အစားအသောက်နှင့် ပတ်သတ်ပြီး အသန့်ရှင်းဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့်ဘယ်လောက်ရသလဲ

Economist ဆိုတဲ့ဝက်ဘ်ဆိုက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့နိုင်ငံအသီးသီးရဲ့ အစားအသောက်တွေနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို စစ်တမ်းတွေကောက်ယူပြီး ကြေညာချက်တွေထုတ်ပြန်ပေးလေ့ရှိတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်အနေနဲ့ ၂၀၂၂ ခုနှစ်မှာ အစားအသောက်နဲ့ပတ်သက်လို့ အန္တရာယ်အကင်းဆုံးနဲ့ ဘေးဥပါဒ်အနည်းဆုံး နိုင်ငံတွေကိုထုတ်ပြန်ပေးခဲ့ပါတယ်။ shwekhitonlinetv.com

အစားအစာသန့်ရှင်းလတ်ဆတ်မှုဟာ နိုင်ငံတစ်နိုင်ငံမှာမှီတင်းနေထိုင်တဲ့ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့တိုက်ရိုက်အချိုးကျနေပြီး ကျွန်တော်တို့မြန်မာနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၇၂) နေရာမှာ ရမှတ် (၅၇.၆) မှတ်နဲ့ရပ်တည်လျှက်ရှိပါတယ်။ ဒီစာရင်းမှာဦးဆောင်နေတဲ့ ထိပ်ဆုံး (၁၀) နိုင်ငံကိုဖော်ပြရမယ်ဆိုရင်တော့ …. shwekhitonlinetv.com

၁၀။ ပေါ်တူဂီ – (၇၈.၇) မှတ်

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပေါ်တူဂီနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၁၀) နေရာမှာရှိနေပါတယ်။ ပေါ်တူဂီနိုင်ငံဟာ ပြီးခဲ့တဲ့ (၂၀၂၁) ထုတ်ပြန်ချက်မှာ အဆင့် (၂၀) အတွင်းတောင်မဝင်ခဲ့ဘဲ ယခုနှစ်မှ အဆင့် (၁၀) နေရာချိတ်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ယူနိုက်တက်ကင်းဒမ်း – (၇၈.၈) မှတ်

ယူကေ ကတော့ပြီးခဲ့တဲ့ နှစ်မှာဒီစာရင်းရဲ့ အဆင့် (၃) နေရာမှာရှိခဲ့ပေမယ့် အစားအစာရရှိနိုင်မှု ကြာရှည်သိုလှောင်ထားနိုင်မှုအပိုင်းတွေမှာ အနည်းငယ်အားနည်းခဲ့တာကြောင့် ၂၀၂၂ ခုနှစ်စာရင်းမှာတော့ အဆင့် (၉) နေရာကိုကျဆင်းသွားခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ ကနေဒါ – (၇၉.၁) မှတ်

ကနေဒါကတော့ မနှစ်ကအတိုင်းပဲ ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ကနေဒါနိုင်ငံအနေနဲ့ အစားအစာတွေကိုကြာရှည်အောင်ထိန်းသိမ်းထားနိုင်ခြင်းနဲ့ အရန်သင့်အစားထိုးနိုင်မှုမှာ အနည်းငယ်ကျဆင်းသွားပေမယ့် ဒီအဆင့်မှာဆက်လက်ရပ်တည်နေနိုင်တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဆွီဒင် – (၇၉.၁) မှတ်

စကင်ဒီနေးဗီးယန်း နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံကတော့ မနှစ်က ဒီစာရင်းရဲ့ အဆင့် (၁၃) နေရာမှာသာရှိခဲ့ပေမယ့် သန့်ရှင်းလတ်ဆက်ပြီး အရည်အသွေးမြင့်တဲ့ စားသောက်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်မှာတော့ ဆင့် (၇) နေရာအထိရောက်ရှိလာတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဂျပန် – (၇၉.၅) မှတ်

