အနုပညာနယ်ပယ်မှ အံ့အားသင့်ဖွယ် အကြောင်းအရာများ

ရွှေခေတ်ရဲ့ စာဖတ်ပရိသတ်တွေအတွက်အခုတစ်ခေါက်ရေးသားဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အနုပညာလောက အတွင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာလေးတွေများဖြစ်မလဲ ဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….shwekhitonlinetv.com

၁။ Minions လေးတွေရဲ့ ဘာသာစကား

The Despicable Me ဆိုတဲ့ ကာတွန်းရုပ်ရှင်ဇာတ်ကားလေးကိုတော့ ရွှေခေတ်ပရိသတ်တွေအနေနဲ့ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Pierrie Coffin နဲ့ Chris Renauld တို့ဟာ Minions လေးတွေအတွက် ကိုယ်ပိုင်ဘာသာစကားကို ရေးသားတီထွင်ဖန်တီးခဲ့ကြတယ်လို့သိရပါတယ်။ ဒီဘာသာစကားကိုတော့ သူတို့က Minionise လို့ အမည်ပေးခဲ့ပါတယ်။shwekhitonlinetv.com

၂။ Nicholas Cage ကြောင့် သရုပ်ဆောင်လောကထဲဝင်ခဲ့တဲ့ Johnny Depp

Pirates of the Carribbean ဇာတ်ကားတွေနဲ့ အောင်မြင်မှုအများအပြားရခဲ့တဲ့ ဟောလိဝုဒ်မင်းသား ဂျွန်နီဒပ် (Johnny Depp) ကိုလည်း ရွှေခေတ်ပရိသတ်တွေအနေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူ့ကိုသရုပ်ဆောင်လောကထဲဝင်ရောက်ဖို့အကြံပြုတိုက်တွန်းပြီး ကူညီပေးခဲ့တာကတော့ တစ်ခြားသူမဟုတ်ပါဘူး။ နာမည်ကျော်မင်းသားကြီး နီကိုးလက်စ်ကေ့ချ် (Nicholas Cage) ပဲဖြစ်ပါတယ်။shwekhitonlinetv.com

၃။ လိုတရ ဖြစ်ခဲ့တဲ့ Justin Bieber

တစ်ခါတုန်းက ကမ္ဘာကျော်အဆိုတော် ဂျပ်စတင်ဘီဘာ (Justin Bieber) ဟာ သူတည်းခိုလျက်ရှိတဲ့ ဟိုတယ်ရဲ့ ပြတင်းပေါက်ကနေပြီးတော့ “ မက်ဒေါ်နယ် (McDonald’s) ကိုသွားပြီးငါ့ကို Big Mac တစ်ခုယူလာခဲ့ပေးပါ” လို့ အဓိပ္ပါယ်ရတဲ့ သီချင်းစာသားကို ဆိုညည်းဖူးပါတယ်။ သိပ်မကြာခင်မှာပဲ ဂျပ်စတင်ဘီဘာထံကို Big Mac တစ်ခုအမှန် တစ်ကယ်ရောက်ရှိလာခဲ့ပါသတဲ့။ (Big Mac ဆိုတာက McDonald’s ဆိုင်က ဘာဂါ တစ်မျိုးရဲ့ အမည်ဖြစ်ပါတယ်။shwekhitonlinetv.com

