လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာတော့ MSC Cruises အနေနဲ့ ဒိုဟာမြို့ရဲ့ ဆိပ်ကမ်းမှာ သူတို့ရဲ့နောက်ဆုံးပေါ်ဇိမ်ခံသင်္ဘောကြီးဖြစ်တဲ့ MSC World Europa ကိုဆိုက်ကပ်ရပ်နားထားပြီး ရေပေါ်ဟိုတယ်အဖြစ်ထားရှိသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com
ကမ္ဘာ့အကြီးဆုံးသင်္ဘောကျင်းတွေထဲကတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံက de Chantiers l’Atlantique မှာ ၂၀၁၉ ခုနှစ်ကတည်းကတည်ဆောက်ခဲ့တဲ့ MSC World Europa အနေနဲ့ လာမယ့်ကမ္ဘာ့ဖလားကာလအတွင်းမှာ အရှေ့အလယ်ပိုင်းက ဆိပ်ကမ်းတစ်ခုမှာရှိနေမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

စုစုပေါင်း (၂၂) ထပ်ပါရှိတဲ့ ဒီသင်္ဘောကြီးမှာဆိုရင် အခန်းပေါင်း (၂၆၂၆) ခန်းပါဝင်တယ်လို့သိရပြီး ခရီးသည်ပေါင်း (၆၇၀၀) ကျော် တပြိုင်နက်တည်း တည်းခိုနိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါ့အပြင်ဒီဇိမ်ခံသင်္ဘောကြီးမှာ ရေကူးကန် (၆) ကန်၊ ဘား (၃၀) ကျော်၊ အားကစားလေ့ကျင့်ရေးရုံနဲ့ ရုပ်ရှင်ရုံတွေလည်း အများအပြားပါဝင်ပြီး အခြားသောအပန်းဖြေဝန်ဆောင်မှုတွေလည်း ပါရှိတယ်လို့ဆိုထားပါတယ်။ shwekhitonlinetv.com

တည်းခိုချင်တဲ့သူတွေအနေနဲ့ တစ်ညကို အနိမ့်ဆုံးအမေရိကန်ဒေါ်လာ (၂၂၀) ကနေပြီး (၄၅၀) ဝန်းကျင်အထိ အခန်းတွေရှိတယ်လို့သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းရဲ့ နာမည်ကျော် WAGs တွေကတော့ ဒီသင်္ဘောကြီးပေါ်မှာတည်းခိုဖို့အတွက် ကြိုတင်ဘိုကင်ပြုလုပ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com
ဒီသင်္ဘောကြီးအပြင် အခြား MSC Cruises ရဲ့ ဇိမ်ခံသင်္ဘောတွေဖြစ်ကြတဲ့ MSC Poesia နဲ့ MSC Opera တို့ဟာလည်း ကမ္ဘာ့ဖလားကာလအတွင်း ဒိုဟာမြို့ဆိပ်ကမ်းမှာ ရေပေါ်ဟိုတယ်တွေအဖြစ်ရှိနေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။