များပြားလှတဲ့ ရတနာတွေကို အပြင်မှာအမှန်တစ်ကယ် ရှာဖွေ တွေ့ရှိခဲ့တဲ့သူများ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ကမ္ဘာကျော်မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဟာရီဆင်ဖို့ဒ် ရဲ့ အင်ဒီယာနာဂျုံးစ် ဇာတ်လမ်းတွေကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒါဟာစိတ်ကူးနဲ့ဖန်တီးထားတဲ့ ဇာတ်လမ်းတွေဆိုပေမယ့် ဒီဇာတ်လမ်းလိုမျိုးပဲ အပြင်လောကမှာ အမှန်တကယ် ရတနာတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ သူတွေတော့ရှိနေပါတယ်။ shwekhitonlinetv.com

၁။ ဂျီယိုဗင်နီ ဘက်တစ္စတာ (Giovanni Battista)

အီဂျစ်ဂူသင်္ချိုင်းတွေကို ရှာခဲ့သူတွေထဲမှာတော့ ဂျီယိုဗင်နီက အတော်လေးကို စောတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေကိုတွေ့ရင် ပွပေါက်တိုးမယ်မှန်းလဲ သိပြီးတော့ ရွှေတွေကို ရနိုင်မှန်း သူသိခဲ့ပါတယ်။ သူအသက် (၄၀) ဝန်းကျင်လောက်မှာ ရှေးဟောင်း အီဂျစ် ဂူသင်္ချိုင်းတစ်ခုကို တွေ့ပြီးတော့ ကျိန်စာတိုက်ထားတဲ့ အဖိုးတန် ပစ္စည်းတွေကို ယူခဲ့ပါတယ်။ ဒီအရာတွေပြတိုက်ကို ပြန်ရောင်းစားပြီး သူဌေးဖြစ်လာပေမယ့် ကျိန်စာကြောင့် (၄၅) နှစ်အရွယ်အရောက်မှာ သေဆုံးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ မဲလ်ဖစ်ရှာ (Mel Fisher)

ဒီအမေရိကန် အမျိုးသားကြီးကတော့ ကြက်တွေမွေးမြူရေးကို အဓိက လုပ်ကိုင်တာဖြစ်ပြီးတော့ သူဟာ ကြက်ခြံသစ်အတွက် မြေတူးရင်းမထင်မှတ်ဘဲ ရတနာသေတ္တာကြီး တွေ့ခဲ့တာဖြစ်ပါတယ်။ရွှေတွေ ငွေတွေနဲ့ ကျောက်သံပတ္တမြားတွေပါဝင်ပြီး ဒီသေတ္တာကို (၁၇) ရာစုလောက်က ပင်လယ်ဓားပြတွေ မြုပ်ခဲ့တာ လို့လည်း မှတ်တမ်းတွေအရသိရပါတယ်။ တန်ကြေးအားဖြင့်တော့ သူရှာတွေ့တဲ့ (၁၉၈၅) ခုနှစ်မှာပဲ ဒေါ်လာ သန်း (၄၀) နီးပါးရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒေါက်တာ လီစပန့်စ် (Dr E. Lee Spence)

ဒေါက်တာ လီစပန့်စ် (Dr E. Lee Spence)ဆိုတဲ့ အမျိုးသားကတော့ ငယ်ငယ်ထဲက စွန့်စားခန်းရတာကို ကြိုက်နှစ်သက်ပြီး ရတနာသိုက်ရှာဖွေတဲ့ အလုပ်မျိုးကိုလည်း အထူးစိတ်ဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ လူပျိုပေါက်ဖြစ်တဲ့ အချိန်မှာတော့ ရတနာသိုက်ရှာဖွေဖို့ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလို ရှာချိန်မှာလည်း သူဟာ တကယ်ပဲ ရတနာသေတ္တာကို တွေ့ခဲ့ပါတယ်။ သူ့ရှာဖွေမှု သက်တမ်း (၁၂) နှစ်လောက်ကြာတဲ့အချိန်မှာ သူဟာ ရေအောက် သင်္ဘောပျက်ထဲက လက်ဝတ်လက်စားတွေကို တွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပစ္စည်းတွေရဲ့ အနည်းဆုံး တန်ကြေးတော့ ဒေါ်လာ သန်း (၁၀၀) လောက်ရှိ တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ ဘရန့်ဘရစ္စဘမ်း နှင့် အဲရစ်ရှမစ်သ် (Brent Brisben and Eric Schmidt)