၄။ Walt Disney ကိုလက်စားချေဖို့ DreamWorks ကိုတည်ထောင်ခဲ့သူ

လက်ရှိအချိန်မှာ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအဖြစ်လူသိများတဲ့ Jeffrey Katzenberg ဟာ တစ်ချိန်က The Walt Disney စတူဒီယိုရဲ့ Chairman တစ်ဦးဖြစ်ခဲ့ပါတယ်။ Disney ရဲ့အအောင်မြင်ဆုံးဇာတ်ကားတွေဖြစ်တဲ့ Little Mermaid၊ The Lion King၊ Beauty and the Beast နှင့် Aladdin တို့ကို အသက်သွင်းခဲ့သူလည်းဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်ပေးခဲ့တာကြောင့် သူ့ကိုရာထူးတိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် Disney ကတော့ မသိကျိုးကျွံပြုခဲ့ကြပါတယ်။ ဒါ့ကြောင့်သူဟာ Disney ကိုစွန့်ခွာပြီး ပြန်လည်လက်စားချေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ DreamWorks စတူဒီယိုကိုတည်ထောင်ခဲ့ပါတယ်။ ဒီကနေ့ နာမည်ကျော် ကာတွန်းဇာတ်ကားတွေဖြစ်တဲ့ Shrek၊ Madagascar၊ Kung Fu Panda၊ Monsters vs. Aliens နှင့် How to Train Your Dragon တို့က Jeffrey Katzenberg ရဲ့ လက်ရာတွေပဲဖြစ်ပါတယ်။shwekhitonlinetv.com

၅။ CGI သရုပ်ဆောင်များ

Star Wars Episode Three : Revenge of the Sith ရုပ်ရှင်ထဲမှာပါဝင်တဲ့ Clone troopers တွေအားလုံးဟာ CGI effects ကို အသုံးပြုပြီး ဖန်တီးထားတာဖြစ်တယ်လို့သိရပါတယ်။shwekhitonlinetv.com

၆။ အဆိုတော်တစ်ဦးကို ဂြိုဟ်သားတွေ ပြန်ပေးဆွဲခဲ့လေသလား

၁၉၆၉ ခုနှစ်မှာတော့ ဂျင်မ်ဆူလီဗန် (Jim Sullivan) လို့ အမည်ရတဲ ဂီတပညာရှင်တစ်ဦးဟာ U.F.O. ဆိုတဲ့အယ်လ်ဘမ်တစ်ခု အသံသွင်းခဲ့ပါတယ်။ ဒီအယ်လ်ဘမ် ထဲမှာတော့ သူ့မိသားစုဟာ ဂြိုလ်သားတွေရဲ့ ပြန်ပေးဆွဲခံရခြင်းနှင့် ပတ်သက်တဲ့ ထူးထူးဆန်းဆန်းစာသားများ ပါဝင်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ် ထွက်ရှိပြီး ခြောက်နှစ်အကြာမှာ Sullivan ဟာသဲလွန်စမရှိဘဲပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ နောက်ဆုံးရရှိတဲ့ သဲလွန်စတစ်ခုကတော့ သူစီးတဲ့ကားကို သဲကန္တာရတစ်ခုကို ဖြတ်ပြီးဖောက်လုပ်ထားတဲ့ လမ်းပေါ်မှာတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ သူ့ကိုလည်း ဂြိုဟ်သားတွေခေါ်ဆောင်သွားခဲ့ တာလားဆိုတာ စဥ်းစားစရာပါပဲ။shwekhitonlinetv.com

၇။ Taylor Swift ကို အထင်သေးခဲ့သူ

၂၀၀၅ ခုနှစ်လောက်က တေလာဆွစ်ဖ် (Taylor Swift) နဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ Interview အစီအစဥ်တစ်ခုမှာ မေးမြန်းသူက တေလာဆွစ်ဖ်ကို “တကယ်လို့များ ဂီတနယ်ပယ်ဘက်မှာ မပေါက်ခဲ့ဘူးဆိုရင်၊ Hair Style မော်ဒယ်လ် တစ်ယောက် လုပ်သင့်​တယ်”လို့ တေလာဆွစ်ဖ်ကို ပြောကြားခဲ့ဖူးပါတယ်။ ခုနစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ တေလာဆွစ်ဖ် နဲ့ ထိုအမျိုးသမီးဟာ အင်တာဗျူးအစီအစဥ်တစ်ခုမှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ထိုအမျိုးသမီးဟာ သူမပြောဆိုခဲ့တဲ့စကားအတွက် တေလာဆွစ်ဖ်ကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။