အိမ်ခြေရာမဲ့တစ်ဦးရဲ့ ဘဝကို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်အောင် ကူညီလိုက်ပေးလိုက်တဲ့ စေတနာရှင်

ဘဝအမောတွေနဲ့ရုန်းကန်လှုပ်ရှားနေရတဲ့ နေ့စဉ်ဘဝတွေထဲမှာ တစ်ခါတစ်ရံတော့ ကြင်နာတက်တဲ့နှလုံးသားပိုင်ရှင်တွေကြောင့် မေတ္တာတရားတွေကူးစက်ပြီး အခြားသူတွေကိုပါ နွေးထွေးသလိုခံစားရတက်ပါတယ်။ အခုလည်း လူမှုကွန်ရက်ပေါ်က ဒီလိုဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။ ဒီဇာတ်လမ်းလေးကိုဖတ်ရှုပြီးရင်တော့ အားလုံးပဲကြည်နူးမှုကိုခံစားရမယ်လို့ယုံကြည်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ shwekhitonlinetv.com

တစ်ခုသော တနင်္လာနေ့ရဲ့ ညနေခင်းတစ်ခုမှာ ဗီယက်နမ်နိုင်ငံ Đồng Nai ပြည်နယ်၊ Biên Hòa မြို့မှာနေထိုင်တဲ့ Kiet Duy Nguyen ဆိုတဲ့အမျိုးသားတစ်ဦးဟာ အဲ့ဒီနေ့အစောပိုင်းက တွေ့ကြုံခဲ့တဲ့ သူနဲ့အိမ်ခြေရာမဲ့တစ်ဦးရဲ့ ဖြစ်ရပ်ကို Facebook မှာပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Kiet ရဲ့ ပြောကြားချက်အရ အဆိုပါ အိမ်ခြေရာမဲ့အမျိုးသားဟာ လမ်းတွေပေါ်က အမှိုက်ပုံးတွေ ကိုမွှေနှောက်နေပြီး ပြန်လည်ရောင်းချဖို့အတွက် ရေသန့်ဘူးခွံတွေ ပုလင်းအခွံတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

သူ့ကိုတွေ့တော့ Kiet အနေနဲ့ကူညီချင်စိတ်ပေါ်ပေါက်လာပြီး အကူအညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ Kiet ကသူ့အတွက်အစားအသောက်တွေကို ဝယ်ယူပြီးကျွေးမွေးခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ညစ်ပေနေတဲ့ပုံစံကို သန့်ရှင်းအောင်အတွက် ဆံပင်ပါညှပ်ပေးပြီး ရေချိုးသန့်စင်စေခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုပြုမူပြီးတဲ့နောက်မှာတော့ အိမ်ခြေရာမဲ့အမျိုးသားရဲ့ ပုံစံဟာ နင်းပြားတစ်ယောက်အသွင်မဟုတ်ဘဲ နှစ်လိုဖွယ်အပြုံးနဲ့ လူကြီးလူကောင်းတစ်ယောက်အသွင်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Kiet က သူ့အနေနဲ့ ဘယ်လိုအကြောင်းကြောင့် အိမ်ခြေရာမဲ့တစ်ယောက်အသွင်နဲ့ လမ်းပေါ်မှာလေလွင့်နေခဲ့သလဲလို့ ထိုအမျိုးသားရဲ့နောက်ကြောင်းကို မေးမြန်းကြည့်ခဲ့တယ်အခါမှာတော့ အံ့အားသင့်ခဲ့ရပါတယ်။ shwekhitonlinetv.com

ထိုအမျိုးသားရဲ့ ပြောကြားချက်အရတော့ သူဟာတစ်ချိန်က လက်ထပ်ခဲ့ဖူးကြောင်း၊ ဒါပေမယ့် သူ့အလုပ်ရဲ့ သဘောသဘာဝအရ လနှင့်ချီပြီး ခရီးထွက်ရလေ့ရှိတာကြောင့် ဇနီးသည်အတွက် အချိန်အနည်းငယ်သာပေးနိုင်ခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မပြေလည်တော့ဘဲ ကွာရှင်းခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးဘဲ ကွာရှင်းပြတ်စဲပြီးနောက် သူ့အလုပ်ဆုံးရှုံးသွားသလို အလုပ်သစ်ပြန်ရဖို့အတွက်လည်း ခက်ခဲနေခဲ့တာကြောင့် မိသားစုဘဝရော အလုပ်ပါဆုံးရှုံးတဲ့အပေါ် စိတ်ဓာတ်အကြီးအကျယ်ကျကာ လမ်းပေါ်မှာ နှစ်နှစ်နီးပါးလေလွင့်နေခဲ့ခြင်းဖြစ်ကြောင်း ပွင့်လင်းစွာရှင်းပြခဲ့ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့နောက်ကြောင်းကို သိရှိပြီးနောက်မှာတော့ Kiet အနေနဲ့ စိတ်မကောင်းဖြစ်မိပြီး သူ့ဘဝပြန်လည်အစပြုဖို့အတွက်ပါ ဆက်လက်ကူညီသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Kiet က ထိုသူကို အလုပ်ပေးချင်သူတွေနဲ့ ကူညီလိုသူတွေအတွက် သူ့ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားပါတယ်။ shwekhitonlinetv.com

နောက်ဆုံးမှာတော့ သူစိမ်းတစ်ယောက်ရဲ့ အကူအညီကြောင့် အဆိုပါအိမ်ခြေရာမဲ့အမျိုးသားဟာ ကားထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ အလုပ်ရရှိသွားခဲ့ပြီး သူ့ရဲ့ဘဝကို အသစ်ကနေပြန်လည်စတင်နေပြီ ဖြစ်ကြောင်းရေးသားတင်ဆက်လိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။