လေယာဥ်ထိုင်ခုံတွေ အများစုကို အပြာရောင်ချည်းပဲ အသုံးပြုကြတဲ့ အဓိက အကြောင်းအရင်း

လေယာဉ်စီးပြီးခရီးသွားကြတဲ့လူတွေဟာ လေယာဉ်ပေါ်အချိန်မှီတက်ရေး ပစ္စည်းပစ္စယာတွေနဲ့ သက်တောင့်သက်သာ နေရာချနိုင်ရေး စတဲ့အကြောင်းအချက်အမျိုးမျိုးကြောင့်လေယာဉ်ပေါ်ကခုံတွေရဲ့ အရောင်ကိုတော်ရုံသတိမထားမိကြပါဘူး။ shwekhitonlinetv.com

ဒါဆိုရင်နောက်နောင်လေယာဉ်စီးပြီးခရီးသွားခဲ့ရင် လေယာဉ်ရဲ့ထိုင်ခုံအရောင်တွေက ဘာအရောင်ဖြစ်မလဲဆိုတာကို သတိထားပြီးကြည့်ကြည့်လိုက်ပါ။ သင်စီးတဲ့အကြိမ်တိုင်းမှာ လေယာဉ်ထိုင်ခုံတွေရဲ့ အရောင်ကအပြာရောင်ချည်း ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ shwekhitonlinetv.com

ဘာလို့လေယာဉ်တွေရဲ့ုထိုင်ခုံအရောင်တိုင်းက အပြာရောင်ဖြစ်နေရသလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကိုတော့ အခုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အကြောင်ူအရာလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ကြပါဦးနော် …. shwekhitonlinetv.com

သန့်ရှင်းရလွယ်ကူခြင်း

အပြာရောင်ဟာအခြားသောအရောင်တွေနဲ့အလွယ်တကူရောစပ်နိုင်တဲ့အရောင်ဖြစ်ပါတယ်။ဆိုလိုတာကတော့ အပြာရောင်ပေါ်မှာ အခြားအရောင်တွေစွန်းထင်းညစ်ပေခဲ့ရင်တော်ရုံနဲ့မသိသာပါဘူး။ ဒါကြောင့် ထိုင်ခုံတွေကိုအပြာရောင်အဖြစ်ထားရှိခြင်းက မကြာခဏသန့်ရှင်းရေးလုပ်ဖို့မလိုသလို အသစ်လဲလှယ်ဖို့လဲ မလိုအပ်တော့ပါဘူး။ shwekhitonlinetv.com

မျက်စိအေးခြင်း၊ စိတ်ကိုတည်ငြိမ်စေခြင်း

ဒီအချက်ကတော့ ပထမဆုံးလေယာဉ်စီးရမယ့်အတွေ့အကြုံ၊ လေယာဉ်စီးရမှာထိတ်လန့်ကြောက်ရွံ့နေသူတွေ အတွက်ရည်ရွယ်ထားတာလို့သိရပါတယ်။ အပြာရောင်ဟာ ငြိမ်းချမ်းခြင်း၊ တည်ကြည်ခြင်းစတဲ့ သဘောတရားတွေကို ဆောင်ကျဉ်းတဲ့အမှတ်အသားဖြစ်တာကြောင့် လေယာဉ်ခုံတွေကို အပြာရောင်အဖြစ်ထားရှိတာဖြစ်ပါတယ်။ နောက်ပြီး အခြားအရောင်တွေထက်စာရင် အပြာရောင်ကမျက်စိကို အေးစေတယ်လို့ ထင်ရတယ်လေ။ shwekhitonlinetv.com

အေးမြစေခြင်း

တစ်ခါတစ်ရံမှာ အပူပိုင်းဒေသတွေရဲ့လေထုထဲကိုဖြတ်ပြီးပျံသန်းတဲ့အခါမှာ လေယာဉ်အတွင်းပိုင်းရဲ့ အပူချိန်က မြင့်တက်နေတက်ပါတယ်။ ဒီအခါမှာ လေယာဉ်ထဲလိုက်ပါလာတဲ့ခရီးသည်တွေအနေနဲ့ သက်တောင့်သက်သာမရှိဘဲ မအီမသာခံစားကြရပါတယ်။ သီအိုရီတစ်ခုရဲ့အဆိုအရတော့ အရောင်တွေဟာ လူတစ်ဦးရဲ့ စိုထိုင်းဆ၊ အပူချိန်နဲ့ အနံ့အသက်တို့ကို လွှမ်းမိုးနိုင်တယ်လို့ဆိုထားပါတယ်။ ဒီအထဲမှာ အပြာရောင်ကတော့ လူတွေကို အေးမြသန့်ရှင်းမှုနဲ့ လတ်ဆက်တဲ့ရနံ့တွေကို ပေးစွမ်းနိုင်တာကြောင့် လေယာဉ်ထိုင်ခုံတွေကို အပြာရောင်အဖြစ်အသုံးပြုထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

အမှတ်တံဆိပ်များကို သတိပြုမိစေခြင်း

စစ်တမ်းတွေအရဆိုရင် အမေရိကန်နိုင်ငံရဲ့ယုံကြည်စိတ်အချရဆုံးအမှတ်တံဆိပ် (၄၀) ခုစလုံးမှာ အပြာရောင်ကိုထည့်သွင်းအသုံးပြုထားကြတယ်လို့သိရပါတယ်။ ဆိုလိုတာကတော့ အပြာရောင်ဟာ သတိပြုလွယ်တဲ့အရောင်တစ်မျိုးဖြစ်ရုံသာမက စိတ်ချယုံကြည်မှုကိုပါဖြစ်ပေါ်ခံစားသေရတဲ့ အရောင်တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် အပြာရောင်လေယာဉ်ထိုင်ခုံတွေပေါ်မှာ ကုန်ပစ္စည်းအမှတ်တံဆိပ်ကြော်ငြာတွေကို ရေးဆွဲကြော်ငြာခြင်းက လူတွေအလွယ်သတိပြုမှတ်မိစေနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ လေယာဉ်ထိုင်ခုံတွေကို အပြာရောင်အဖြစ်ထားရှိရခြင်းနဲ့ပတ်သတ်တဲ့ ယေဘူယျအချက်လေးတွေပဲဖြစ်ပါတယ်။ တစ်ခြားမတူညီတဲ့ အကြောင်းပြချက်တွေနဲ့ လေယာဉ်ထိုင်ခုံတွေကို အပြာရောင်အဖြစ်အသုံးပြုနေကြတဲ့ လေကြောင်းလိုင်းတွေလည်းရှိပါတယ်။ နောက်ပြီးချွင်းချက်အနေနဲ့ လေယာဉ်ထိုင်ခုံတွေကို အနီရောင် ၊ အစိမ်းရောင် ထားပြီးအသုံးပြုတဲ့ လေကြောင်းလိုင်းတွေလည်းရှိတယ်ဆိုတာ ဖော်ပြရင်း အကြောင်းအရာလေးကို အဆုံးသတ်ပါရစေနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။