သန်းကြွယ်သူဌေး တချို့သာ ဝယ်ပတ်နိုင်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး နာရီများ

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ( ဒါမှမဟုတ် ) နာမည်ကျော်ကြားတဲ့သူတွေရဲ့ အပြင်အဆင်တွေထဲမှာ နာရီဆိုတာကလည်း မပါမဖြစ်လို့တောင် ပြောရမှာပါ ။ ဒါ့ကြောင့် အခုတစ်ခါမှာတော့ နာရီကို စွဲလန်း ကြိုက်နှစ်သက်သူတွေအတွက် ကမ္ဘာပေါ်က ဈေးအကြီးဆုံး နာရီ အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော် ။ ဘယ်လိုနာရီတွေ ပါမလဲ ဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ GRAFF DIAMONDS HALLUCINATION ( ဒေါ်လာ ၅၅ သန်း )

ကမ္ဘာ့ဈေးအကြီးဆုံး နာရီစာရင်းရဲ့ နံပါတ် ( ၁ ) နေရာမှာ ရှိနေတာကတော့ GRAFF DIAMONDS HALLUCINATION ဆိုတဲ့ နာရီပဲ ဖြစ်ပါတယ် ။ဒီနာရီကိုတော့ Baselworld ဆိုတဲ့ လက်ပတ်နာရီနဲ့ လက်ဝတ်ရတနာ ပြပွဲမှာ စတင်မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ် ။ နာရီ တစ်ခုလုံးကို စိန် (၁၁၀) ကာရက်နဲ့ တန်ဆာဆင်ပေးထားပြီး စိန်အရောင်ပေါင်း များစွာထည့်ပေးထားတာကြောင့် အလင်းရောင်ထဲရောက်သွားရင် တလက်လက်နဲ့ တောက်ပနေမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ GRAFF DIAMONDS THE FASCINATION ( ဒေါ်လာ သန်း ၄၀ )

နံပါတ် ( ၂ ) နေရာမှာတော့ GRAFF DIAMONDS THE FASCINATION ဆိုတဲ့ နာရီလေးက နေရာယူထားပါတယ်။ ဒီနာရီလေးကိုတော့ စိန် ၁၅၂.၉၆ ကာရက ် ပါဝင်ပြီး အလယ်တည့်တည့်က စိန်ရဲ့ အလေးချိန်ကတော့ ၃၈.၁၄ ကာရက် အလေးချိန် ရှိပါတယ် ။ အလယ်တည့်တည့်က စိန်က ဘယ်လောက်တောင် ကြီးလဲဆိုရင် လက်စွပ်ထဲ ထည့်ပြီးတောင် ဝတ်ဆင်လို့ရပါတယ်တဲ့ ။ ဒီနာရီလေးမှာတော့ အပေါ်က နာရီမှာလိုမျိုး စိန် အရောင်မျိုးစုံ မပါတော့ပဲ အရောင် တစ်မျိုးတည်းနဲ့ သာ ဒီဇိုင်း ဖော်ပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ BREGUET NO. 160 ( ဒေါ်လာ သန်း ၃၀ )

နောက်ထပ် ဖော်ပြပေးမှာကတော့ နံပါတ် ( ၃ ) နေရာမှာ ရှိနေတဲ့ Breguet No. 160 ဆိုတဲ့ နာရီလေးပဲ ဖြစ်ပါတယ် ။ ဒီနာရီလေးကတော့ ရှေးဟောင်းနာရီတစ်လုံး ဖြစ်ပြီး ဆွစ်ဇာလန် လူမျိုး Abraham-Louis Breguet ဆိုသူက ဘုရင်မ Marie-Antoinette အတွက် ၁၇၈၂ ခုနှစ်မှာ စတင် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အပြီးမသတ်နိုင်ခဲ့ပဲ ဘုရင်မ Marie-Antoinette ကွပ်မျက် ခံရပြီး ၁၈၇၂ ခုနှစ် ရောက်မှသာ Breguet ရဲ့ သားဖြစ်သူက ဒီနာရီလေးကို အပြီးသတ် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အစောပိုင်းတုန်းကတော့ ဒီနာရီလေးကို ဂျေရုစလင်မြို့က ပြတိုက်တစ်ခုမှာ ပြသထားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ခိုးယူခံလိုက်ရပါသေးတယ် ။ နောက်ပိုင်းမှာတော့ ပြန်လည်ရရှိခဲ့ကာ ပြုပြင်မွမ်းမံခဲ့ပြီး Mayer လို့ခေါ်တဲ့ ပြတိုက်မှာ ယနေ့အချိန်အထိ ပြသထားပါတယ် ။ shwekhitonlinetv.com

၄။ CHOPARD 201 ( ဒေါ်လာ ၂၅ သန်း )

ကမ္ဘာ့ဈေးအကြီးဆုံး နာရီစာရင်းရဲ့ နံပါတ် ( ၄ ) နေရာမှာ ရှိနေတာကတော့ CHOPARD 201 ဖြစ်ပြီး Carat Watch လို့ ခေါ်ကြပါတယ် ။ ဒီနာရီကိုတော့ အရောင်စုံလင်လှတဲ့ စိန် အလုံးပေါင်း (၈၇၄ ) လုံးနဲ့ ပုံဖော်ပေးထားပြီး စိန်အားလုံးရဲ့ အလေးချိန်ဟာ (၂၀၁ ) ကာရက် ရှိပါတယ်တဲ့ ။ Chopard နာရီရဲ့ အလယ် တည့်တည့်မှာ အဝါ ၊ ပန်းရောင် နဲ့ အပြာ ရောင် အသည်းပုံစံ စိန် ( ၃ ) လုံး ထည့်ပေးထားပါသေးတယ် ။ shwekhitonlinetv.com

၅။ PATEK PHILIPPE SUPERCOMPLICATION ( ဒေါ်လာ ၂၄ သန်း )

ဒီနာရီလေးကတော့ အိတ်ဆောင်နာရီ အမျိုးအစားဖြစ်ပြီး ၁၉၃၃ ခုနှစ်တုန်းက Patek Philippe ဆိုတဲ့ ဒီဇိုင်းပညာရှင်တစ်ယောက်ဟာ ဘဏ်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Henry Graves Jr အတွက် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ နာရီရဲ့ ဒီဇိုင်းကို ဖန်တီးဖို့အတွက် အချိန် ( ၅ ) နှစ်မျှ ကြာမြင့်ခဲ့ပြီး features ပေါင်း ( ၂၅ ) ခုလောက် ထည့်သွင်းပေးထားပါတယ် ။ shwekhitonlinetv.com

၆။ JACOB & CO. BILLIONAIRE WATCH ( ဒေါ်လာ ၁၈ သန်း )

The Billionaire watch လို့ ခေါ်တဲ့ နာရီမှာတော့ ၂၆၀ ကာရက်ရှိတဲ့ စိန်တွေကို ထည့်သွင်းပေးထားပြီး စိန်အလုံးပေါင်း ၁၆၇ လုံး ပါဝင်ကာ တစ်ခြားသော ကျောက်မျက်ရတနာ ( ၁၉ ) ခုလည်း ပါပါ သေးတယ် ။ နာရီရဲ့ မျက်နှာပြင်နဲ့ လက်ပတ်ကြိုးကိုတော့ ရွှေဖြူ 18k နဲ့ တန်ဆာဆင်ထားပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်က တန်ဖိုးအကြီးမားဆုံး နာရီတွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာတွေနဲ့ ဗဟုသုတ ဖြစ်ဖွယ် အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။