ကမ္ဘာကျော် သူဌေးကြီး Elon Musk ရဲ့ စိတ်ဝင်စားစရာ အကြောင်းများ

Elon Musk ဆိုတဲ့ပုဂ္ဂိုလ်ကတော့ ဒီနေ့ခေတ်လူကြီးလူငယ်မရွေး သိရှိပြီးသားကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူနဲ့ပတ်သတ်ပြီးအထွေအထူးပြောစရာမရှိဘဲ လူသိနည်းတဲ့သူ့ရဲ့ အကြောင်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ Telsa အား Google သို့ရောင်းချဖို့ ဆက်သွယ်ခဲ့ဖူးခြင်း

Elon Musk ဟာ Telsa ရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာ Google သူဌေးကြီး Larry Page ကိုဆက်သွယ်ပြီး Telsa ကိုရောင်းချဖို့အတွက်ဆက်သွယ်ခဲ့ဖူးပါတယ်။ သူတို့ဟာ အမေရိကန်ဒေါ်လာ (၆) ဘီလီယံနဲ့ ကနဦးဈေးသဘောတူညီမှုရရှိခဲ့ပေမယ့် တစ်ကယ်တမ်းလက်တွေ့အရောင်းအဝယ်ကတော့ ဖြစ်လာခဲ့ခြင်းမရှိပါဘူး။ shwekhitonlinetv.com

၂။ James Bond ကားကိုဝယ်ယူခဲ့ခြင်း

Elon Musk ဟာ ၂၀၁၃ ခုနှစ်မှာ Lotus Esprit ဆိုတဲ့ကားတစ်စီးကိုဝယ်ယူရာမှာ အမေရိကန်ဒေါ်လာ (၁) သန်းနီးပါးအသုံးပြုခဲ့ပါတယ်။ ဘာကြောင့်ဒီလောက်ငွေပမာဏသုံးခဲ့ရသလဲဆိုတော့ ဒီကားက ၁၉၇၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား “The Spy Who Loved Me” ဇာတ်ကားမှာ ဂျိမ်းစ်ဘွန်းစီးခဲ့တဲ့ကားဖြစ်နေလို့ပါ။ ဒီကားကရေအောက်ထဲမှာသွားနိုင်အောင် ဒီဇိုင်းထွင်ထားပြီး Telsa ရဲ့ Cybertruck ဟာလည်းဒီကားပေါ်မှာအခြေခံထားတာတွေရှိတယ်လို့ နောက်ပိုင်းမှ Elon Musk ကဝန်ခံခဲ့ပါတယ်။ shwekhitonlinetv.com

၃။ သားသမီးထွန်းကားလွန်းတဲ့ Elon Musk

ကမ္ဘာကျော် ဘီလျံနာသူဋ္ဌေးကြီး အီလွန်မက်စ်ကတော့မကြာသေးမီကမှ နောက်ထပ်ကလေးတစ်ဦး ထပ်မံပိုင်ဆိုင်ခဲ့လို့ ကလေး (၁၀) ဦးရဲ့ဖခင်ဘဝကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီကလေးရဲ့အရင် အီလွန်မက်စ်မှာ သုံးမွှာပူးတစ်ကြိမ်၊ နှစ်မွှာပူးနှစ်ကြိမ် အဖြစ်အမွှာကလေးငယ်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ shwekhitonlinetv.com

၄။ စတမ်းဖို့ဒ်မှာ (၂) ရက်သာနေပြီးကျောင်းထွက်ခဲ့တဲ့ Elon Musk

Elon Musk ဟာစတမ်းဖို့ဒ်မှာ (၂) ရက်ပဲနေခဲ့ပြီးတော့ ကျောင်းထွက်ခဲ့တဲ့သူဖြစ်ပါတယ်။ မူလအစကသူ့အနေနဲ့ ဒီမှာ ရူပဗေဒဘာသာရပ်နဲ့ ပါရဂူဘွဲ့ရဖို့အထိရည်မှန်းထားတာဖြစ်ပါတယ်။ အဲ့ဒီအစားသူ့ရဲ့ပထမဆုံးကကုမ္ပဏီဖြစ်တဲ့ Zip2 ကိုထူထောင်ခဲ့ပါတယ်။ shwekhitonlinetv.com

၅။ ရုပ်ရှင်နှင့်တီဗွီစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Elom Musk

အမှန်ပါပဲ။ Elon Musk ဟာ ကမ္ဘာကျော်သူဌေးကြီးအဖြစ်မကျော်ကြားခင်အချိန်ကတည်းက ရုပ်ရှင်နယ်ပယ်မှာ အတော်အတန် လူသိများတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ Men In Black , Iron Man (II) စတဲ့နာမည်ကျော်ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖူးသလို တီဗွီစီးရီးအများစုမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ တောင်အာဖရိကမှာ ကြီးပြင်းလာခဲ့သူ

သူဟာ တောင်အာဖရိကမှာမွေးဖွားခဲ့တဲ့သူဖြစ်ပြီး အသက် (၁၇) နှစ်အရွယ်အထိအဲ့ဒီမှာပဲ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကနေဒါနိုင်ငံ အွန်တာရီယိုကိုရွှေ့ပြောင်းလာခဲ့ပြီး Kingston မှာရှိတဲ့ Queen’s University မှာ ကောလိပ်တက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Elon Musk ဟာ Telsa ကိုတည်ထောင်သူမဟုတ်ပါဘူး

Elon Musk ရဲ့ ကုမ္ပဏီတွေထဲမှာ နာမည်အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံးက Telsa ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကုမ္ပဏီကိုသူက စတင်ပြီးတည်ထောင်ခဲ့တာမဟုတ်ပါဘူး။ Martin Eberhard နဲ့ Marc Tarpenning တို့က Telsa ကို ၂၀၀၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာတော့ Elon Musk က အမေရိကန်ဒေါ်လာ (၆.၃၅) သန်းရင်းနှီးမြုပ်နှံခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကုမ္ပဏီရဲ့ CEO အဖြစ်ရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ (၁၂) နှစ်သားမှာ ဗွီဒီယိုဂိမ်းတစ်ခုဖန်တီးခဲ့သူ

Elon Musk ဟာ ၁၉၈၄ ခုနှစ် သူ့အသက် (၁၂) သားအရွယ်မှာ ဗွီဒီယိုဂိမ်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒီ ဗွီဒီယိုဂိမ်းရဲ့နာမည်က Blastar ဖြစ်ပြီး ကွန်ပျူတာမဂ္ဂဇင်းတစ်ခုကို အမေရိကန်ဒေါ်လာ (၅၀၀) နဲ့ ရောင်းချခဲ့ပါတယ်။ shwekhitonlinetv.com

၉။ အိမ်တစ်လုံးငှားပြီး နိုက်ကလပ်အဖြစ်ပြောင်းလဲခဲ့သူ

Elon Musk နဲ့သူ့ရဲ့အခန်းဖော် Andeo Ressi တို့ဟာ Pennsylvania တက္ကသိုလ်မှာရှိနေတုန်း အိမ်ကြီးတစ်လုံးကို ငှားရမ်းပြီးနိုက်ကလပ်အဖြစ်ပြောင်းလဲကာ ဝင်ငွေရှာခဲ့ဖူးတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။