အနေဝေးပြီး သွေးအေးမသွားစေဖို့ တီထွင်ထားတဲ့ ထူးထူးခြားခြား ကိရိယာတစ်ခု

ဒီနေ့ခေတ်ကမ္ဘာကြီးရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ တီထွင်ဖန်တီးမှုတွေကတော့ တကယ့်ကို အံ့အားသင့်စရာကောင်းလှပါတယ်။ စက်ပစ္စည်းကိရိယာအသစ်အဆန်းတွေဟာလည်း နေ့စဉ်နဲ့အမျှဆိုသလို ဈေးကွက်ထဲကိုရောက်ရှိလျှက်ရှိပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ကြံကြံဖန်ဖန်တီထွင်ထားတဲ့ ဖုန်းနဲ့ဆက်စပ်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်းလေးကတော့ RS တွေအကြိုက်တွေ့မယ့် ပစ္စည်းလေးလို့ထင်ပါတယ်။ အထူးသဖြင့် LDRS (Long-Distance Relationship) တွေပေါ့။ shwekhitonlinetv.com

ဒီပစ္စည်းလေးရဲ့အမည်ကတော့ Kissenger (Kiss Messenger) လို့ခေါ်ပြီး မိမိရဲ့ဖုန်းမှာသူ့ကိုတပ်ဆင်ပြီး အနမ်းပေးမယ်ဆိုရင် အပြင်မှာတစ်ကယ်နမ်းသလို ခံစားရစေမှာဖြစ်ပါတယ်။ သူကဖုန်းအထိုင်တစ်ခုနဲ့တူပြီး ဆီလီကွန် Pad လေးတစ်ခုပါပါတယ်။ shwekhitonlinetv.com

ဒီ Pad လေးကိုသင့်အနေနဲ့နမ်းလိုက်မယ်ဆိုရင် သူ့မှာပါတဲ့ App မှာ သင့်အနမ်းရဲ့ အသေးစိတ်အချက်အလက်တွေ (ဥပမာဟ-နှုတ်ခမ်းအနေအထား၊ အထိအတွေ့၊ စိုက်ထုတ်လိုက်တဲ့အား စသဖြင့်) ကိုမှတ်သားထားပြီး တစ်ဖက်ကိုပြန်လည်ပေးပို့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမှတ်သားပြီးပေးပို့ရာမှာတော့ ဒီပစ္စည်းလေးရဲ့မြင့်မားတဲ့အာရုံခံစနစ်တွေကြောင့် တစ်ဖက်ကို သင်နမ်းလိုက်သလိုမျိုး ထပ်တူကျအောင်အတိအကျပေးပို့လှုံ့ဆော်ပေးနိုင်မယ့် စနစ်တွေပါဝင်တယ်လို့ ထုတ်လုပ်သူတွေက အခိုင်အမာဆိုထားပါတယ်။ shwekhitonlinetv.com

ဒီအရာလေးက RS တွေအတွက်သာမကဘဲ ဝေးကွာနေတဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ၊ ကလေးငယ်တွေ အတွက်ပါအသုံးဝင်လာနိုင်မှာဖြစ်ပြီး လောလောဆယ်မှာတော့ iPhone တွေနဲ့ပဲတွဲဖက်တပ်ဆင်ပြီး အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

စီးပွားရေးအကွက်မြင်တဲ့ နာမည်ကြီးအွန်လိုင်း Influencer တွေနဲ့ Celebrity အချို့ကတော့ ဒီပစ္စည်းကိုအသုံးပြုပြီး သူတို့ရဲ့အနမ်းကို ရောင်းချဖို့စီစဉ်နေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။