သင့်တစ်သက်မှာတစ်ခါမှ မမြင်ဖူးလောက်သေးတဲ့ သမိုင်းထဲက ဓာတ်ပုံများ

အခုဖော်ပြပေးမယ်ဓာတ်ပုံတွေကတော့ ဗဟုသုတပိုင်းနဲ့ပတ်သတ်လို့အတော်လေးကိုနှံ့နှံ့စပ်စပ်ရှိတဲ့သူတွေတောင်မှ တစ်ခါမှမြင်ဖူးမှာမဟုတ်တဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဓာတ်လိုက်ပြီး ရုတ်တရက်သတိလစ်သွားသည့် လုပ်ဖော်ကိုင်ဖက်အား ရှေးဦးသူနာပြုနည်းဖြင့်ကယ်ဆယ်နေသည့် လျှပ်စစ်လုပ်သားတစ်ဦး။ (၁၉၆၇ ခုနစ်)

၂။ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ရှိ အော့ကလန်ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ လုပ်သားများ။ (၁၉၅၀ ခုနစ်)

၃။ ရေလွှာလျှောစီးနေသည့် ဆင်ကလေး Queenie။ (၁၉၅၀ ခုနစ်)

၄။ လူသားစစ်တုရင် ပြိုင်ပွဲတစ်ခု။

၅။ အာရုံကြောပညာရှင် Duchenne de Boulogne မှ မျက်နှာကြွက်သားများကို လေ့လာရန်အတွက် လူတစ်ဦးကို ရှော့ခ်ရိုက်ပြီးသင်ကြားပြသနေစဉ်။ (၁၈၆၂ ခုနစ်)

၆။ လမ်းမီးများအား လိုက်လံပြုုပြင်နေသူတစ်ဦး။ (၁၉၃၈ ခုနစ်)

၇။ တန်ချိန်ပေါင်း (၇၆၀၀) ကျော်လေးလံသည့် လူနေအိမ်ရာတိုက်တန်းလျားတစ်ခုအား နေရာရွှေ့နေကြစဉ်။ (၁၉၈၇ ခုနစ် အယ်လ်ဘာလူလျာမြို့၊ ရိုမေးနီးယား)

၈။ စက်သုံးဆီအကျပ်အတည်းကာလအတွင်း Highway Picnic ဟုခေါ်သည့် ပျော်ပွဲစားထွက်ကြသူများ။ (၁၉၇၃ ခုနစ်)

၉။ ပါကစ္စတန်စစ်သားတစ်ဦးမှ အမျိုးသားတစ်ဦးအား လိင်အင်္ဂါထိပ်အရေပြား လှီးဖြတ်ထားခြင်းရှိမရှိ စစ်ဆေးနေစဉ်။ (၁၉၇၁ ဘင်္ဂလားဒေ့ရှ်စစ်ပွဲ)

၁၀။ တင့်ကားကို ခဲနဲ့ထုပြီးထွက်ပြေးသည့် လူငယ်တစ်ဦးနောက်ပြေးလိုက်နေသည့် ဆိုဗီယက်စစ်သားတစ်ဦး။ (၁၉၆၈ ခုနစ် ပရဂ်မြို့)

၁၁။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ The East Bay Dragons ဟုအမည်ပေးထားသည့် ပထမဆုံးလူမည်း ဆိုင်ကယ်စီးကလပ်အဖွဲ့ဝင်များ။ (၁၉၆၀ ပြည့်လွန်နှစ်များ)

၁၂။ ငါးမျှားနေကြသည့် ဖီဒယ်လ်ကတ်စထရို နှင့် ချေဂွေဗားရား။ (၁၉၆၀ ခုနစ်)

၁၃။ နယူးယော့ခ်မြို့မှ ရွေ့လျားရေကူးကန်တစ်ခု။ (၁၉၆၀ ခုနစ်)

၁၄။ ဒေတာ 5 MB သိုလှောင်နိုင်သည့် Hard Disk တစ်ခုအား PanAm လေယာဉ်အမျိုးအစားတွင် တပ်ဆင်နေကြစဉ်။ (၁၉၅၆ ခုနစ်)

၁၅။ စင်္ကာပူနိုင်ငံမှ ဘိန်းခန်းတစ်ခု။ (၁၉၄၁ ခုနစ်)

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။