ကမ္ဘာပေါ်က လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်ကိန်း အမြင့်ဆုံး (၁၀) နိုင်ငံ

လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index – HDI) ဆိုတာကတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ဖွ့ံ့ဖြိုးတိုးတက်မှုအစီအစဉ်ကနေ ကောက်ယူထားတဲ့စစ်တမ်းတွေအပေါ် အခြေခံတွက်ချက်ထားတဲ့ စာရင်းတစ်ခုဖြစ်ပါတယ်။ ဒီစာရင်းမှာ ကမ္ဘာပေါ်ကနိုင်ငံပေါင်း (၁၉၁) နိုင်ငံပါဝင်ပြီး ဘယ်နိုင်ငံက နိုင်ငံသားတွေဟာ အဖွံ့ဖြိုး အတိုးတက်ဆုံးလည်းဆိုတာကို အစဉ်လိုက်ဖော်ပြထားပါတယ်။ shwekhitonlinetv.com

လူသားဖွံ့ဖြိုးတိုးတက်မှုကိုတော့ အဓိကအချက် (၃) ချက်ပေါ်မှာပဲ အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။ အဲ့ဒီ (၃) ချက်ကတော့ သက်ရှည်ကျန်းမာမှု၊ အသိပညာ၊ လူနေမှုအဆင့်အတန်း တို့ပဲဖြစ်ပါတယ်။ ၂၀၂၂ ရဲ့ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့စာရင်းအရ ကမ္ဘာပေါ်က လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်ကိန်း အမြင့်ဆုံး (၁၀) နိုင်ငံကတော့ ….. shwekhitonlinetv.com

၁၀။ နယ်သာလန် – HDI (ဝ.၉၄၁)

ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာရှိတာကတော့ ဥရောပတိုက်က နယ်သာလန်နိုင်ငံဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံသား (၁၇) သန်းကျော်ရဲ့ ပျမ်းမျှ လူသားဖွံ့ဖြိုးမှုညွှန်ကိန်းက (ဝ.၉၄၁) ရှိပါတယ်။ shwekhitonlinetv.com

၉။ ဂျာမနီ – HDI ( ဝ.၉၄၂ )

နံပါတ် (၉) နေရာမှာရှိတာက ဥရောပတိုက်ရဲ့ အင်အားကြီး ဂျာမနီနိုင်ငံဖြစ်ပါတယ်။ (၈၃) သန်းကျော်ရှိတဲ့ ဂျာမန်တွေရဲ့ပျမ်းမျှ လူသားဖွံ့ဖြိုးမှုညွှန်ကိန်းက (ဝ.၉၄၂) ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အိုင်ယာလန် – HDI (ဝ.၉၄၅)

ဥရောပတိုက်ရဲ့ ကုန်းမကြီးကမဟုတ်တဲ့ အိုင်ယာလန်နိုင်ငံရဲ့ လူသားဖွံ့ဖြိုးမှုကလည်း ဗြိတိန်ကျွန်းစုထက်တောင် သာလွန်နေပြီး ဒီစာရင်းရဲ့အဆင့် (၈) နေရာမှာရပ်တည်နေပါတယ်။ (၇) သန်းကျော်ပဲရှိတဲ့ အိုင်းရစ်တွေရဲ့ HDI ကတော့ (ဝ.၉၄၅) အထိရှိပါတယ်။ shwekhitonlinetv.com

၇။ ဆွီဒင် – HDI (ဝ.၉၄၇)

စကင်ဒီနေးဗီးယန်း ဒေသက ဆွီဒင်နိုင်ငံကတော့ HDI (ဝ.၉၄၇) နဲ့ ဒီစာရင်းရဲ့ အဆင့် (၇) မှာရပ်တည်လျက်ရှိပါတယ်။ shwekhitonlinetv.com

၆။ ဒိန်းမတ် – HDI (ဝ.၉၄၈)