ဒီ ရေငုပ်သမားနှစ်ယောက်ဟာ ဖလော်ရီဒါကျွန်းဘက်မှာ ရွှေဒင်္ဂါးတွေတွေ့ခဲ့တာဖြစ်ပါတယ်။ ဒါဟာ စပိန်တွေရဲ့ ဒင်္ဂါးဖြစ်ပြီးတော့ ဒေါ်လာ (၁) သန်းဖိုးလောက်ရှိတာဖြစ်ပါတယ်။ (၁၇၁၅) ခုနှစ်လောက်က သွန်းလုပ်ခဲ့တဲ့ ရွှေဒင်္ဂါး အခုပေါင်း (၃၅၀) လောက်တွေ့ရတာဖြစ်ပြီး သူတို့ဟာ ပြတိုက်ကို ပြန်အပ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ ကပ္ပတိန် ရောဘတ်မက္ကင်နွန် (Captain Robert Mckinnon)

သင်္ဘောကပ္ပတိန်တစ်ဦးဖြစ်တဲ့ ရောဘတ်မက္ကင်နွန် (Robert Mckinnon) ကတော့ အင်ဒီယန်နာဂျုံးလို သေဘေးနဲ့ တွေ့ပြီးတော့ ရှေးဟောင်းပစ္စည်းတွေ များစွာရခဲ့တာဖြစ်ပါတယ်။ Cape Breton ဆိုတဲ့ ကျွန်းပေါ်ရောက်ခဲ့ပြီးတော့ ဒီကျွန်းကိုအရင်ထဲက သေမင်းတမန်ကျွန်းလို့ ခေါ်ပါတယ်။ဒီကျွန်းမှာ ထူးဆန်းတဲ့ အခြေအနေတွေဖြစ်ခဲ့ပြီးတော့ ရွှေတွေ၊ ငွေတွေနဲ့ လုပ်ထားတဲ့ အရုပ်တွေကို တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါတွေကို ကပ္ပတိန်ကတော့ (၁၈၁၂) ခုနှစ်မှာ ကျွန်းက ပြန်လာပြီး ဒီအရုပ်တွေကို အစိုးရထံ အပ်နှံခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ မာတင် ဘာယာလီ (Martin Bayerle)

(မာတင်) Martin ကတော့ မျက်လုံးတဖက်မရှိပဲ ပုံပြင်ထဲက ပင်လယ်ဓားပြတွေနဲ့ အသွင်တူပါတယ်။သူဟာ သူ့ဇနီးနဲ့ ရန်ဖြစ်ရင်း မျက်လုံး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။သူ့ဇနီးကိုတော့ သူဟာ အကြီးအကျယ်အကြမ်းဖက်ခဲ့ လို့ထောင်ကျခဲ့တယ်လို့လည်းသိရပါတယ်။ ထောင်ကျပြီး (၂၀၀၉) ခုနှစ်မှာ ပြန်လွှတ်လာပြီးတော့ သင်္ဘောလိုက်ခဲ့ပါတယ်။ တစ်နေ့မှာ ရေငုပ်ရင်း သူတွေ့ရှိခဲ့တာကတော့ ဒေါ်လာ (၂) ဘီလျှံလောက်တန်တဲ့ ရှေးဟောင်းဝိုင်တွေနဲ့ ရှန်ပိန်ပုလင်းတွေပါရှိတဲ့ သင်္ဘောပျက်ကြီးတစ်စီးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ တော်မီ ဂျီ သွန်မဆင်(Tommy .G.Thompson)

ဗဟိုအမေရိကားမှာ နေထိုင်ပြီးတော့ သူဟာ ကယ်လီဖိုးနီးယားကမ်းခြေဘက်မှာ ရတနာသေတ္တာတစ်ခုကို တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူဒါတွေကို အောက်ဈေးနဲ့ ရောင်းပြီး ဒေါ်လာ (၁၀၀၀) လောက်ဖြုန်းအပြီးမှာ သူ့ကို ရဲက ဖမ်းသွားပါတယ်။ သူဟာ အရင်က သူခိုးတစ်ယောက်ဖြစ်လို့ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့သူတစ်ယောက်ဖြစ်ပြီး ဖမ်းမိတဲ့အချိန်မှာ ရတနာတွေလည်း သိမ်းခံလိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။