ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဘီလျံနာတွေ အများဆုံးရှိနေတဲ့ မြို့များ (၂၀၂၂)

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာကျော် Forbes မဂ္ဂဇင်းကနေဖော်ပြခဲ့တဲ့ ၂၀၂၂ ရဲ့ ဘီလျံနာတွေအများဆုံးနေထိုင်တဲ့ ကမ္ဘာ့မြို့ကြီးတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဆိုးလ် – (၃၈) ဦး

ဒီစာရင်းရဲ့အဆင့် (၁၀) နေရာမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိနေပါတယ်။ ဆိုးလ်မြို့မှာဆိုရင်တော့ ဘီလျံနာစုစုပေါင်း (၃၈) ဦးအထိနေထိုင်လျက်ရှိပါတယ်။ သူတို့ထဲက အချမ်းသာဆုံးပုဂ္ဂိုလ်တွေကတော့ Kim Beom-su နဲ့ Jay Y.Lee တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ချမ်းသာကြွယ်ဝမှုက (၉.၁) ဘီလီယံစီရှိပါတယ်။ shwekhitonlinetv.com

၉။ ဆန်ဖရန်စစ္စကို – (၄၄) ဦး

အမေရိကန်နိုင်ငံက ဆန်ဖရန်စစ္စကိုမြို့မှာဆိုရင်တော့ လက်ရှိအချိန်မှာ ဘီလျံနာစုစုပေါင်း (၄၄) ဦးနေထိုင်လျက်ရှိပါတယ်။ ဒါဟာပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ (၄) ဦးလျော့သွားတဲ့အနေအထားပါ။ သူတို့တွေထဲက ချမ်းသာကြွယ်ဝမှုအများဆုံးပုဂ္ဂိုလ်တွေကတော့ Brian Chesky နဲ့ Dustin Moskovitz တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ မွန်ဘိုင်း – (၅၁) ဦး

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကလည်း ချမ်းသာကြွယ်ဝလွန်းတဲ့ ဘီလျံနာတွေအခြေချနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့မှာနေထိုင်တဲ့ ဘီလျံနာတွေရဲ့ စုစုပေါင်းချမ်းသာကြွယ်ဝမှုကတော့ (၃၀၁.၃) ဘီလီယံထိရှိပါတယ်။ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Mukesh Ambani ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မော်စကို – (၅၃) ဦး

ရုရှားနိုင်ငံ မော်စကိုမြို့မှာတော့ ဘီလျံနာစုစုပေါင်း (၅၃) ဦးအထိနေထိုင်ပါတယ်။ သူတို့ထဲကအချမ်းသာဆုံးကတော့ Vladimir Lisin ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၈.၄) ဘီလီယံ ကြွယ်ဝချမ်းသာပါတယ်။ shwekhitonlinetv.com

၆။ ရှန်ဇန်း – (၅၉) ဦး

တရုတ်နိုင်ငံ ရှန်ဇန်းမြို့မှာတော့ လက်ရှိ ဘီလျံနာ (၅၉) ဦးနေထိုင်လျက်ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်မယ်ဆိုရင် (၉) ဦးလျော့နည်းသွားတဲ့အနေအထားလည်းဖြစ်ပါတယ်။ သူတို့တွေထဲမှာအချမ်းသာဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ Ma Huateng ပဲဖြစ်ပြီး အမေရိကန်ဒေါ်လာ (၃၇.၂) ဘီလီယံ ကြွယ်ဝပါတယ်။ shwekhitonlinetv.com

၅။ ရှန်ဟိုင်း – (၆၁) ဦး

နောက်ထပ်ဘီလျံနာတွေအများဆုံးရှိနေတဲ့ မြို့တစ်မြို့ကလည်းတရုတ်နိုင်ငံက ရှန်ဟိုင်းမြို့ဖြစ်ပါတယ်။ ရှန်ဟိုင်းမှာတော့ အမေရိကန်ဒေါ်လာ (၁၃.၂) ဘီလီယံကြွယ်ဝတဲ့ Liu Yongxing အပါအဝင် ဘီလျံနယ (၆၁) ဦးနေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

၄။ လန်ဒန် – (၆၆) ဦး

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကတော့ နှစ်စဉ်ဘီလျံနာတွေလာရောက်အခြေချနေထိုင်မှု တိုးတက်လျှက်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ၂၀၂၂ မှာလည်း ၂၀၂၁ ထက်စာရင် လာရောက်အခြေချနေထိုင်တဲ့ ဘီလျံနာ (၃) ဦးပိုတိုးလာပါတယ်။ လန်ဒန်ကအချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Len Blavatnik ပဲဖြစ်ပြီး အမေရိကန်ဒေါ်လာ (၃၂.၅) ဘီလီယံကြွယ်ဝပါတယ်။ shwekhitonlinetv.com

၃။ ဟောင်ကောင် – (၆၈) ဦး

ခေတ်မီတိုးတက်ပြီး စီးပွားရေးလုပ်ကိုင်လို့ကောင်းတဲ့ ဟောင်ကောင်ကျွန်းကလည်း ဘီလျံနာသူဌေးကြီးတွေ အခြေချနေထိုင်ချင်စရာကောင်းတဲ့မြို့တစ်မြို့ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင်တော့ ဘီလျံနာ (၁၂) ဦးတောင်မှ ဒီမြို့ကစွန့်ခွာသွားတာကိုတွေ့ရပါတယ်။ လက်ရှိဘီလျံနာတွေထဲမှာတော့ အမေရိကန်ဒေါ်လာ (၃၂.၆) ဘီလီယံပိုင်ဆိုင်တဲ့ Lee Shau Kee က အချမ်းသာဆုံးဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပေကျင်း – (၈၃) ဦး

တရုတ်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ပေကျင်းကတော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဘီလျံနာတွေအများဆုံးရှိတဲ့မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထက် ဘီလျံနာ (၁၇) ဦးလျော့နည်းသွားပေမယ့် အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံလောက်ပိုင်ဆိုင်ထားတဲ့ Zhang Yiming လို ဘီလျံနာကြီးတွေတော့ ပေကျင်းမှာ နေထိုင်နေဆဲပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ နယူးယော့ခ် – (၁၀၇) ဦး

အမေရိကန်နိုင်ငံနယူးယော့ခ်မြို့မှာဆိုရင်တော့ ဘီလျံနာသူဌေးကြီးစုစုပေါင်း (၁၀၇) ဦးတောင်မှနေထိုင်လျက်ရှိပါတယ်။ သူတို့အားလုံးရဲ့စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးကတော့ (၆၄၀.၄) ဘီလျံထိရှိပြီး သူတို့အားလုံးထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Michael Bloomberg ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။