ဒိန်းမတ် နိုင်ငံကတော့ လူဦးရေ (၆) သန်းဝန်းကျင်နေထိုင်တဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံတစ်နိုင်ငံပါ။ သူတို့နိုင်ငံသားတွေရဲ့ ပျမ်းမျှ လူသားဖွံ့ဖြိုးမှုညွှန်ကိန်းကတော့ (ဝ.၉၄၈) အထိတောင်ရှိပါတယ်။ shwekhitonlinetv.com

၅။ သြစတြေးလျ – HDI (ဝ.၉၅၁)

လူဦးရေ (၂၆) သန်းကျော်နေထိုင်တဲ့ သြစတြေးလျတိုက်က သြစတြေးလျနိုင်ငံကတော့ HDI (ဝ.၉၅၁) အထိရှိတာကြောင့် ဒီစာရင်းရဲ့ အဆင့် (၅) နေရာသတ်မှတ်ခြင်းခံရပါတယ်။ shwekhitonlinetv.com

၄။ ဟောင်ကောင် – HDI (ဝ.၉၅၂)

ဒီစာရင်းမှာပါဝင်တဲ့ ရှားရှားပါးပါး အာရှနိုင်ငံတစ်နိုင်ငံကတော့ ဟောင်ကောင်ပဲဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ ဟောင်ကောင်ဟာ လူသားဖွံ့ဖြိုးမှုကိုလည်း ပစ်ပယ်မထားဘဲ အလေးထားဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကိုကျော်ပြီး ဒီစာရင်းမှာ အဆင့် (၄) အထိရောက်နေခဲ့ပါတယ်။ shwekhitonlinetv.com

၃။ အိုက်စလန် – HDI (ဝ.၉၅၉)

အိုက်စလန်နိုင်ငံကတော့ ငြိမ်းချမ်းလှတဲ့နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်း ထိပ်ဆုံးအဆင့်ကနိုင်ငံတွေနဲ့ မတိမ်းမယိမ်းပါပဲ။ ၂၀၂၂ ခုနှစ် ရဲ့ HDI စာရင်းမှာ အိုက်စလန်က အဆင့် (၃) နေရာအထိရောက်ရှိလာပါပြီ။ shwekhitonlinetv.com

၂။ နော်ဝေ – HDI (ဝ.၉၆၁)

လှပသာယာတဲ့ ဥရောပနိုင်ငံဖြစ်တဲ့ နော်ဝေးကတော့ သာယာလှပတဲ့ ရေမြေအနေအထားနဲ့ သန့်ရှင်းလတ်ဆက်တဲ့ အစားအသောက်တွေကြောင့် နိုင်ငံသားတွေဟာ အသက်ရှည်ကျန်းမာကြသလို ပညာရေးမှာလည်း လွတ်လပ်ပြီးလူတိုင်းတန်းတူအခွင့်အရေးပေးထားလို့ အသိဉာဏ်ပညာနဲ့ပြည့်စုံကြပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာလည်း နိုင်ငံသားတစ်ဦးချင်းရဲ့ GDP က ကမ္ဘာ့အဆင့် (၆) နေရာအထိရှိတာကြောင့် ဒီစာရင်းရဲ့ အဆင့် (၂) နေရာမှာရှိနေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဆွစ်ဇာလန် – HDI (ဝ.၉၆၂)

ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံလို့မှတ်ယူလို့ရတဲ့ ဆွစ်ဇာလန်နိုင်ငံကတော့ ဒီစာရင်းရဲ့ နံပါတ် (၁) နေရာမှာရှိနေပါတယ်။ သူများနိုင်ငံအပေါ်ကျူးကျော်ရန်လိုဖို့အာရုံမရှိဘဲ မိမိနိုင်ငံသားတွေရဲ့အကျိုးစီးပွားတိုးတက်ဖို့ိကိုသာရှေးရှုတဲ့ ခေါင်းဆောင်တွေကြောင့် ဆွစ်ဇာလန်နိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှုအမြင့်မားဆုံး လူသားတွေအဖြစ်ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။