အာကာသထဲက တန်ဖိုးကြီး စိန်တွေ ပေါများတဲ့ ဂြိုလ်တွေ အကြောင်း

ပရိသတ်ကြီးကို ဒီတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အာကာသထဲက တန်ဖိုးကြီး စိန်တွေ ပေါများတဲ့ ဂြိုဟ် တစ်ခု အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီ ဂြိုဟ်တွေမှာ စိန်တွေ ဘယ်လောက်တောင် ရှိမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

Yale တက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ စိန်တွေ တစ်စိတ်တစ်ပိုင်း နဲ့ ဖွဲ့စည်းထားတဲ့ ကျောက်ဆောင် ဂြိုဟ်ကြီး တစ်လုံးကို ရှာတွေ့ခဲ့ကြပါတယ် ။ ဒီဂြိုဟ်ကိုတော့  55 Cancri e လို့ နာမည်ပေးထားပြီး ကမ္ဘာမြေ အရွယ်အစား ရဲ့ နှစ်ဆ မျှသာ ရှိပေမယ့် ဒြပ်ထုကတော့  ကမ္ဘာမြေကြီး ထက် ( ၈ ) ဆ တောင် ပိုပါတယ် ။ shwekhitonlinetv.com

ပညာရှင်တွေဟာ 55 Cancri e ဂြိုဟ်ကို Super Earth စာရင်းထဲ မှာ ထည့်သွင်းခဲ့ပြီး ဂြိုဟ်ရဲ့ မျက်နှာပြင် အပူချိန်ကတော့ ( ၃၉၀၀ ) ဒီဂရီ ဖာရင်ဟိုက် အထိ ရှိပြီး ကာဗွန်တွေနဲ့ လည်း ဖွဲ့စည်းထားပါသေးတယ် ။ ဒီလို အခြေအနေတွေ ကြောင့်ပဲ 55 Cancri e ဂြိုဟ်မှာ စိန်တွေ ဖန်တီးဖို့ အကောင်းဆုံး အနေအထားတစ်ခုကို ရထားတယ်လို့ ပြောရမှာပါ ။ shwekhitonlinetv.com

နောက်ပြီး NASA ရဲ့ Spitzer Space တယ်လီစကုပ်ကနေ ဒီဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းနဲ့ သိပ်သည်းဆ ဒေတာတွေကို ရယူနိုင်ခဲ့ပါတယ် ။ ရရှိလာတဲ့ ကွန်ပျူတာ model တွေကို အခြေခံပြီးတော့ 55 Cancri e ဂြိုဟ်ရဲ့ အကြမ်းဖျင်းပုံကို ပညာရှင်တွေက ဖန်တီးခဲ့ပါသေးတယ် ။

Yale တက္ကသိုလ်က ပါရဂူတစ်ဦးရဲ့ ပြောပြချက်အရ “ အရင်တုန်းက သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေထဲမှာတော့ စိန် ဂြိုဟ်တွေ အကြောင်း ရိုက်ခဲ့ကြပေမယ့် အခုတော့ လက်တွေ့မှာ တစ်ကယ်ရှိကြောင်း သက်သေပြနိုင်ခဲ့ပြီလို့ ”  ပြောပြခဲ့ပါတယ် ။ shwekhitonlinetv.com

55 Cancri e လိုမျိုး စိန်တွေ ရှိတဲ့ တစ်ခြားသော ဂြိုဟ်တွေကတော့ စေတန် ဂြိုဟ်နဲ့ ဂျူပီတာ ဂြိုဟ်တို့ ပဲ ဖြစ်ပါတယ် ။ သုတေသီတွေရဲ့ အဆိုအရ စေတန် ဂြိုဟ်နဲ့ ဂျူပီတာ ဂြိုဟ်တို့မှာ စိန်မိုးတွေ ရွာသွန်းလေ့ရှိတယ်လို့ ပြောပြထားပါတယ်။

အကြောင်းကတော့ ဂြိုဟ်ပေါ်ရှိ မိုးကြိုးမုန်တိုင်းတွေဟာ မီသိန်း ဓာတ်ငွေ့တွေကို မာကျောစေတဲ့ ဂရဖိုက်အတုံးတွေ အဖြစ် ပြောင်းလဲပေးပြီး စိန် မိုးတွေ ရွာသွန်းလာစေတာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် စိန် ဂြိုဟ် အများစုဟာ ကာဗွန် ကြွယ်၀တဲ့ ဂြိုဟ်တွေ ဖြစ်ပြီး ကာဗွန် ၊ အောက်ဆီဂျင် အချိုးအစား မြင့်မားတဲ့ ကြယ်တွေ အနီးမှာသာ တည်ရှိတတ်ကြပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အာကာသထဲက စိန်တွေ ပေါများတဲ့ ဂြိုဟ် အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။