အာရှိထိပ်သီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ ဒီစာရင်းမှာပါဝင်တဲ့တစ်ခုတည်းသောအာရှနိုင်ငံဖြစ်ပါတယ်။ မနှစ်က စာရင်းမှာ ဂျပန်တို့ဟာ ရမှတ် (၇၉.၁) မှတ်သာရရှိခဲ့ပေမယ့် အစားအသောက်တွေရဲ့ အရည်အသွေးကို မကျအောင်ဆက်လက်ထိန်းသိမ်းထားနိုင်တာကြောင့် ဒီနှစ်မှာတော့ (၇၉.၅) မှတ်အထိရရှိကာ အဆင့် (၆) နေရာကိုရောက်လာတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ နယ်သာလန် – (၈၀.၁) မှတ်

နယ်သာလန်နိုင်ငံကတော့ လူနေမှုအဆင့်အတန်းမြင့်မားမှုနဲ့အတူ ဒီစာရင်းရဲ့ ထိပ်ဆုံး (၅) နေရာမှာအမြဲပါဝင်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ရမှတ် (၈၀.၁) မှတ်ရရှိခဲ့လို့ ၂၀၂၁ ခုနှစ်က ရရှိခဲ့တဲ့ ရမှတ် (၇၉.၉) မှတ်ထက်အနည်းငယ် တိုးတက်လာတာလည်းတွေ့ရပါတယ်။ shwekhitonlinetv.com

၄။ ပြင်သစ် – (၈၀.၂) မှတ်

ပြင်သစ်ကတော့ ဒီနှစ်မှာ အညွှန်းကိန်းရမှတ် (၁၀) နီးပါးတိုးတက်လာမှုနဲ့ အတူ အဆင့် (၄) နေရာအထိရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံအစားအသောက် ကြီးကြပ်ကွပ်ကဲရေး ဌာနရဲ့ စားသောက်ကုန်တွေအပေါ်တင်းကျပ်တဲ့စည်းမျဉ်းဥပဒေတွေနဲ့ အရေးယူမှုရဲ့ ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ နော်ဝေး – (၈၀.၅) မှတ်

ပြီးခဲ့တဲ့နှစ်က ရမှတ် (၇၆.ဝ) မှတ်ပဲရခဲ့ပြီး အဆင့် (၂၀) သာရခဲ့တဲ့နော်ဝေးနိုင်ငံဟာ ဒီနှစ်မှာတော့ ရမှတ် (၈၀.၅) မှတ်အထိတောင်ရရှိခဲ့တာကြောင့် အဆင့် (၃) နေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ နော်ဝေးအစိုးရကတော့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အစားအသောက်အရည်အသွေးပေါ်အလေးထားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်လည်း ထင်ရှားပါတယ်။ shwekhitonlinetv.com

၂။ အိုင်ယာလန် – (၈၁.၇) မှတ်

မနှစ်ကဒီစာရင်းကိုဦးဆောင်ခဲ့တဲ့ အိုင်ယာလန်နိုင်ငံဟာ ယခုနှစ်မှာတော့ ရမှတ် (၈၁.၇) မှတ်ပဲရရှိခဲ့ပြီး ဖင်လန်နိုင်ငံရဲ့ကျော်တက်မှုကိုခံခဲ့ရပြီး အဆင့် (၂) နေရာကိုရောက်ရှိခဲ့ပါတယ်။ အစားအသောက်လတ်ဆက်ပြီး ပေါပေါများများရရှိတဲ့ အိုင်ယာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံသားအလိုက်သက်တမ်းအရှည်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဖင်လန် – (၈၃.၇) မှတ်

ဥရောပတိုက် စကင်ဒီနေးဗီးယန်းဒေသက ဖင်လန်နိုင်ငံကတော့ ကဏ္ဍအစုံမှာ တဖြည်းဖြည်းတိုးတက်နေတဲ့နိုင်ငံပီပီ ဒီစာရင်းကိုလည်းဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာနိုင်ငံသားအလိုက်ပျော်ရွှင်မှုအပေးနိုင်ဆုံးနိုင်ငံတွေထဲမှာလည်း ထိပ်တန်းအဆင့်မှာရှိတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။