သရက်သီး စားရင် ရရှိလာမယ့် ထူးခြားတဲ့ ကျန်းမာရေး ကောင်းကျိုးများ

အသီးအနှံတွေထဲမှာတော့ သရက်သီးဟာ ပေါပေါများများ နဲ့ အချိန်ရာသီမရွေးရရှိနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ရွှေခေတ်ပရိသတ်တွေအနေနဲ့လည်း သရက်သီးကို မစားဖူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဒီနေ့ဖော်ပြပေးချင်တာကတော့ လူတွေသိပ်သတိမထားမိတဲ့ သရက်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ သရက်သီးမှာ Antioxidant ဓာတ်တွေဖြစ်တဲ့ quercetin, fisetin, isoquercitrin, istragalin, Gallic acid နဲ့ methyl gallate တို့ပါဝင်နေပါတယ် ။ ဒီအရာတွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်ပွားမှုနှုန်းကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၂။ သရက်သီးမှာ Vitamin C ဓာတ်မြင့်မားစွာပါဝင်နေသလို အမျှင်ဓာတ်နဲ့ သကြားဓာတ်တွေလည်းပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက Colesterol level ကို ကောင်းမွန်စွာထိန်းညှိပေးနိုင်ပါတယ်။ shwekhitonlinetv.com

၃။ သရက်သီးစားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ပေါ်က ပျက်စီးနေတဲ့အရေပြားတွေရဲ့ အတွင်းပိုင်းထိကို ပြန်လည်ကုသပေးနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် သရက်သီးကိုပုံမှန်စားသုံးပေးခြင်းဟာ ချွေးပေါက်ကျယ်ခြင်းကိုလည်း ပြန်လည်ကုစားနိုင်သလို အသားအရေကိုလည်း ဝင်းပကြည်လင်စေပါတယ်။ shwekhitonlinetv.com

၄။ Tartaric acid , malic acid နဲ့ citric acid တွေဟာ သရက်သီးမှာကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အယ်ကာလီဓာတ်ကို ထိန်းသိမ်းပြုပြင်နိုင်စွမ်းရှိလို့ ကိုယ်အလေးချိန်လျော့ချချင်တဲ့ သူတွေအတွက် အထူးသင့်တော်လှပါတယ်။ shwekhitonlinetv.com

၅။ သရက်သီးကို “Love Fruit” လို့ အချို့ကတင်စားခေါ်ဝေါ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သရက်သီးမှာ ပါဝင်တဲ့ဓာတ်တွေက အရွယ်ရောက်ပြီးအမျိုးသားတွေကို ကာမအင်အားတိုးပွား စေနိုင်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ သရက်သီးဟာ Vitamin A ဓာတ်တွေလည်းမြောက်များစွာပါရှိတဲ့အတွက် မျက်စိ အမြင်အာရုံကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ မျက်ခမ်းခြောက်တာတွေ ညအခါ အမြင်အာရုံချို့တဲ့မှုတွေကိုလည်း သရက်သီးစားပေးခြင်းဖြင့် ကာကွယ်နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၇။ ပူပြင်းတဲ့နွေရာသီလို အချိန်မျိုးမှာ သရက်သီးမှည့်ကို စားသုံးပေးတာဟာ ခန္ဓာကိုယ်တွင်းက အပူရှိန်ကိုလျော့ကျစေပြီး စိတ်ကိုအေးမြလန်းဆန်းစေနိုင်ပါတယ်။ နောက်ပြီး လေဖြတ်ခြင်း၊ နှလုံးလေဟပ်ခြင်းတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ shwekhitonlinetv.com

၈။ သင့်အနေနဲ့ အာရုံစူးစိုက်မှုအားနည်းတာ မှတ်ညဏ်သိပ်ပြီး မကောင်းတော့တာမျိုး ဖြစ်ခဲ့ရင် သရက်သီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သရက်သီးဟာ အာရုံစူးစိုက်မှုနဲ့ မှတ်ညဏ်တိုးတက်မှုတွေ အပေါ်မှာ များစွာအထောက်အကူပြုနိုင်ပါသတဲ့။ shwekhitonlinetv.com

၉။ သရက်သီးဟာ Vitamin C , Vitamin A ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်စွမ်းရှိတာကတော့ အထူး​ပြောနေဖို့တောင်လိုမယ် မထင်ပါဘူး ပရိသတ်ကြီးရေ။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply