အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်က (Minnesota)၊ အော်လ်ဖီးလ်စမ်းသပ်ခန်း (Orfield Labs) မှာတော့ ရူးတွေကိုရူးသွပ်အောင်ပြုလုပ်နိုင်တဲ့ Anechoic Chamber ဆိုတဲ့စမ်းသပ်ခန်းတစ်ခုရှိပါတယ်။ shwekhitonlinetv.com

အခန်းတစ်ခန်းကဘယ်လိုကြောင့် လူတွေကိုရူးသွပ်သွားစေနိုင်ရသလဲလို့မေးလာခဲ့ရင်တော့ အဲ့ဒီလူကို ဒီအခန်းထဲနာရီအနည်းငယ်လောက် တစ်ယောက်တည်း ထည့်ထားတာကအကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်။ နာရီအနည်းငယ်ကြာလို့ ဒီအခန်းထဲကနေပြန်ထွက်လာပြီးမရူးသွပ်ဘူးဆိုရင်တော့ ဒီလူက ပုံမှန်မဟုတ်တဲ့ အာဂလူဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com
ဘာကြောင့်အခုလိုပြောရသလဲဆိုတော့ ဒီအခန်းက သင့်အိမ်ကလိုသာမန်အခန်းတစ်ခုမဟုတ်ဘဲ သုတေသနလုပ်ငန်းတွေအတွက် အထူးပြုလုပ်ထားတဲ့အခန်းတစ်ခန်းဖြစ်နေလို့ပါ။ shwekhitonlinetv.com

ကမ္ဘာပေါ်မှာအတိတ်ဆိတ်ဆုံးအခန်းဆိုပြီး ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ဒီအခန်းအတွင်းပျမ်းမျှတိတ်ဆိတ်မှု အဆင့်ဟာ အနုတ် (၉) ဒက်ဆီဘယ် (-9 Decibles) သာရှိပါတယ်။ ဒါဟာအပြင်ကနေဘယ်လိုအသံမျိုးမှဝင်ရောက်မလာနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလိုမျိုးအရမ်းတိတ်ဆိတ်လွန်းတာကြောင့် ဒီနေရာမှာနေနေမယ်ဆိုရင် လူတစ်ယောက်အနေနဲ့ မိမိရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊ အစာအိမ် စတာတွေရဲ့ လုပ်ဆောင်ချက်တွေကို နားကနေ အတိုင်းသားကြားနေရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

အမှောင်ထဲမှာဆိုရင်တော့ ဒါဟာတစ်ကယ့်ကိုခြောက်ခြားစရာ ဖြစ်မှာအမှန်ပါပဲ။ ဒါကြောင့်လည်း ဒီအခန်းမှာအကြာဆုံးနေနိုင်ခဲ့တဲ့သူက (၄၅) မိနစ်ပဲနေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတောင်အတော်သတ္တိကောင်းပြီး အသိနဲ့သတိ ကပ်ထားတဲ့သူမို့လို့ပါ။ သာမန်လူတစ်ယောက်ဆိုရင်တော့ အခြေအနေကတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ shwekhitonlinetv.com
ဒီအခန်းကို ရေဒီယိုကြိမ်နှုန်းပြပစ္စည်းကိရိယာတွေနဲ့ အင်တာနာဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ၁၉၅၀ ခုနှစ်အစောပိုင်းတွေကတည်းကအသုံးပြုခဲ့တာလို့သိရပါတယ်။ အပြင်ဘက်ကနေကျူးကျော်ဝင်ရောက်လာမယ့် လျှပ်စစ်သံလိုက်လှိုင်းတွေကိုတားဆီးပေးနိုင်သလို အပြင်ကိုလျှပ်စစ်သံလိုက်လှိုင်းတွေထုတ်လွှတ်မှုကိုလည်း ကာကွယ်ထားပါတယ်။ shwekhitonlinetv.com

ဒါကြောင့်ဒီအခန်းထဲမှာပဲ့တင်သံဆိုတာလည်းမရှိနိုင်ဘဲ အာကာသလိုမျိုးတိတ်ဆိတ်နေမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် ကမ္ဘာပေါ်မှာ Anechoic Chamber တွေ (၁၂၀၀) ကျော်လောက်ရှိနေပြီဖြစ်ပြီး နယ်ပယ်အသီးသီးအတွက် အသုံးချနေပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.