ထိုင်းနိုင်ငံရဲ့ သရဲအခြောက်ဆုံး နေရာ ၁၀ ခု

နာမ်လောကဆိုင်ရာ ထူးဆန်းမှုတွေနဲ့ ပက်သက်ပြီး ယုံကြည်သူတွေရှိသလို မယုံကြည်သူတွေလည်း များပြားလှပါတယ်။ ခေတ်မှီနည်းပညာများ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အဆိုပါနာမ်လောကကို ဆက်သွယ်နိုင်ဖို့အတွက် ခေတ်မှီနည်းစနစ်တွေကိုလည်း အသုံးပြုလာကြပါတယ်။ ယုံကြည်သူ မယုံကြည်သူတွေ ရှိနေပေမယ့် နာမ်လောကဆိုင်ရာ အကြောင်းအရာများ အဖြစ်အပျက်များကတော့ ကွယ်ပျောက်ခြင်းမရှိပဲ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ယနေ့ထက်တိုင် ပြောဆိုလျက်ရှိပါတယ်။ ဒါ့ကြောင့် နာမ်လောကဆိုင်ရာ အဖြစ်အပျက်များနဲ့ပက်သက်ပြီး နာမည်ကြီးတဲ့ ထိုင်းနိုင်ငံရဲ့ နေရာ ၁၀ ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Suvarnabhumi Airport

မြန်မာလူမျိုးတွေအနေနဲ့ သုဝဏ္ဏဘူမိလေဆိပ်လို့ အသိများတဲ့ ထိုင်းနိုင်ငံရဲ့ အဆိုပါလေဆိပ်ဟာ သရဲခြောက်တဲ့လေဆိပ်တခုလို့ သိရှိရပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်ဟာ ယခင်သင်္ချိုင်းဟောင်းပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ကွယ်လွန်သွားသူတွေရဲ့ ဝိညာဥ်တွေကိုတော့ အခြားနေရာကို ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ လေယာဥ်ကွင်းအလုပ်သမားများရဲ့ ပြောပြချက်အရ အချို့ဝိညာဥ်တွေဟာ တခါတရံမှာ အနှောင့်အယှက်ပေးတတ်ကြတယ်လို့ သိရပါတယ်။ လေယာဥ်ကွင်းဖွင့်လှစ်ပြီး မကြာခင်မှာ သံဃာ ၉၉ ပါးပင့်ဖိတ်ပြီး ရိုးရာဓလေ့အရ မကောင်းဆိုးဝါးနှင်ထုတ်တဲ့ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

သင်္ချိုင်းစောင့်တဦးဖြစ်ခဲ့ဖူးတဲ့ Poo Ming ဆိုတဲ့သူဟာ ဝန်ထမ်းလူငယ်တဦးကို ဝင်ရောက်ပူးကပ်ခဲ့ဖူးတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ယာဥ်တိုက်မှုများ ၊ လေကြောင်းဆိုင်ရာ ပြဿနာများနဲ့ ပုံမှန်မဟုတ်တဲ့ အရိပ်အရောင်များတွေ့ရခြင်း စတဲ့ အဖြစ်အပျက်များကို မမြင်ရတဲ့နာမ်လောကရဲ့ အနှောင့်အယှက်များအဖြစ် သတ်မှတ်ကြပါတယ်။ အခုချိန်မှာတော့ အဆိုပါလေယာဥ်ကွင်းထဲမှာ သရဲတစ္ဆေအကျွတ်အလွတ်ပွဲများ ကျင်းပခြင်းနဲ့ များစွာသော နတ်ကွန်းများထားရှိကာ မကျွတ်မလွတ်သေးတဲ့ ဝိညာဥ်များအတွက် နှစ်သိမ့်ထားတယ်လို့ သိရပါတယ်။​ shwekhitonlinetv.com

