ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Obayashi ဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ အာကာသနဲ့ဆက်သွယ်နိုင်မယ့် ဓာတ်လှေကားကိုတည်ဆောက်ဖို့အတွက် အစီအစဉ်ဆွဲနေပြီဖြစ်ကြောင်းသိရပါတယ်။shwekhitonlinetv.com
ဒီဓာတ်လှေကားကတစ်ဆင့် ကမ္ဘာမြေကနေ အာကာသထဲက၎င်းတို့လွှတ်တင်ထားမယ့် အာကာသစခန်းကို အာကာသယာဉ်မလိုဘဲသွားရောက်နိုင်မှာဖြစ်ပါတယ်။ အာကသယာဉ်မှုးတွေအတွက်လည်း အာကာသထဲကအခြားနေရာတွေကိုသွားရောက်ဖို့အတွက် အဲ့ဒီစခန်းကို ဆိပ်ကမ်းသဘောမျိုး တည်ဆောက်ထားမှာလည်းဖြစ်ပါတယ်။shwekhitonlinetv.com

ဒီအာကသစခန်းနဲ့ ဆက်သွယ်ထားတဲ့ဓာတ်လှေကားမှာတော့ Carbon Nanotube Pulley နည်းပညာကို အသုံးပြုပြီး အလွန်ခိုင်ခံ့တဲ့ Cable တွေကိုအသုံးပြုသွားမှာဖြစ်တယ်လို့သိရပြီး တစ်ကြိမ်ကို လူအယောက် (၃၀) နည်းပါးတင်ဆောင်သွားနိုင်ဖို့ စီစဉ်ထားကြောင်းလည်းသိရပါတယ်။shwekhitonlinetv.com
Obayashi ကုမ္ပဏီအနေနဲ့ ကမ္ဘာမြေမှာလည်း မီတာ (၆၀၀) ကျော်မြင့်တဲ့ မိုးမျှော်အဆောက်အဦးတစ်ခုကို တည်ဆောက်သွားမှဖြစ်ပြီး အာကသစခန်းနဲ့ ချိတ်ဆက်ထားတဲ့ ဓာတ်လှေကားတွေကို အဲ့ဒီအဆောက်အဦးကနေတစ်ဆင့် စီးနင်းရမှာဖြစ်တယ်လို့လည်းသိရပါတယ်။shwekhitonlinetv.com

အာကာသဓာတ်လှေကားနဲ့ချိတ်ဆက်ထားမယ့် အာကာစခန်းကတော့ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ (၃၆၀၀၀၀) အကွာကနေ ကမ္ဘာကိုလှည့်ပတ်နေမှာဖြစ်ပါတယ်။ အာကသ ဓာတ်လှေကားအနေနဲ့ တစ်နာရီကို ကီလိုမီတာ (၂၀၀) နှုန်းနဲ့သွားမှာဖြစ်တာကြောင့် အာကာသထဲက စခန်းကိုရောက်ရှိဖို့တော့ အချိန်အားဖြင့် နာရီ (၁၈၀) လောက်ကြာမှလည်းဖြစ်ပါတယ်။shwekhitonlinetv.com
ဒါပေမယ့် အခုအာကသစခန်းကိုထားရှိမယ့်နေရာဟာ အကြမ်းဖျင်းယေဘူယျအားဖြင့် တွက်ချက်ထားတာဖြစ်ပြီး နောက်ထပ်အသးစိတ်တွက်ချက်မှုတွေအရ အကွာအဝေးအပြောင်းအလဲ ရှိနိုင်ကြောင်းလည်းသိရပါတယ်။shwekhitonlinetv.com

Obayashi ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ဒါဟာ ရိုးရှင်းတဲ့အိပ်မက်တစ်ခုဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီအစဉ်ကို တစိုက်မတ်မတ်ကြိုးစားအကောင်အထည်ဖော်သွားမှာပါ” လို့ သတင်းအေဂျင်စီတစ်ခုကို ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.