ဟောလိဝုဒ်သမိုင်း တစ်လျှောက် ပရိသတ်တွေအပေါ်လွှမ်းမိုးမှုအကြီးမားဆုံး ရုပ်ရှင် (၁၀) ခု

ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းမှာ ပရိသတ်တွေအပေါ်လွှမ်းမိုးမှုအကြီးမားဆုံးလို့ ဆိုရမယ့် ရုပ်ရှင် Franchise တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတွေအကုန်လုံးကတော့ သင့်ရဲ့အကြိုက်နဲ့ လုံးဝကိုကိုက်ညီနေမယ်လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။ shwekhitonlinetv.com

၁။ The Godfather Trilogy

The Godfather ရုပ်ရှင်ဇာတ်ကားတွေကတော့ ထွက်ရှိခဲ့တာရာစုနှစ်တစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားတွေထဲက သရုပ်ဆောင်မှုတွေနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ် မာဖီးယားဇာတ်ကြောင်းတွေကတော့ ယနေ့ထက်ထိတိုင် ကြည့်ရှုဖူးခဲ့သူတွေရဲ့ ရင်ထဲအသည်းထဲမှာ စွဲမြဲနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီစာရင်းမှာ The Godfather အထ္ထုပတ္တိ ဇာတ်ကားတွေကို နံပါတ် (၁) နေရာပေးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ The Marvel Cinematic Universe

လက်ရှိရုပ်ရှင်လောကသမိုင်းတစ်လျှောက်မှာတော့ The Marvel Cinematic Universe (MCU) ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကဝင်ငွေအကောင်းဆုံးအဖြစ် (၂၇ ဘီလီယံကျော်) ရရှိထားပါတယ်။ ဇာတ်ကားပေါင်း (၂၉) ကားနဲ့ ရုပ်သံစီးရီးရှစ်ခုအထိ ရိုက်ကူးထွက်ရှိထားပြီးဖြစ်ပေမယ့် MCU ရဲ့ပရိသတ်တွေကတော့နောက်ထပ် ဘာဇာတ်ကားအသစ်ထွက်လာမလဲဆိုတာအမြဲတမ်းစောင့်မျှော်လျှက်ပါ။ shwekhitonlinetv.com

၃။ Star War Franchise

Star War ဇာတ်ကားတွေကတော့ Box Office မှာလွှမ်းမိုးမှုကြီးမားပြီး မျိုးဆက်ပေါင်းများစွာကို ဖမ်းစားထားနိုင်တဲ့ အစောဆုံး Fanchise တစ်ခုဖြစ်ပါတယ်။ Star War Franchise တွေဟာ ဖျော်ဖြေရေးနယ်ပယ်မှာအလွန်ရေပန်းစားခဲ့တာကြောင့် ရုပ်ရှင်သာမကဘဲ၊ TV Show ၊ ကာတွန်းရှိုး စသဖြင့်သီးသန့်ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Harry Potter Franchise

ဗြိတိန်နာမည်ကျော်စာရေးဆရာမ J.K.Rowling ရဲ့ ဟယ်ရီပေါ်တာဇာတ်ကားတွေကလည်း ကမ္ဘာတစ်ဝှမ်းကသန်းနဲ့ချီတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ကလေးဘဝအမှတ်တရတစ်ခုဖြစ်ပါတယ်။ မှော်အတက်ပညာ၊ ဟော့ဝပ် (Hogwarts) မှော်ကျောင်းကြီး၊ ရက်စက်ကြမ်းကြုတ်တဲ့အမှောင်သခင် ဗိုဒီမော့ (Voldemort) နဲ့ တိုက်ခိုက်ကြပုံတွေဟာ ခုချိန်ပြန်လည်ကြည့်ရှုရင် ကြည်နူးစရာကောင်းတာအမှန်ပါပဲ။ shwekhitonlinetv.com

၅။ The Lord of the Rings Franchise

အင်္ဂလိပ်လူမျိုး စာရေးဆရာ J.R.R.Tolkien ရဲ့ Middle Earth ကထူးဆန်းပြီးမှော်ဆန်တဲ့ သတ္တဝါတွေ၊ မျိုးနွယ်စုတွေပါဝင်တဲ့ The Lord of The Rings လိုဇာတ်ကားမျိုးကလည်း ရင်သပ်ရှုမောဖွယ်ရာကောင်းပြီး ယနေ့တိုင်မမေ့နိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာသူနဲ့ဆက်စပ်တဲ့ The Hobbit ဇာတ်ကားတွေလည်း ထွက်ရှိထားပြီး Amazon Prime Video ရဲ့ Rings of Power မှာဈေးအကြီးဆုံး TV Show အဖြစ်ရပ်တည်နေပါတယ်။ shwekhitonlinetv.com

