ပညာရှင်တွေ ဖန်တီးလိုက်တဲ့ အမွှေးမပါသော ကြက်များ အကြောင်း နှင့် သူတို့၏ အားသာချက်၊ အားနည်းချက်များ

အစ္စရေးနိုင်ငံ၊ Tel Aviv၊ Rehovot Agronomy Institute ရဲ့ မျိုးရိုးဗီဇဌာနမှ Avigdor Cahaner ဦးဆောင်တဲ့ သုတေသီတွေဟာ အမွေးမရှိတဲ့ ကြက်မျိုးစိတ်တွေကို အောင်မြင်စွာတီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

Naked Chicken လို့လူသိများတဲ့ ဒီကြက်တွေကိုဖန်တီးရခြင်းအကြောင်းအရင်းကတော့ နေ့စဉ်စားသုံးနေတဲ့ ကြက်သားတွေထက် ပိုမိုဈေးသက်သာပြီး စားသုံးသူတွေအတွက်ပိုမိုအဆင်ပြေစေဖို့လို့သိရပါတယ်။ တစ်ကယ်တော့ ဒီကြက်တွေဟာ မျိုးဗီဇပြုုပြင်မွမ်းမံထားခြင်းမရှိဘဲ သဘာဝနည်းလမ်းတွေနဲ့ နှစ် (၅၀) ကြာ လေ့လာစမ်းသပ်မှုတွေရဲ့ ရလဒ်တွေလို့လည်းဆိုပါတယ်။ shwekhitonlinetv.com

ဒီအမွှေးမရှိတဲ့ကြက်တွေဟာ သာမန်ကြက်တွေထက်အသားပိုများသလိုမျိုးခံစားကြရသလိုပဲ သူတို့ဟာ သာမန်ကြက်တွေထက်ပိုပြီး နေလောင်ဒဏ်၊ ခြင် ယင်နဲ့ ကပ်ပါးကောင်များဒဏ်တွေကို ပိုမိုခံကြရတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

အားသာချက်များ

သုတေသီတွေရဲ့ လေ့လာတွေ့ရှိမှုတွေအရ အမွှေးမပါတဲ့ကြက်တွေရဲ့ အားသာချက်တွေကိုဖော်ပြရမယ်ဆိုရင်တော့ သူတို့တွေက ကြီးထွားမှုမြန်တယ်၊ အဆီနည်းတယ်၊ စွမ်းအင်နဲ့ အစာကုန်ကျမှုနည်းတယ်၊ ပူပြင်းတဲ့ရာသီဥတုမှာ လိုက်လျောညီထွေနေနိုင်တယ်၊ ဂေဟစနစ်နဲ့ ပိုမိုကိုက်ညီအဆင်ပြေမှုရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အားနည်းချက်များ

ထို့အတူပဲ သူတို့မှာလည်းသာမန်ကြက်တွေနဲ့ယှဉ်ရင် အားသာချက်ရှိသလို အားနည်းချက်တွေလည်းရှိနေပြန်ပါတယ်။ သူတို့ရဲ့အားနည်းချက်တွေကို ဖော်ပြရမယ်ဆိုရင်တော့ သူတို့တွေဟာ အေးမြတဲ့ရာသီဥတုနဲ့ အရပ်ဒေသတွေမှာ အသက်ရှင်သန်ဖို့ခက်ခဲတယ်၊ ကပ်ပါးကောင်နဲ့ နေလောင်ဒဏ်တွေကို ပိုပြီးခံရတယ်၊ သူတို့သဘာဝအရ မိတ်လိုက်ဖို့အတွက်အမွှေးအတောင်တွေလိုအပ်တာကြောင့် တစ်ခါတစ်ရံမှာအထီးတွေက မိတ်လိုက်ဖို့ ပျက်ကွက်တက်တယ် (အတောင်ခတ်ပြီးမာန်ကြွားခြင်း စသဖြင့်)၊ အမတွေဟာ အမွှေးမရှိတာကြောင့် မိတ်လိုက်တဲ့အခါ အထီးတွေရဲ့ ခြေသည်းတွေနဲ့ကုတ်ခြစ်ခံရခြင်း နှုတ်သီးများဖြင့် ထိုးဆွခံရခြင်း စတဲ့ ဒဏ်ရာတွေရတက်ကြပါတယ်။ ဒါကြောင့်မွေးမြူသူတွေကတော့ အများအားဖြင့် အထီးတွေကို ခြေသည်းတွေညှပ်ပေးထားတက်ကြပါတယ်။ shwekhitonlinetv.com

အခုဖော်ပြခဲ့တာကတော့ အမွှေးမပါတဲ့ကြက်တွေနဲ့ပတ်သတ်တဲ့ အားနည်းချက် အားသာချက် ဗဟုသုတလေးတွေပဲဖြစ်ပါတယ်။ နောက်နောင်လည်း ဗဟုသုတရဖွယ်အကြောင်းလေးတွေကို အမြဲမပြတ် တင်ဆက်ပေးနေမှာဖြစ်လို့ စောင့်စားအားပေးကြပါဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။