မထင်မရှားသာမန်ပုဂ္ဂိုလ်များကိုသာလက်ထပ်ထားတဲ့ ကမ္ဘာကျော်ဆယ်လီများ

များသောအားဖြင့်တော့ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော်ဆယ်လီတွေဆိုတာ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝသူ (ဒါမှမဟုတ်) အောင်မြင်ကျော်ကြားသူတွေထဲကသာ ရွေးချယ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ကမ္ဘာကျော်ဆယ်လီတွေကတော့ သူတို့ရဲ့အိမ်ထောင်ဖက်ကို သာမန်မထင်မရှားပုဂ္ဂိုလ်တွေထဲကနေ ရွေးချယ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Natalie Portman

အစ္စရေးနွယ်ဖွားမင်းသမီးတစ်ဦးဖြစ်တဲ့ Natalie Portman ကတော့ အော်စကာဆုကို အဓိကသရုပ်ဆောင်နေရာကနေ (၂) ကြိမ်၊ ဇာတ်ပို့အဖြစ် (၁) ကြိမ်ဆွတ်ခူးထားတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းကတော့ Benjamin Millepied ဆိုတဲ့ သာမန် ဘဲလေးအကဆရာတစ်ဦးဖြစ်ပါတယ်။ သူအဓိကသရုပ်ဆောင်အဖြစ် ပထမဆုံးအော်စကာရရှိခဲ့တဲ့ Black Swan ဇာတ်ကားမှာ Benjamin Millepied သူ့ကိုဘဲလေးအက သင်ပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Matt Damon

The Martian လိုအောင်မြင်မှုကြီးကြီးမားမားရရှိခဲ့တဲ့ဇာတ်ကားအတော်များများမှာ သရုပ်ဆောင်ထားတဲ့ အက်ရှင်မင်းသား Matt Damon ဟာ သူ့ဘဝရဲ့လက်တွဲဖော်ကို ဘားတစ်ခုမှာတွေ့ရှိခဲ့တဲ့သူဖြစ်ပါတယ်။ မိုင်ယာမီမှာ “Stuck On You” ဇာတ်ကားရိုက်ကူးရင်း ဘားမှာသွားပြီးသောက်ခဲ့ရာကနေ Bartender ဖြစ်တဲ့ Luciana Bozan Barroso နဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၅ မှာလက်ထပ်ခဲ့ကြပြိး လက်ရှိ ကလေး (၃) ဦးပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com

၃။ Gal Gadot

Wonder Woman ဇာတ်ကောင်နဲ့ လူသိများတဲ့အစ္စရေးမင်းသမီး Gal Gadot ကတော့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်တဲ့ အစ္စရေးနိုင်ငံသား Jaron Varsano နဲ့ လက်ထပ်ထားပါတယ်။ လက်ရှိသူတို့မှာ ကလေး (၃) ဦးရှိပြီး Jaron Varsano အနေနဲ့ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် လုပ်ကိုင်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ George Clooney

ကိန်းကြီးခမ်းကြီးနိုင်လှပြီး ကျိကျိတက်ချမ်းသာကြွယ်ဝတဲ့ အမေရိကန်သရုပ်ဆောင်ကြီး George Clooney ကလည်း လက်ဘနွန်နွယ်ဖွား လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေမလေးဖြစ်တဲ့ Amal Alamuddin ကို ၂၀၁၄ ခုနှစ်ကတည်းက ထိမ်းမြားလက်ထပ်ယူခဲ့တဲ့သူပါ။ သူတို့နှစ်ဦးဟာ အသက်အားဖြင့် (၁၇) နှစ်ကွာဟတဲ့ သူတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Elizabeth Banks

အသက် (၄၉) နှစ်အရွယ် အမေရိကန်မင်းသမီးချော Elizabeth Banks ကတော့ အားကစားကလောင်ရှင်တစ်ဦးဖြစ်တဲ့ Max Handelman နဲ့ ၂၀၀၃ ခုနှစ်ကတည်းကလက်ထပ်ခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ သူတို့နှစ်ဦးဟာ ငယ်ချစ်တွေဖြစ်ပြီး ကောလိပ်ကျောင်းမှာတွေ့ဆုံချစ်ကြိုက်ခဲ့သူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Eddie Redmayne

Fantastic Beasts ဇာတ်ကားလေးတွေကိုကြည့်ဖူးသူတိုင်းကတော့ Eddie Redmayne ကို သိကြမယ်လို့ထင်ပါတယ်။ အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်မင်းသားဟာ သာမန် PR Executive ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Hannah Bagshawe ဆိုတဲ့ မိန်းကလေးနဲ့ ၂၀၁၄ ခုနှစ်ကတည်းကအိမ်ထောင်ကျခဲ့တာဖြစ်ပြီး သားသမီး (၂) ဦးပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com

၇။ John Cena

နပန်းလောကမှာရော သရုပ်ဆောင်လောကမှာပါ ထိပ်တန်းစာရင်းဝင်တဲ့ John Cena ဟာလက်ရှိဟောလိဝုဒ်ရဲ့ အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်တွေထဲကတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ မှာပထမအိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲခဲ့တဲ့ John Cena ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာတော့ နောက်ထပ်အိမ်ထောင်တစ်ခုကိုပြုခဲ့ပါတယ်။ သူလက်ထပ်ခဲ့တဲ့အမျိုးသမီးလေးကတော့ သာမန် ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုက မန်နေဂျာဖြစ်ပြီး Shay Shariatzadeh လို့အမည်ရပါတယ်။ အီရန်နွယ်ဖွားဖြစ်ပြီး John Cena ထက် (၁၂) လောက်ငယ်တဲ့ Shay ဟာ Cena နဲ့ “Playing With Fire” ဇာတ်ကားရိုက်ရင်းဆုံခဲ့တာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။