၂။ Jangmuarinnakorn House

ဒီအိမ်ကြီးကတော့ ချင်းမိုင်မြို့က သရဲအခြောက်ဆုံးအဆောက်အဦတွေထဲက တခုဖြစ်ပါတယ်။​ Jangmuarinnakorn House လို့ခေါ်ကြပြီး တနည်းအားဖြင့် အဖြူရောင်ခြင်္သေ့အိမ်တော်လို့လည်း လူသိများကြပါတယ်။ ကြီးမားပြီး တစစီပြိုလဲနေတဲ့ ခန့်ညားထည်ဝါတဲ့ အိမ်ကြီးရဲ့ အပိုင်းအဆတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုတုန်းကတော့ သေချာပေါက်သစ်လွင်လှပနေခဲ့မှာပါ။ ဒေသခံတွေရဲ့ ပြောကြားချက်အရ Jangmuarinnakorn House ရဲ့ မြေနေရာဟာ ကံဆိုးစေတတ်တာကြောင့် သတိထားဖို့ ပြောကြားခဲ့ပေမယ့် မြေပိုင်ရှင်ကတော့ ဂရုမစိုက်ခဲ့ပဲ Jangmuarinnakorn House ကိုတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ယုံတမ်းစကားများအရ ဒီအိမ်ကြီးရဲ့ ပိုင်ရှင်ဟာ ထူးထူးဆန်းဆန်းပြုမူလာပြီး သူ့ရဲ့ မိသားစုဝင်တွေအားလုံးကို အိမ်ကြီးထဲမှာပဲ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဆိုပါ သရဲခြောက်တဲ့အိမ်ကြီးဟာ ဝယ်ယူသူမရှိပဲ တဖြေးဖြေးနဲ့ ပျက်ဆီးယိုယွင်းလာခဲ့ပါတယ်။ shwekhitonlinetv.com

၃။ River Kwai Bridge နဲ့ Hellfire Pass

Kanchanaburi ( ကန်ချနပူရီ ) မှာတည်ရှိတဲ့ အဆိုပါ တံတားနဲ့ ရထားသံလမ်းဟာ မြန်မာပြည်မှာရှိတဲ့ သေမင်းတမန်ရထားလမ်းနဲ့ ဆက်စပ်နေတဲ့ လမ်းတခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ တည်ဆောက်ထားခဲ့တဲ့ အဆိုပါ ရထားလမ်းဟာ သရဲအခြောက်ဆုံးရထားလမ်းအဖြစ် နာမည်ကြီးနေခဲ့တယ်ဆိုတာ အံ့သြစရာမရှိပါဘူးနော်။ အကျဥ်းသားများစွာနဲ့ ဒေသခံတို့ရဲ့ အသက် သွေး ချွေးများနဲ့ တည်ဆောက်ခဲ့ရတဲ့ အဆိုပါ ရထားသံလမ်းကြီးဟာ အခုချိန်မှာတော့ လာရောက်လည်ပတ်သူများနဲ့ စည်ကားလျက်ရှိပါတယ်။ တွက်ချက်မှုများအရ ၂၅၈ မိုင်ရှည်လျားတဲ့ အဆိုပါရထားသံလမ်းရဲ့ ဇလီဖာတုံးတခုချင်းစီတိုင်းမှာ လူတယောက်နှုန်းနဲ့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ Koh Hingham

Satun မှာတည်ရှိတဲ့ Koh Lipe ရဲ့ အနီးနားလေးက ကျွန်းငယ်လေးတခုဖြစ်ပါတယ်။ အဆိုပါ ကျွန်းငယ်လေးကို နေ့ချင်းပြန်သွားရောက်လည်ပတ်နိုင်တဲ့အထိ နီးကပ်တာကြောင့် ကျွန်းငယ်လေးပေါ်မှာ နေထိုင်သူ မရှိကြပါဘူး။ ရေရဲ့ တိုက်စားမှုကြောင့် ချောမွေ့ပြောင်လက်နေတဲ့ ကျောက်တုံးလေးတွေဟာ ကျွန်းရဲ့ အဓိကဆွဲဆောင်မှုတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါကျောက်တုံးလေးတွေကို ကျွန်းပေါ်ကနေ ယူဆောင်သွားတာ ဒါမှမဟုတ် တနေရာကနေ တနေရာကို ပြောင်းရွှေ့ခြင်း မပြုရဘူးလို့ ယုံကြည်ကြပါတယ်။ အဲ့ဒီလိုလုပ်ခဲ့မိမယ်ဆိုရင်တော့ ကျောက်တုံးတစ်ခုလောက်ကို လုပ်မိတယ်ဆိုရင်တောင် နတ်ဘုရားတွေက စိတ်ဆိုးပြီး လက်စားချေတတ်ကြတယ်လို့ ဆိုပါတယ်။ နှစ်စဥ်တိုင်းမှာ အမျိုးသားဥယျာဥ်ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဝန်ထမ်းတွေဆီကို ကျောက်တုံးတွေ ပြန်ပို့တဲ့အဖြစ်အပျက်များစွာရှိပါတယ်။ နာမ်လောကနဲ့ပက်သက်တဲ့ သတိပေးတားမြစ်ချက်တွေကို ဂရုမစိုက်ပဲ ယူဆောင်သွားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပြန်ပို့ပေးခဲ့ရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Baiyoke Sky Hotel

Baiyoke Sky Hotel ဟာ တချိန်က ဘန်ကောက်မှာ အမြင့်မားဆုံး အဆောက်အဦတခုဖြစ်ခဲ့ပြီး အရှေ့တောင်အာရှရဲ့ အမြင့်မားဆုံးဟိုတယ်တွေထဲက တခုဖြစ်ပါတယ်။ ဟိုတယ်ကို ဆောက်လုပ်နေစဥ်အတွင်းမှာ အလုပ်သမား ၃ ဦးဟာ ၈၈ထပ်အမြင့်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုနဲ့ လုံခြုံမှုမရှိတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကြောင့် အသက်ဆုံးရှုံးရတာ ဖြစ်နိုင်ပါတယ်။ ထို့နောက်မှာတော့ အဆိုပါ တန်ဖိုးကြီးဟိုတယ်ကြီးအတွင်းမှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်များ တွေ့ရှိလာရပါတယ်။ တည်းခိုသူများနဲ့ ဝန်ထမ်းများရဲ့ပြောပြချက်အရ အရာဝတ္ထုတွေက ထူးထူးဆန်းဆန်းရွေ့လျားနေခြင်း နဲ့ ကြောက်စရာကောင်းတဲ့ အရိပ်များကို တွေ့ရခြင်း အစရှိတဲ့ ထူးဆန်းဖြစ်စဥ်အမြောက်အများကို ကြုံတွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၆။ Koh Kham Noi

Chonburi ကမ်းရိုးတန်းအနီးနားမှာတည်ရှိတဲ့ Koh Kham Noi လို့ခေါ်တဲ့ ကျွန်းငယ်လေးတခုဖြစ်ပါတယ်။​ Koh Kham Noi နေရာဟာ ရှေးယခင်က လူတွေကို မြှုပ်နှံသင်္ဂြိုလ်ရာနေရာတခုအဖြစ် အသုံးပြုခဲ့ကြပါတယ်။ မြှုပ်နှံသင်္ဂြိုလ်ခံရတဲ့ ရုပ်အလောင်းတွေဟာ ကွဲပြားခြားနားတဲ့ ရိုးရာယဥ်ကျေးမှုများ ဓလေ့ထုံးတမ်းများကို လက်ခံကျင့်သုံးကြတဲ့ အမျိုးမျိုးသော လူမျိုးပေါင်းစုံပဲ ဖြစ်ပါတယ်။ ရင်ထိတ်စရာကောင်းတဲ့ အခြေအနေတွေကို ကြုံတွေ့ရလေ့ရှိတာကြောင့် သရဲကျွန်းလို့လည်း ဒေသခံတွေက ခေါ်ဆိုတတ်ကြပါတယ်။ လာရောက်လည်ပတ်သူတွေကတော့ ပုံမှန်မဟုတ်တဲ့ အသံတွေကြားရခြင်းနဲ့ ဝိညာဥ်တွေကိုလည်း တွေ့မြင်ရတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၇။ Ayutthaya Historical Park

အယုဒ္ဓယသမိုင်းဝင်ပန်းခြံအပါအဝင် များပြားလှစွာသော ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်တွေမှာ သရဲခြောက်တတ်တယ်လို့ ဆိုကြပါတယ်။ ထိုရှေးဟောင်းအပျက်အဆီးများကြားမှာ မကျွတ်မလွတ်နိုင်တဲ့ ဝိညာဥ်တွေဟာ လှည့်လည်သွားလာနေနိုင်တယ်လို့ လူအများအပြားက ယုံကြည်ကြပါတယ်။ ထိုင်းမင်းသားကိုယ်တော်တိုင်တောင်မှ အယုဒ္ဓယမှာရှိတဲ့ Wat Kudi Dao ဘုရားကျောင်းရဲ့ ဌာပနာတွေကို စောင့်ရှောက်နေတဲ့ Pu Som Fao Sap ဆိုတဲ့ အစောင့်အရှောက်ကို ခေါင်းမပါပဲ တွေ့ဖူးတယ်လို့ ဆိုပါတယ်။ ထို့အပြင် ရှေးယခင်က ဗမာစစ်သည်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းလူမျိုးအများအပြားဟာလည်း ထိုနေရာမှာ သေဆုံးခဲ့ကြရပါတယ်။ shwekhitonlinetv.com

