နေ့စဉ်သုံး ပစ္စည်းတချို့မှာ အရောင်တစ်မျိုးတည်း သုံးရတဲ့ အကြောင်းရင်းများ

Shwe Khit ပရိသတ်ကြီးရေ အခုတစ်ခါမှာတော့ နေ့စဉ်မြင်တွေ့နေရတဲ့ ပစ္စည်းတွေထဲမှာ သက်ဆိုင်တဲ့ အရောင် တစ်မျိုးတည်းပဲ သုံးကြတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဘယ်လို ပစ္စည်းတွေက အရောင်တစ်မျိုးလဲဆိုတာ ပြောပြပေးထားလို့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ မီးသတ် ရေဘုံဘိုင်ခေါင်း

မီးသတ်ရေ ဘုံဘိုင်ခေါင်းတွေဟာဆိုရင် ရေပေးနိုင်တဲ့ ဂါလန် ပေါ်မူတည်ပြီး အရောင်တွေကို ခွဲခြားထားတာပဲ ဖြစ်ပါတယ် ။ ဂါလန် ပေါ်မူတည်ပြီး အရောင် ( ၅ ) မျိုးခွဲခြားထားကာ အရွယ်အစားတွေကလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး ။ အရောင် ( ၅ ) မျိုးကတော့ အနီ ၊ လိမ္မော် ၊ အစိမ်း နဲ့ အပြာရောင်တို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ခရီးသည်တင် လေယာဉ်

 စီးပွားဖြစ် ပြေးဆွဲပေးနေတဲ့ ခရီးသည်တင် လေယာဉ်တော်တော် များများဟာဆိုရင် နေရောင်ခြည် ကို ရောင်ပြန်ထင်စေဖို့အတွက် အဖြူရောင် ဆေးကို ခြယ်တတ်ကြပါတယ် ။ ဒီလို အဖြူရောင် ဆေးခြယ်ထားတာကြောင့် နေရောင်ခြည်ကနေ ထိခိုက်နိုင်တဲ့ ပျက်စီးမှုတွေကို ကာကွယ်နိုင်ပြီး အပူလွန်ကဲ မှုကိုလည်း တားဆီးနိုင်ပါသေးတယ် ။ shwekhitonlinetv.com

၃။ တာယာ

တစ်ကယ်တော့ တာယာ ဖြစ်အောင် ထုတ်လုပ်ရတဲ့ ရော်ဘာဟာ အဖြူရောင် ဖြစ်ပေမယ့်လည်း တာယာတွေရဲ့ သက်တမ်းကို ရှည်ကြာစေဖို့အတွက် ကာဗွန်အနက်ရောင်ကို ထည့်ပေးရပါတယ်။ ကာဗွန် အနက်ရောင်ဟာဆိုရင် တာယာတွေရဲ့ အကြမ်းခံနိုင်မှုကို မြင့်မားစေပြီး ခရမ်းလွန် ရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ် ။

၄။ မီးပွိုင့် အရောင်များ

မီးပွိုင့်လို့ပြောလိုက်တာနဲ့ အနီ ၊ အဝါ နဲ့ အစိမ်းရောင် ဆိုပြီး အရောင် ( ၃ ) မျိုးရှိတာကို အားလုံးသိကြမှာပါ ။ ဘာ့ကြောင့် ဒီ အရောင် ( ၃ ) ရောင် ကို အသုံးပြုကြလဲဆိုတော့ အနီရောင်ဟာ လှိုင်းအလျား အရှည်ဆုံး ဖြစ်ပြီး ခပ်လှမ်းလှမ်းကနေတောင် မြင်သာလို့ပဲ ဖြစ်ပါတယ် ။ အဝါရောင်ကတော့ အနီရောင် ထက် လှိုင်းအလျား တိုပေမယ့်လည်း အစိမ်းရောင်ထက်တော့ ပိုပြီး ရှည်ပါတယ် ။ ဒါ့ကြောင့် အစိမ်းကနေ အဝါ ( ဒါမှမဟုတ် ) အဝါကနေ အနီကို ပြောင်းတဲ့အခါ လိုင်းအလျားတွေကြောင့် ရှင်းရှင်းလင်းလင်း မြင်ရနိုင်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ လူကူးမျဉ်းကြား

လူကူး မျဉ်းကြားတွေမှာ အဖြူ နဲ့ အမဲ ဆိုပြီး မျဉ်းကြားပုံစံ ချယ်ထားရတာကတော့ အဝေးကနေ ကြည့်ရင်တောင် ထင်သာ မြင်သာ ရှိစေလို့ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယာဉ်မောင်းသူတွေဟာ လူကူမျဉ်းကြားကို အဝေးကနေတည်းက မြင်ပြီး အရှိန်လျော့ မောင်းနိုင်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ ဘောလုံး

ဘောလုံးတွေကို ပလတ်စတစ်နဲ့ စပြီး ထုတ်လုပ်ခဲ့စဉ်တုန်းက အရောင်ကို အဖြူရောင် တစ်မျိုးတည်းနဲ့သာ အသုံးပြုခဲ့ကြတာပါ ။ နောက်ပိုင်းမှာတော့ Adidas ကုမ္ပဏီကနေ အဖြူရောင် ထဲမှာ အနက်ရောင်ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ် ။ အကြောင်းကတော့ အဲ့ဒီ ခေတ်အခါတုန်းက အဖြူအမည်း တီဗီခေတ် ဖြစ်တာကြောင့် ရုပ်သံလှိုင်းနဲ့ ပြတဲ့အခါ ပိုပြီး မြင်သာစေလို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နေ့စဉ် မြင်တွေ့နေရတဲ့ ပစ္စည်းတွေမှာ အရောင် တစ်သတ်မှတ်တည်း သုံးရတဲ့ အကြောင်းရင်းကို ဗဟုသုတရစေရန်အတွက် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ဖော်ပြပေးထားတာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။