သင့်ရဲ့ “ချက်” ပုံသဏ္ဍန်က ပြောပြမယ့် သင့်အကြောင်း

မျိုရိုးဗီဇ သဘောတရားအရတော့ လူတွေဟာတစ်ယောက်နဲ့ တစ်ယောက် အသားအရောင် ပုံပန်းသဏ္ဍာန် မတူညီကြသလိုပဲ စိတ်နေစိတ်ထား ခံစားချက်တွေဟာလည်း ကွဲပြားလို့နေပါတယ်။ ထို့အတူပဲ လူတိုင်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ချက် လေးတွေရဲ့ ပုံစံ တွေကလည်းအမျိုးမျိုးကွဲပြားကြပါတယ်။ shwekhitonlinetv.com

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကနေတစ်ဆင့် သူ့တို့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအချက် အလက်တွေကို သိရှိ နိုင်ပြီး အဲ့ဒီလိုအစိတ်အပိုင်းတွေထဲမှာ ချက် လည်းပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်တွေကနေရရှိလာတဲ့ ရလဒ်တွေအရ ချက်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ လူရဲ့ စိတ်နေစိတ်ထား ဘယ်လိုဆက်နွယ်မှုတွေရှိသလဲဆိုတာကို ရွှေခေတ်ပရိသတ်တွေအတွက်တစ်ဆင့်ပြန်လည် ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ Outstanding Belly Button

ချက်က အပြင်ကိုပြူထွက်နေတဲ့ပုံစံဖြစ်ပါတယ်။ဒီလိုချက်ပိုင်ရှင်တွေကတော့ အင်မတန်ခါင်းမာတက်ကြသလို ပင်ကိုယ်သဘာဝအရ စိတ်ဓါတ်လည်း အလွန်ကြံ့ခိုင်ကြသူတွေဖြစ်ကြပါတယ်။ ဖြတ်ထိုးညဏ်ကောင်းလှသလို လူအများကြားမှာလည်း သူတို့ကို အာရုံစိုက်ခံရဖို့ ကြိုးစားတက်ကြသူတွေဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ရင်လည်း ဒီတိုင်းပါပဲ။ ကံဆိုးတာက အချစ်စစ်အချစ်မှန်နဲ့ ဘဝလက်တွဲဖော်ရှာဖွေတဲ့ နေရာမှာတော့ အခြားသူတွေထက် ပိုခက်ခဲတက်ပါတယ်။ shwekhitonlinetv.com

၂။ Big and Deep

ဒီလိုပုံစံ ချက်ပိုင်ရှင်တွေကတော့ ပင်ကိုယ်စိတ်နေစိတ်ထားအရ သဘောထားကြီးသူတွေဖြစ်ပြီး အပေးအကမ်းလည်း ရက်ရောသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ကိုယ်ပိုင်အတွေ့အကြုံတွေအပေါ် အခြေခံပြီး နေ့စဥ်ဘဝကိုဖြတ်သန်းနေသူတွေဖြစ်သလို ကြင်နာတဲ့နှလုံးသား ရှိသူတွေဖြစ်တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ သို့သော်လည်း သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့အလိုကျ ကိုယ့်ကိုယ်ကို ပြောင်းလဲမှာမဟုတ်သလို ကိုယ့်စိတ်ကြိုက် ခံယူထားတဲ့ ကိုယ်ပိုင်ဘဝမှာပဲ အသက်ရှင်ရပ်တည်ရတာကို နှစ်သက်မြတ်နိုးသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Swallow and Small

ယခုလိုချက်ပုံစံကို ပိုင်ဆိုင်ထားရင်တော့ သူတို့က လူမှုဆက်ဆံရေးသိပ်မကောင်းတဲ့ သူတွေလို့ ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ သာမန်လူတွေနဲ့ ဆန့်ကျင့်ဘက် အပြောအဆို အယူအဆတွေရှိသလို ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထုတွေအပေါ် မှာလည်း စိတ်ဝင်စားမှုနည်းပြီး အနည်းငယ်ပျင်းရိတဲ့စရိုက်ရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပျင်းရိမှုကပဲ ဘယ်လို အလုပ်မျိုးကိုမဆို စမတ်ကျကျနဲ့ လွယ်လွယ်ကူကူလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးနိုင်စွမ်းရှိတက်ပါတယ်။ shwekhitonlinetv.com

၄။ Downward

ယခုလို ချက်ပိုင်ရှင်တွေဟာ များပြားတဲ့ အရာတွေ ကိစ္စရပ်တွေအပေါ်မှာ အရမ်းကိုအလေးအနက်ထားလွန်းသူတွေဖြစ်ကြပြီး လက်တွေမကျတဲ့ အမူအကျင့်တွေရှိတက်ကြပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ ဘဝတစ်လျောက်မှာ စိတ်မချမ်းမသာဖြစ်ရတဲ့ အခိုက်အတန့်တွေ များနေတက်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်းကောင်းတဲ့ အချက်တွေကရှိနေပြန်ပါတယ်။အဲ့ဒါကတော့ အလုပ်အပေါ် စိတ်ရောကိုယ်ပါမြှပ်နှံထားသူတွေ ဖြစ်ကြပြီး အရမ်းကို တက်ကြွသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် လည်းစိတ်တော့ သိပ်ရှည်တက်ကြတဲ့သူတွေ မဟုတ်ပါဘူး။ shwekhitonlinetv.com

၅။ Oval Form

အဆိုပါချက် ပိုင်ရှင်တွေဟာ ဘယ်လိုလူနဲ့ပဲတွေ့ဆုံပါစေ၊ အလွန်သတိထားပြီး ဆက်ဆံတတ်တဲ့ ပင်ကိုယ်စရိုက်ရှိနေပြီး သူစိမ်းတစ်ယောက် နဲ့တွေ့တဲ့အခါမှာဆိုရင်တော့ လိုအပ်တာထက်ပိုပြီး အကဲခတ် တတ်ကြသူတွေဖြစ်ပါတယ်။ သူတို့နဲ့ အရမ်းရင်းနှီးပြီး စိတ်ချရတဲ့ သူတွေကိုသာ ယုံကြည်တတ်ကြပါတယ်။ shwekhitonlinetv.com

၆။ Wide Belly Button

ယခုလိုချက် အမျိုးအစားကို ပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ခြေလှမ်းတိုင်းကို အရမ်းသတိထားရမယ်လို့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါချက်ပိုင်ရှင်တွေရဲ့ ပတ်ဝန်းကျင်မှာ စိတ်သဘောထား အတုအယောင်နဲ့ လူတွေပေါများနေတက်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဒီလိုချက်ပိုင်ရှင်တွေကလည်း လူတွေရဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ မွေးရာပါအရည်အချင်းမျိုးရှိနေတက်တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်နဲ့အရင်းနှီးဆုံး လူတွေကိုပဲ ယုံကြည်တာ ကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့ အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးပဲကျေနပ်ကြမယ်ထင်ပါတယ်။ နောက်ထပ်လည်း ဒီထက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးသွားပါဦးမယ်နော် …။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။