ရုပ်ရှင်သမိုင်းတစ်လျှောက် စိတ်ခံစားမှုအပေးနိုင်ဆုံး ရုပ်ရှင်ဇာတ်ကားများ

ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သမိုင်းတစ်လျှောက်စိတ်ခံစားမှုဆိုင်ရာ ရသအပေးစွမ်းနိုင်ဆုံးရုပ်ရှင်ဇာတ်ကားတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်ဇာတ်ကားတွေများဖြစ်နေမလဲဆိုတာ ရှုစားလိုက်ကြပါဦးနော် ….. shwekhitonlinetv.com

၁။ Titanic (1997)

Titanic ရုပ်ရှင်ဇာတ်ကားကတော့ အချစ်နဲ့ ကံကြမ္မာဖြစ်ရပ်ဆိုးကြီးတစ်ခုအကြောင်းကို ရောနှောရိုက်ကူးထားတဲ့ ဂန္ဒဝင်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ မင်းသားလီယိုနာဒိုဒီကာပရီယို နဲ့ မင်းသမီးကိတ်ဝင်းစလက်တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားဟာ အော်စကာဆု (၁၁) ဆုရရှိခဲ့တဲ့အထိအောင်မြင်ခဲ့ပြီး Box Office ရဲ့ထာဝရဝင်ငွေအကောင်းဆုံးရုပ်ရှင်ကား (၁၀) ကားမှာလည်း ဒီနေ့ချိန်ထိအောင် ထိပ်တန်းအဆင့်မှာရပ်တည်လျှက်ရှိပါတယ်။ ဒီကားကိုကြည့်ဖူးတဲ့သူတိုင်း ကြေကွဲလွမ်းမောဖွယ်ရာအချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရင်ထဲမှာစွဲနေအောင်ခံစားမိကြမှာအမှန်ပါပဲ။ shwekhitonlinetv.com

၂။ The Truman Show (1998)

ဂျင်ကာရေး၊ အက်ဒွပ်ဟားရစ်၊ လော်ရာလင်နေး တို့ပါဝင်သရုပ်ဆောင်ထားတဲ့ The Truman Show ဇာတ်ကားကတော့ စိတ်ပိုင်းဆိုင်ရာဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အာမခံအရောင်းသမားတစ်ဦးနဲ့ သူရဲ့ဘဝ၊ ပတ်ဝန်းကျင်တွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဒီကားကလည်း အော်စကာဆုမှာ ဆန်ခါတင် (၃) နေရာပါဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Me Before You (2016)

Me Before You ဇာတ်ကားကတော့ နာမည်ကျော်စာရေးဆရာ Jojo Moyes ရဲ့ ဝတ္ထုကို လိုက်လျောညီထွေဖြစ်ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကတော့ Box Office ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၀၈) သန်းကျော်ရရှိခဲ့ပြီး People Choice Award ကိုလည်းရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Eternal Sunshine of The Spotless Mind (2004)

ဒီဇာတ်ကားကတော့ ဂျင်မ်ကာရေး နဲ့ ကိတ်ဝင်းစလက် တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရထားပေါ်မှာစတင်ဆုံတွေ့ကြပြီး ဝိညာဉ်ဇာတ်လမ်းပုံပြင်တွေကိုအပြန်အလှန်ပြောပြရင်း ရင်းနှီးသွားရာကနေထူးခြားတဲ့ ဆက်နွယ်မှုတွေရှိနေတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားဟာလည်း အကောင်းဆုံးဇာတ်ညွှန်းဆုအပါအဝင်အခြားရုပ်ရှင်ဆိုင်ရာဆုပေါင်းများစွာကိုရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Eat Pray Love (2010)

Eat Pray Love ကတော့ နာမည်ကျော်စာရေးဆရာ Elizabeth Gilbert ရေးသားထားတဲ့ဝတ္ထုကို နာမည်ကျော်ဒါရိုက်တာ Ryan Murphy ကနေရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Elizabeth အဖြစ်သရုပ်ဆောင်ထားတဲ့ ဂျူလီယာရောဘတ် ဟာ အိန္ဒိယ၊ အီတလီ၊ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေကို လှည့်ပတ်သွားလာရင်းသူမရဲ့ရှာဖွေတွေ့ရှိမှုတွေကို ဒရာမာနဲ့ရောနှောပုံဖော်ထားတာဖြစ်ပါတယ်။ ဒီကားဟာဆိုရင် ဘတ်ဂျတ်အဖြစ် အမေရိကန်ဒေါ်လာသန်း (၆၀) လောက်ပဲအသုံးပြုခဲ့ရပေမယ့် Box Office ဝင်ငွေသန်း (၂၀၀) ကျော်ပြန်လည်ရရှိခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply