မိမိကိုယ်ကို မိမိ လက်ထပ်ထိမ်းမြားတော့မယ့် အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ဦး

Sologamy ဆိုတာကတော့ မိမိကိုယ်ကိုမိမိပြန်ပြီးလက်ထပ်ထိမ်းမြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ Autogamy လို့ခေါ်ဝေါ်သုံးစွဲကြတာမျိုးလည်းရှိပါတယ်။ shwekhitonlinetv.com

ဒီဝေါဟာရအသုံးအနှုန်းနဲ့ ပတ်သတ်ပြီး မြင်သာအောင် ဥပမာပြောရရင် လူတစ်ဦးတစ်ယောက်တည်းက သူ့ကိုယ်သူ ဇနီးအဖြစ်ရော ခင်ပွန်းအဖြစ်ပါသတ်မှတ်ပြီး တစ်ယောက်တည်းနေထိုင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဟာ ရူူးကြောင်ကြောင်နိုင်လွန်းတဲ့ အပြုအမူမျိုးလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့အပြင်လောကကြီးမှာတော့ ဒီလိုပြုမူနေထိုင်နေတဲ့သူတွေအမှန်တကယ်ရှိလို့ နေပါတယ်။ များသောအားဖြင့်တော့ Bisextual လို့ ကိုယ့်ကိုကိုယ်ခံယူထားသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း အိန္ဒိယနိုင်ငံက အသက် (၂၄) နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဒီလိုမျိုးမိမိကိုယ်ကိုလက်ထပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းဟာ အင်တာနက်စာမျက်နှာတွေနဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ အတော်လေးကို ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်။ shwekhitonlinetv.com

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က Kshama Bindu လို့အမည်ရတဲ့ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးငယ်လေးဟာ လာမည့်ဇွန်လ (၁၁) ရက်နေ့မှာ ဟိန္ဒူမင်္ဂလာပွဲ ရိုးရာဓလေ့ထုံးတမ်းတွေအတိုင်း သူ့ကိုယ်သူပြန်ပြီး လက်ထပ်တော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

သူမရဲ့ခံယူချက်ကတော့ “ငါ့ဘဝမှာ ငါကဘုရင်မမို့လို့ ချစ်စရာကောင်းတဲ့ မင်းသားမျိုးမလိုအပ်ဘူးလေ။ ဒါကြောင့် လာမည့်ဇွန်လ (၁၁) ရက်နေ့မှာ သတို့သမီးလေးလို၊ ရိုးရာဓလေ့ထုံးတမ်းတွေအရ မင်္ဂလာပွဲပြူလုပ်မယ်။ သူငယ်ချင်းတွေကိုလည်းဖိတ်မယ်။ သတို့သား မရှိဘဲနဲ့ပေါ့” လို့ သတင်းထောက်တွေကိုလည်းပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုပြုမူတာမျိုးဟာ အနောက်နိုင်ငံတွေမှာတော့သိပ်ပြီးထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် ရိုးရာဓလေ့ထုံးတမ်းတွေ နဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေအများအပြားရှိတဲ့ အိန္ဒိယနိုင်ငံမှာတော့ ဒီလိုမျိုးအဖြစ်အပျက်တွေက ပထမဆုံးပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးတရားဝင်ဥပဒေထုတ်ပြန်ထားတာမျိုးမရှိပေမယ့် ခွင့်ပြုချက်တော့ပေးထားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဘာပဲဖြစ်ဖြစ် လာမည့်ဇွန်လ (၁၁) ရက်နေ့မှာတော့ Kshama Bindu တစ်ယောက်သတို့သားမပါတဲ့ မင်္ဂလာပွဲကို ဟိန္ဒူဓလေ့ထုံးတမ်းတွေအတိုင်းကျင်းပတော့မှာဖြစ်ပါတယ်။ လောကမှာ အချစ်စစ်ကိုရှာဖွေရတာငြီးငွေ့နေတဲ့သူတွေအတွက်တော့ ဒါဟာ စိတ်ထွက်ပေါက်ရနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နေမလားဆိုတာတော့ …… shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply