ဥရောပနိုင်ငံတွေကိုပါ ရိုက်ခတ်လာနိုင်တဲ့ ရုရှားရဲ့လုပ်ရပ်တစ်ခု

လက်ရှိအချိန်မှာတော့ ယူကရိန်းနိုင်ငံက ချာနိုဘိုင်းနျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်တပ်စွဲပြီး ဓာတ်အားဖြတ်တောက်ထားပါတယ်။ ဒီလိုဓာတ်အားဖြတ်တောက်မှုရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သတ်ပြီး ဥရောပနိုင်ငံတွေကိုပါရိုက်ခတ်နိုင်တယ်လို့ ယူကရိန်းက သတိပေးပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ရုရှားတပ်ဖွဲ့ဝင်တွေဟာ သူတို့ဝင်ရောက်စီးနင်းတပ်စွဲထားတဲ့ ချာနိုဘိုင်းနျူကလီးယားစက်ရုံကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ ဒါဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။ shwekhitonlinetv.com

ယူကရိန်းအစိုးရပိုင် Energoatom နျူကလီးယား ကုမ္ပဏီကတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး စက်ရုံမှာရှိတဲ့ နျူကလီးယားလောင်စာတွေကို အေးမြအောင်မလုပ်ဆောင်နိုင်ဘူးဆိုရင်လေထုထဲကို ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပို့လွှတ်ခြင်းအန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားထားပါတယ်။ shwekhitonlinetv.com

တစ်ကယ်တမ်းသာ ဒီလိုဖြစ်ပေါ်ခဲ့မယ်ဆိုရင် ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ တိမ်တိုက်တွေ၊ လေထုတွေကတစ်ဆင့် ယူကရိန်း နဲ့ အနီးနားမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘီလာရုစ်၊ ရုရှားနိုင်ငံတွေကို ဆိုးဆိုးရွားရွား ပျံ့နှံ့သွားနိုင်ပြီး အခြားဥရောပနိုင်ငံတွေကိုလည်း အနည်းနဲ့အများဆိုသလို ရောက်ရှိသွားမှာဖြစ်တယ်လို့လည်း Energoatom က သတိပေးပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး။ လျှပ်စစ်မီးမရရှိခြင်းကြောင့် စက်ရုံထဲမှာရှိတဲ့ဝန်ထမ်းတွေဟာလည်း များပြားတဲ့ ပမာဏရှိတဲ့ ဓာတ်ရောင်ခြည်သင့်မှုတွေကိုခံစားကြရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ (၄၈) နာရီလောက် ဂျင်နရေတာတွေကိုလည်ပတ်စေနိုင်မယ့် အရန်လောင်စာတွေနဲ့ စက်ရုံဟာ ဆက်လက်လည်ပတ်လျှက်ရှိနေပါသေးတယ်။ shwekhitonlinetv.com

ဒီအရေးနဲ့ပတ်သက်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကတော့ စက်ရုံရဲ့ ဓာတ်အားလိုင်းကို အရေးပေါ်ပြုပြင်ဖို့အတွက် ယာယီအပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုထားပါတယ်။ တစ်ကယ်လို့များ ချာနိုဘိုင်းနျူကလီးယားဓာတ်အားပေးစက်ရုံကို အချိန်မီပြန်လည်ပြီး လျှပ်စစ်ဓာတ်အားမပေးနိုင်ခဲ့ရင်တော့ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကြောင့် ဥရောပနိုင်ငံတွေကလည်း ငြိမ်နေကြမှာမဟုတ်တာတော့ အသေအချာပါပဲ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။