သစ်ပင်တစ်ပင်တည်းကို ထွင်းထုထားတဲ့ အံ့ဖွယ် ပန်းပုလက်ရာများ

ပန်း (၁၀) မျိုးတည်းမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ ပန်းပုပညာရပ်ကတော့ ရှေးယခင်ကတည်းကနေ ယနေ့ချိန်ထိ ခေတ်အဆက်ဆက် ခေတ်မီတိုးတက်နေတဲ့ ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက ထူးချွန်တဲ့ ပန်းပု ပါရမီရှင်တွေရဲ့ လက်ရာတွေဟာ ခေတ်မီဆန်းသစ်လှသလို ခေတ်ဟောင်းက ပန်းပုလက်ရာတွေကလည်း ယနေ့ချိန်ထိ ရိုးသွားခြင်းမရှိဘဲ ဆန်းကြယ်လျက်ရှိပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးမှာကတော့ ဒီလို ပန်းပုလက်ရာတွေထဲကမှ သစ်ပင်တစ်ပင်တည်းကို အသုံးပြုပြီး ထွင်းထုဖန်တီးခဲ့တဲ့ ကမ္ဘာကျော် ပန်းပုလက်ရာတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ကြီးမားပြီး ရှည်လျားတဲ့ ရုပ်စုံသစ်သားပန်းပုရုပ်

ပုံမှာပြထားတဲ့ ရင်သပ်ရှုမောဖွယ်ပန်းပုလက်ရာကတော့ တရုတ်နိုင်ငံသားပန်းပုအနုပညာရှင် Zheng Chunhui ရဲ့လက်ရာပဲဖြစ်ပါတယ်။ ဒီပန်းပုလက်ရာဟာ သစ်ပင်တစ်ပင်တည်းကို ထွင်းထုထားတာဖြစ်ပြီး ပေ (၄၀) နီးပါးရှည်လျားတာကြောင့် စတင်ပြသခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပဲ တဆက်တည်းအရှည်လျားဆုံး ထုလုပ်ထားတဲ့ သစ်သား ပန်းပုအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပန်းပုရုပ်မှာတော့ အသေးစားလူရုပ် ၅၅၀ နဲ့ တောတောင်ရေမြေတွေ၊ အဆောက်အဦးတွေ၊ တိရိစ္ဆာန်တွေရှုပ်ထွေးစွာပါဝင်နေပြီး အားလုံးပြီးစီးဖို့ အချိန် (၄) နှစ်လောက်ယူခဲ့ရတယ်လို့ သိရပါတယ်။ ပုံကိုကြည့်တာနဲ့တင် ဒီပန်းပုဆရာရဲ့ စိတ်ရှည်မှုကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အံ့ဖွယ် ကြောင်လိမ်လှေကား

ချက်သမ္မတနိုင်ငံက Lednice ရဲတိုက်မှာ ရှိတဲ့သစ်သားကြောင်လိမ်လှေကားကြီးကလည်း တစ်ကယ့်ကို အံ့ဖွယ်ကောင်းလှတဲ့ ပန်းပုလက်ရာတစ်ခုဖြစ်ပါတယ်။ ဒီကြောင်လိမ်လှေကား ကြီးကို ထုလုပ်ဖန်တီးခဲ့တဲ့သူက (၃၆၀) ဒီဂရီလှည့်ပတ်နိုင်အောင် ဖန်တီးထားပြီး သံဆိုလို့ တစ်ချောင်းတစ်လေတောင်မှ အသုံးပြုထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ဒီလို ကြီးမားပြီး သေသပ်လှပလွန်းတဲ့ ကြောင်လိမ်လှေကားကြီးကိုလည်း သစ်ပင်တစ်ပင်တည်းကနေ ထွင်းထုထားတာဖြစ်ပါတယ်။shwekhitonlinetv.com

၃။ ကမ္ဘာ့အကြီးဆုံး သစ်သားဗုဒ္ဓဆင်းတုတော်

ဉာဏ်တော်အမြင့် (၁၈) မီတာ လောက်ရှိတဲ့ သစ်သားဗုဒ္ဓဆင်းတုတော်ကတော့ သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်ကို ထွင်းထုထားတာပဲဖြစ်ပါတယ်။ ဒီပန်းပုလက်ရာကတော့ ချင်မင်းဆက် (Qing Dynasty) ဧကရာဇ် ရှန်လောင် (Qianlong Emperor’s) လက်ထက်မှာ ထုလုပ်ခဲ့တာလို့သိရပါတယ်။ တရုတ်နိုင်ငံ၊ ပီကင်းမြို့က လာမား ဘုန်းကြီးကျောင်းမှာ ဒီ ဗုဒ္ဓရုပ်ပွားတော်ကို တွေ့မြင်ဖူးမျှော်နိုင်ပါတယ်။shwekhitonlinetv.com

၄။ မြန်မာ့မြေက သစ်နဲ့ထွင်းထုသွားတဲ့ ခြင်္သေ့ကြီး

ဒီ ခြင်္သေ့ရုပ်ထုကြီးကို တရုတ်ပန်းပုဆရာ Dengding Rui Yao က သစ်ပင်တစ်ပင်တည်းရဲ့ ပင်စည်ကို အသုံးပြုပြီး ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။ Dengding Rui Yao နဲ့ သူ့လက်ထောက် အယောက် (၂၀) ဟာ ဒီလို လက်ရာမြောက်တဲ့ ခြင်္သေ့ရုပ်ကြီး ဖြစ်လာဖို့ အချိန် (၃) နှစ်လောက်ပေးခဲ့ရတယ်လို့သိရပါတယ်။ နောက်ပြီး ဒီ ခြင်္သေ့ကြီးကိုမြန်မာနိုင်ငံမှာ ပြီးစီးအောင်ထုလုပ်ခဲ့ပြီးမှ တရုတ်နိုင်ငံ ဝူဟန်မြို့က Fortune Plaza Time Square မှာပြသထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီခြင်္သေ့ရုပ်ကြီးက အရှည် (၄၇.၅) ပေ၊ အမြင့် (၁၆.၄) ပေရှိပြီး လုံးပတ်က (၁၃.၁) ပေ ရှိပါတယ်။ အနံ့မွှေးတဲ့ Rosewood လို့အမည်ရတဲ့ သစ်ကို ထွင်းထုထားတာလို့လည်း သိရပါတယ်။ shwekhitonlinetv.com

၅။ ဘီရှာမွန်တန် စစ်နတ်ဘုရားရုပ်

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး သစ်သား ပန်းပုရုပ်တုဖြစ်တဲ့ ဘီရှာမွန်တန် (Bishamonten) စစ်နတ်ဘုရားရုပ်တုကတော့ ကူမာနို (Kumano) ဘုရားရှိခိုးကျောင်းမှာ တည်ရှိပါတယ်။ Cypress သစ်ပင်တစ်ပင်တည်းကို အသုံးပြုပြီး ထွင်းထုပြုလုပ်ထားတဲ့ ဒီရုပ်တုကြီးကိုထုလုပ်ထားတဲ့ သစ်ရဲ့ သက်တမ်းကတော့ နှစ်ပေါင်း (၁၀,၀၀၀) ကျော်ပြီလို့သိရပါတယ်။ (၁၉၇၀) ပြည့်နှစ်မှာတော့ ဒီရုပ်တုကို ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးမြင့်အမွေအနှစ် ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ကူမာနို ဘုရားကျောင်းရဲ့ ပြခန်းမှာ ထားရှိပြသခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …  shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။