေတာကို တွေ့ခဲ့ကြပါတယ်။ shwekhitonlinetv.com

၃။ စကြာဝဠာကြီးထဲက အနက်ရောင် စွမ်းအင်ဆိုတာ ဘာတွေလဲ ?

လေ့လာဆန်းစစ်မှုတွေအရ စကြာဝဠာကြီး အတွင်းမှာရှိတဲ့ ၂၇ ရာခိုင်နှုန်းသော အရာတွေဟာ Dark Matter လို့ခေါ်တဲ့ အနက်ရောင် စွမ်းအင်တွေပဲ ဖြစ်ပါတယ်။ ဒီ Drak Matter တွေ ဟာ လျပ်စစ်သံလိုက် ဓာတ်ရောင်ခြည်တွေကို ထုတ်လွှတ်တာမျိုးတွေ မရှိတာကြောင့် သူတို့ကို ရှာတွေ့နိုင်ဖို့က တော်တော်လေးကို ခက်ခဲပါတယ်။ Dark Matter တွေနဲ့ပတ်သက်ပြီး Theory ထွက်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၆၀ ) လောက်ကတည်းက ဖြစ်ပြီး ယနေ့ချိန်ထိ ဒီ Dark Matter တွေရဲ့ အကြောင်းကို သေချာသိအောင် မလေ့လာနိုင်ကြသေးပါဘူး။ shwekhitonlinetv.com

၄။ လူတွေမှာ ညာသန်နဲ့ ဘယ်သန် ဘယ်လို ကွဲရတာလဲ ?

အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးတွေထဲမှာ ဘယ်သန် ၊ ညာသန် သမားတွေရှိကြမှာပါ။ လေ့လာမှုတွေအရ ကမ္ဘာ့လူဥိးရေရဲ့ ( ၇၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်း) ဟာ ညာသန် သမားတွေ ဖြစ်ပြီး ( ၅ ရာခိုင် နှုန်းကနေ ၃၀ ရာခိုင်နှုန်း) ကတော့ ဘယ်သန် သမားတွေ ဖြစ်ပါတယ်။ ဗီဇအရ လွှမ်းမှု ရှိပေမယ့်လည်း ဘယ်သန်တွေရဲ့ ဗီဇတွေကိုတော့ မခွဲခြားနိုင်သေးပါဘူး ။ သဘောတရားတစ်ခုကို ပြောရမယ်ဆိုရင် ဘယ်သန် ကလေးတွေဟာ ငယ်စဉ်တည်းက စာရေးရင် ညာလက်နဲ့ရေးဖို့ ကြိုးစားတဲ့အခါ တစ်ချို့သော ဘယ်သန်ကလေးတွေဟာ ညာသန် အဖြစ် ပြန်ပြီး ပြောင်းလဲ သွားတတ်ကြပါတယ်။ ဒီအချက်ဟာ ထူးဆန်းပေမယ့်လည်း ဘာကြောင့်လဲဆိုတာကတော့ ပညာရှင်တွေ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး ။ shwekhitonlinetv.com

၅။ လူတွေရဲ့ သွေးအမျိုးအစားတွေက ဘာကြောင့်မတူရတာလဲ ?

လူသားတွေရဲ့ သွေး အမျိုးစားဟာ အခြေခံအားဖြင့် ( ၄ ) မျိုးရှိပြီး A , 0 , B နဲ့ AB တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေဟာ လူတွေရဲ့ သွေးအမျိုးအစား ဘာကြောင့် မတူကြလဲဆိုတာ မထုတ်ဖော်နိုင်ကြသေးပါဘူး ။ နေက်ထပ်လေ့လာမှုတစ်ခုအရ B သွေး ပိုင်ရှင်တွေရဲ့ အစောချက်တဲ့ စနစ်ဟာ ထိခိုက်လွယ်ပြီး O သွေးပိုင်ရှင်တွေဟာ ငှက်ဖျားဒဏ်ကို ပိုပြီးခံနိုင်ရည် ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်က ထူးဆန်းဆန်းကြယ်တဲ့ အကြောင်းတစ်ချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။