ပျောက်ဆုံးပြီး (၃) ရက်အကြာမှာ အကြွေးနဲ့အတူ သခင့်ဆီပြန်လာတဲ့ ကြောင်မလေး

ဒီအဖြစ်အပျက်လေးကတော့ ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရယ်စရာဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကို သခင်ဖြစ်တဲ့သူက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတင်ပြီး ပြန်လည်ဝေမျှခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ကောင်ကတော့ တက်ဘီအမျိုးအစားအိမ်မွေးကြောင်မကလေးပါ။ တစ်နေ့မှာတော့ သူမကိုအိမ်မှာမတွေ့ရဘဲပျောက်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် ပျောက်ဆုံးပြီး (၃) ရက်မြောက်တဲ့နေ့မှာတော့ အဲ့ဒီကြောင်မလေးဟာ သူ့ရဲ့သခင်အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် သူတစ်ယောက်တည်းပြန်လာတာမဟုတ်ဘဲ သူ့ရဲ့အတွက် စပရိုက်ဖြစ်သွားစေမယ့် ကတ်ကလေးတစ်ကတ်ကိုပါ လည်ပင်းမှာဆွဲလျှက်သားပါလာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီကတ်ကလေးမှာစာတွေရေးထားတာကိုတွေ့ရပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ အန်တီမေလို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးက အကြွေးပေးရမယ့်အကြောင်း အသိပေးထားတာဖြစ်ပြီး ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုပါ ရေးသားထားတာကို တွေ့ရပါတယ်။ shwekhitonlinetv.com

တစ်ကယ်တော့ ဒီကြောင်မလေးဟာ ပျောက်ဆုံးသွားတဲ့ (၃) ရက်အတွင်းမှာ ဈေးထဲကိုရောက်ရှိသွားခဲ့ပြီး ဗိုက်ဆာဆာနဲ့ ငါးရောင်းတဲ့ မိန်းမကြီးတစ်ဦးထံမှ ကတ်ကလာငါးတွေကိုစိုက်ကြည့်နေတာကြောင့် အဲ့ဒီမိန်းမကြီးက သူ့ကို ငါး (၃) ကောင်ကျွေးမွေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီအတွက်အဖိုးအခ ဘယ်လောက်ကျသင့်တယ်ဆိုတာကို သူ့သခင်ကိုအသိပေးဖို့နဲ့ ပြန်ပေးဖို့ကို အကြွေးတောင်းတဲ့စာပုံစံရေးပြီး ကြောင်မလေးရဲ့ လည်ပင်းမှာချိတ်ဆွဲပေးလိုက်တာပဲဖြစ်ပါတယ်။ သူ့ရဲ့သခင်ဖြစ်သူအနေနဲ့လည်း အန်တီမေကိုဆက်သွယ်ပြီး ငါဖိုးပေးကာ ရယ်စရာကောင်းတဲ့ အခုအဖြစ်အပျက်ကို သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာတင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။