ခေတ်မီနည်းပညာတွေ မရှိခင်က ရှေးခေတ်လူသားတွေ အသုံးပြုခဲ့ကြသော အံ့ဖွယ် ဆောက်လုပ်ရေးနည်းလမ်းများ

ယနေ့ခေတ် အင်ဂျင်နီယာပညာရပ်တွေ၊ ဗိသုကာပညာရပ်တွေဟာ အံ့ချီးဖွယ်ကောင်းလောက်အောင်ကို လှပဆန်းကြယ်လွန်းလှပါတယ်။ ဒါပေမယ့်လည်း ကွမ်တမ်မက္ကင်းနစ် နဲ့ နှိုင်းရသီအိုရီတွေမပေါ်ပေါက်ခင်ကာလက ရှေးခေတ်လူသားတွေရဲ့ ဗိသုကာနဲ့ အင်ဂျင်နီယာလက်ရာတွေဟာလည်း အထင်သေးလို့မရပါဘူး။ သူတို့ခေတ်အခြေအနေနဲ့ ဖန်တီးခဲ့ကြတဲ့ အချို့အရာတွေဟာ ဒီနေ့ခေတ်ဖြစ်တည်မှုတွေရဲ့ အတူယုစရာ ရှေ့ပြေးုပုံစံတွေဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ ရှေးခေတ်နှစ်ထောင်ပေါင်းများစွာက လူသားတွေရဲ့ အံ့အားသင့်ဖွယ် အင်ဂျင်နီယာနည်းပညာအချို့ကိုဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ မိုသွင်း ပုံလောင်းခြင်းအတက်ပညာ

မိုသွင်းခြင်း ပုံလောင်းခြင်း စတဲ့အတက်ပညာတွေဟာ ရှေးနှစ်ထောင်ပေါင်းများစွာကတည်းကထွန်းကားခဲ့တာဖြစ်ပါတယ်။ ရှေးယခင်အချိန်တွေတုန်းက ကြီးမားတဲ့ကျောက်တုံးကြီးတွေကို လိုသလိုပုံသွင်းကာ လက်နက်ကိရိယာနဲ့ သံထည်ပစ္စည်းတွေပြုလုပ်ဖို့ အတွက် မိုသဘောမျိုးဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရှေးခေတ် ရောမတို့ရဲ့ အပူပေးခြင်းနည်းလမ်း

ဒီနည်းလမ်းကိုတော့ Hypocaust လို့ခေါ်ပါတယ်။ အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေ၊ ရှေးခေတ်ရောမရေချိုးခန်းတွေမှာတော့ ဒီနည်းလမ်းကိုအသုံးပြုပြီး အပူပေးခဲ့တာဖြစ်ပါတယ်။ အခန်းတစ်ခုရဲ့ ကြမ်းပြင်အောက်ကနေ လေပူတွေကိုထုတ်ပေးတာဖြစ်ပြီး နံရံတွေကိုပါအပူကူးဆက်အောင်လို့ ပိုက်တွေသွယ်တန်းပြီး ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ တူးမြောင်းများနှင့်တံတားများ

ပုံမှာပြထားသလို ခရုပတ်ပုံစံနဲ့ တံတားလေးတွေဟာအတော်လေးကို အနုပညာမြောက်ပြီးလှပတဲ့ ရှေးဟောင်းဗိသုကာလက်ရာတွေဖြစ်ပါတယ်။ ရှေးခေတ်လူသားတွေဟာ နှစ်ထောင်ပေါင်းများစွာကတည်းက ခေတ်အခြေအနေပေါ်လိုက်ပြီး တူးမြောင်းတွေ၊ တံတားတွေကို ခေတ်မီစွာဆောက်လုပ်နိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကျောက်တံတားများ

ဒါကတော့ ပီရူးနိုင်ငံမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် အင်ကာကျောက်တံတားဖြစ်ပါတယ်။ အင်ကာလူမျိုးတွေခေတ် Pachakutiq Inka Yupanki အစိုးရခေတ် ကတည်းက ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။ shwekhitonlinetv.com

၅။ လူကူးမျဉ်းကြားတွေရဲ့ရှေ့ပြေးပုံစံများ

အခုမြင်တွေ့ရတာကတော့ ပွန်ပေမြို့မှာရှိတဲ့ ရောမတွေရဲ့လူကူးမျဉ်းကြား ဘလောက်တုံးတွေဖြစ်ပါတယ်။ ဒီအရာတွေက ဒီနေ့ခေတ် Zebra Crossing လို့ခေါ်တွင်တဲ့ လူကူးမျဉ်းကြားတွေရဲ့ အစ ရှေ့ပြေးပုံစံတွေဆိုရင်လည်းမမှားပါဘူး။ shwekhitonlinetv.com

၆။ Tiger Eyes

ရောမခေတ်မှာတော့ Tiger Eyes လို့ခေါ်တဲ့အဖြူရောင်ကျောက်တုံးငယ်တွေကို အခြားလမ်းခင်းကျောက်တွေကြားမှာ ညှပ်ထားခဲ့ပါတယ်။ ဒီကျောက်တုံးလေးတွေဟာ ညအခါမှာထင်သာမြင်သာရှိအောင် ထားရှိခဲ့တာဖြစ်ပြီး ရှေးရောမတွေရဲ့ လမ်းအလှဆင်မှုတစ်ခုလို့ ယူဆရပါတယ်။ shwekhitonlinetv.com

၇။ ရေသွယ်ပိုက်များ

ရှေးရောမတွေအသုံးပြူခဲ့တဲ့ ရေသွယ်ပိုက်တွေကိုတော့ ဒီနေ့ခေတ် အင်္ဂလန်နိုင်ငံ Bath City မှာမြင်တွေ့နိုင်ပါတယ်။ ဒီအရာတွေရဲ့ သက်တမ်းကတော့အနည်းဆုံးနှစ်ပေါင်း (၂၀၀၀) ကျော်ပြီဖြစ်လို့ ရှေးယခင်ကတည်းက ရောမတွေရဲ့ မြို့ပြလူနေမှုအဆင့်အတန်းမြင့်မားမှုကို အထင်းသားမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။