၈။ Bang Pu Shoe Factory

Bang Pu ဆိုတဲ့နေရာဟာ ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံးသော စက်မှုဇုန်များတည်ရှိရာ နေရာတခုဖြစ်ပါတယ်။ Bang Pu စက်မှုဇုန်ဟာ နိုင်ငံရဲ့လည်သာထုတ်လုပ်ရာ အဓိကစက်မှုဇုန်တခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါစက်မှုဇုန်မှာ ယနေ့အထိ ဘယ်သူမှခြေမချရဲတဲ့ ဖိနပ်စက်ရုံတခုတည်ရှိပါတယ်။ အက်စီးဒင့်တခုကြောင့် ဖိနပ်စက်ရုံမှာရှိတဲ့ ဝန်ထမ်းများဟာ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း အများအပြားရှိခဲ့ပါတယ်။ အဆိုပါဖြစ်စဥ်ဖြစ်ပျက်ပြီးနောက်မှာတော့ ခြောက်လှန့်မှုတွေစတင်တွေ့ရှိလာတယ်လို့ အလုပ်သမားများက ဆိုကြပါတယ်။ စက်ရုံဟာ စီးပွားရေးပြိုလဲလာပြီးနောက်မှာတော့ စက်ရုံပိုင်ရှင်လည်း အဆိုပါအဆောက်အဦထဲမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ shwekhitonlinetv.com

၉။ Khao Lak

Khao Lak ဆိုတဲ့ မြို့လေးကတော့ Phang Nga ပြည်နယ်မှာရှိပြီး လှပတဲ့ ပင်လယ်ကမ်းစပ်မြို့လေးတခုဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ စူနာမီမုန်တိုင်းကြောင့် မြို့တခုလုံး ဆိုးဆိုးရွားရွားထိခိုက်ပျက်ဆီးခဲ့ရပါတယ်။ မုန်တိုင်းကြောင့် အနည်းဆုံးလူပေါင်း ၄၀၀၀ နီးပါးသေဆုံးခဲ့ပါတယ်။ ထို့နောက်မှာတော့ အပျက်အဆီးပုံထဲကနေပြီး ဟိုတယ်များ ၊ လူနေအိမ်များ ၊ တည်းခိုရာ resort များနဲ့ အခြားသောစီးပွားရေးလုပ်ငန်းများစွာကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ကြရပါတယ်။ များပြားလှစွာသော ထိုင်းလူမျိုးတွေရဲ့ ပြောပြချက်အရ အဆိုပါကမ်းရိုးတန်းဒေသလေးမှာ စူနာမီကြောင့် သေဆုံးခဲ့ရတဲ့ မကျွတ်မလွတ်သေးတဲ့ ဝိညာဥ်တွေဟာ ခြောက်လှန့်နေတတ်တယ်လို့ ဆိုပါတယ်။ လာရောက်လည်ပတ်သူများကလည်း ထိုကမ်းရိုးတန်းဒေသလေးရဲ့ ဟိုတယ်တွေမှာ မကြာခဏထူးဆန်းတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

၁၀။ Kamchanod Forest

Kamchanod Forest ဟာပတ်ပတ်လည်မှာ ရေတွေနဲ့ဝန်းရံထားတဲ့ ကျွန်းငယ်လေးတခုဖြစ်ပါတယ်။ ကျွန်းငယ်လေးရဲ့ အောက်ထဲမှာ ဂူတွေရှိပြီး ဒဏ္ဍာရီလာပြောဆိုချက်များအရ ဂူတွေဟာ နဂါးမင်းနေထိုင်ရာနေရာလို့ ယုံကြည်ကြပါတယ်။ ရိုးရာဓလေ့များကို ယုံကြည်သူများကတော့ အဆိုပါနဂါးတွေဟာ ကောင်းကင်ထက်ကို ကြီးမားတဲ့ မီးလျှံများမှုတ်ထုတ်ပြီး ဗုဒ္ဓဘုရားကို ကောင်းကင်ဘုံသွားနိုင်စေဖို့အတွက် ကူညီကြတယ်လို့ ဆိုကြပါတယ်။ တောအုပ်လေးထဲမှာ အမျိုးမျိုးသော သရဲတွေက ခြောက်လှန့်တတ်ကြပြီး ရုပ်ရှင်လာရိုက်တတ်တဲ့သူတွေပါ ခြောက်လှန့်မှုတွေကြုံရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။