၆။ The Dark Knight Trilogy

ကမ္ဘာကျော်ဒါရိုက်တာ Christoper Nolan ရဲ့ The Dark Knight ကို ခေတ်နဲ့အညီလိုက်လျောညီထွေဖြစ်အောင် အသက်သွင်းရိုက်ကူးထားတဲ့ Batman Franchise တွေဟာလည်း ဟောလိဝုဒ်ရဲ့အကျော်ကြားဆုံး ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Batman အဖြစ် အင်္ဂလိပ်လူမျိုးသရုပ်ဆောင် Christian Bale ကသရုပ်ဆောင်ထားတဲ့ The Dark Knight Trilogy ဇာတ်ကားတွေက စူပါဟီးရိုးပရိသတ်တွေသာမကဘဲ ရုပ်ရှင်ပရိသတ်အမျိုးအစားအားလုံးကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ James Bond Franchise

အေးဂျင့် (007) ဒါမှမဟုတ် James Bond လို့ဆိုလိုက်တာနဲ့ လူကြီးရောလူငယ်ပါ မသိသူမရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ဆယ်စုနှစ် ၇ ခုကျော်ကြာပြီဖြစ်ပေမယ့်လည်း မရိုးနိုင်တဲ့ဇာတ်လမ်းအသစ်အဆန်းတွေ၊ ခေတ်မီလက်နက်ကိရိယာတွေ၊ ယာဉ်အသစ်အဆန်းတွေနဲ့ ပရိသတ်ကိုဖမ်းစားထားနိုင်ဆဲဖြစ်တဲ့ ဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Jurassic Park Franchise

ကမ္ဘာဦးအစက ဒိုင်နိုဆောတွေအကြောင်းကို စိတ်ဝင်စားကြသူတွေအပြင် ရုပ်ရှင်ပရိသတ်အများအပြားရဲ့ အာရုံကိုလည်းဖမ်းစားနိုင်ခဲ့တဲ့ Jurassic Park ဇာတ်လမ်းတွေကလည်း Box Office ရဲ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေဖြစ်ပါတယ်။ များမကြာခင်မှာလည်း စိတ်လှုပ်ရှားဖွယ် ဇာတ်အိမ်အသစ်တွေနဲ့ Jurassic Park ရုပ်ရှင်ကားတစ်ကားကို ပရိသတ်ရှေ့ချပြဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ shwekhitonlinetv.com

၉။ Pirates of The Caribbean Franchise

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပင်လယ်ဓားပြကြီး ဂျက်စပဲရိုးကတော့ ကလေးရောလူကြီးပါ ကြိုက်နှစ်သက်သဘောကျတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်ပါတယ်။ မင်းသားကြီး Johnny Deep ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် Pirates of The Caribbean ဇာတ်ကားတွေက ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ခဲ့တာဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

၁၀။ Mission Impossible Franchise

အက်ရှင်ဇာတ်ကားလောကမှာ ဆယ်စုနှစ်သုံးခုလောက် ကြီးစိုးထားတဲ့ ဇာတ်ကားတွေကတော့ မင်းသားချောတွမ်ခရုစ်ပင်တိုင် သရုပ်ဆောင်ထားခဲ့တဲ့ Mission Impossible ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်မှုတွေအပြင် တွမ်ခရုစ်ရဲ့ သေမင်းကိုအံတုပြီး ရိုက်ကူးခဲ့တဲ့ စတန့်တွေက Mission Impossible ပရိသတ်တွေကို ဇာတ်ကားတိုင်းမှာဆွဲဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်က Mission Impossible ဇာတ်ကားနဲ့စခဲ့တဲ့ ဒီ Franchise တွေကိုတော့ Mission Impossible : Dead Reckoning Part 2 နဲ့နိဂုံးချုပ်ဖို့ စီစဉ်ထားပြီး လာမည့် ၂၀၂၄ မှာထွက်ရှိမယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။