ဘောလုံးသမိုင်းတစ်လျောက် ငွေကြေးအကုန်အကျအများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲများ

(၄) နှစ်တစ်ကြိမ်ကျင်းပပြုလုပ်တဲ့ ဖီဖာအမျိုးသားကမ္ဘာ့ဖလားရဲ့ (၂၂) ကြိမ်မြောက်ပြိုင်ပွဲကိုတော့ အာရှတိုက်က ကာတာနိုင်ငံမှာလာမယ့် နိုဝင်ဘာ (၂၀) ရက်နေ့ကနေ ဒီဇင်ဘာ (၁၈) ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အငြင်းပွားဖွယ်ရာအများအပြားရှိခဲ့ပြီး ဆောင်းရာသီမှာကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် အိမ်ရှင်ကာတာနိုင်ငံဟာ အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံအထိအသုံးပြုထားလို့ ဖီဖာရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ငွေကြေးအများဆုံးသုံးစွဲခဲ့ရတဲ့ ပြိုင်ပွဲအဖြစ်လည်းစံချိန်တင်သွားခဲ့ရပါတယ်။ ဖီဖာရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ငွေကြေးကုန်ကျမှုအများဆုံးအသုံးပြုခဲ့ရတဲ့ ပြိုင်ပွဲတွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ ၁၉၉၈ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံ

ပြင်သစ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားမှာဆိုရင်တော့ အိမ်ရှင်ပြင်သစ်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံကုန်ကျခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ အိမ်ရှင်ပြင်သစ်က ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကိုအနိုင်ယူကာ ကိုယ့်မြေကိုယ့်ရေပေါ်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ၂၀၀၂ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၇) ဘီလီယံ

၂၀၀၂ ကမ္ဘာ့ဖလားဟာ ဖီဖာရဲ့သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်နိုင်ငံနှစ်နိုင်ငံပူးတွဲကျင်းပခဲ့တဲ့တစ်ခုတည်းသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါတယ်။ ဒါ့အပြင် အာရှတိုက်မှာပထမဆုံးကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားဆိုလည်းမမှားပါဘူး။ အာရှတိုက်က ဂျပန်နိုင်ငံနဲ့တောင်ကိုရီးယားနိုင်ငံတို့မှာရှိတဲ့ ကွင်းပေါင်း (၂၀) မှာပွဲစဉ်တွေကိုခွဲပြီး ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲမှာတော့ ပြင်ဆင်ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ (၇) ဘီလီယံအထိရှိခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းကတော့ ဘရာဇီးလ်အသင်းဖြစ်ပြီး ဗိုလ်လုပွဲမှာဂျာမနီအသင်းကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ၂၀၀၆ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၄.၃) ဘီလီယံ

၂၀၀၆ ကမ္ဘာ့ဖလားကိုတော့ ဂျာမနီနိုင်ငံကအိမ်ရှင်အဖြစ်တာဝန်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ (၄.၃) ဘီလီယံအကုန်အကျခံကာကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာတော့ ပြင်သစ်နဲ့အီတလီ အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး အီတလီကပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ၂၀၁၀ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၃.၆) ဘီလီယံ

၂၀၁၀ ကမ္ဘာ့ဖလားကလည်း ဖီဖာရဲ့မှတ်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဖရိကတိုက်မှာကျင်းပခဲ့တဲ့ပြိုင်ပွဲဖြစ်ခဲ့ပါတယ်။ အိမ်ရှင်အဖြစ်တာဝန်ယူခဲ့တဲ့ တောင်အာဖရိကနိုင်ငံဟာ နိုင်ငံအတွင်းက မြို့ (၉) မြို့မှာရှိတဲ့ ဘောလုံးကွင်း (၁၀) ကွင်းကို အဆင့်မီအောင်ပြုပြင်ခဲ့ရပြီး အမေရိကန်ဒေါ်လာ (၃.၆) ဘီလီယံကုန်ကျခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ စပိန်အသင်းနဲ့ နယ်သာလန် အသင်းတို့ ဗိုလ်လုခဲ့ကြရပြီး မိနစ် (၉၀) အထိဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပါတယ်။ အချိန်ပိုမှာတော့ စပိန်အသင်းက အင်နီယေစတာ သွင်းဂိုးနဲ့အနိုင်ရဗိုလ်စွဲခဲ့တာပါ။ shwekhitonlinetv.com

၅။ ၂၀၁၄ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံ

၂၀၁၄ ကမ္ဘာ့ဖလားကိုတော့ ချန်ပီယံ (၅) ဖြစ်ထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ်စံချိန်တင်ထားတဲ့ တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံမှာကျင်းပခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံဟာ ပြိုင်ပွဲမစတင်မီ ဇီကာဗိုင်းရပ်လို ကပ်ဘေးနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် ငွေကြေးအကုန်အကျပိုများခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တာကတော့ ဂျာမနီအသင်းဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားတုန်းကလိုပဲ ဗိုလ်လုပွဲမှာအာဂျင်တီးနားကို ဂေါ့ဇီရဲ့ အချိန်ပိုသွင်းဂိုး တစ်ဂိုးတည်းနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ၂၀၁၈ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၁၁.၆) ဘီလီယံ

၂၀၁၈ ကမ္ဘာ့ဖလားကိုတော့ ရုရှားနိုင်ငံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်ကဘောလုံးအင်အားကြီးနိုင်ငံ ဖြစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံကနေ ခွဲထွက်ခဲ့တဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်တာကြောင့် အခြေခံအဆောက်အဦးတွေပြင်ဆင်ဖို့အတွက် ငွေသိပ်မသုံးခဲ့ရပေမယ့် ကျယ်ပြန့်လွန်းတဲ့နိုင်ငံရဲ့ ပထဝီအနေအထားကြောင့် သယ်ယူပို့ဆောင်ခတွေမှာ ငွေကြေးပိုမိုသုံးစွဲခဲ့ရတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ပြင်သစ်အသင်းက ခရိုအေရှားအသင်းကို (၄-၂) ဂိုးနဲ့အနိုင်ရပြီး ဒုတိယအကြိမ်ဗိုလ်စွဲခဲ့ပါတယ်။ shwekhitonlinetv.com

၇။ ၂၀၂၂ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံ

၂၀၂၂ ကမ္ဘာ့ဖလားကိုတော့အာရှတိုက်က ငွေကြေးချမ်းသာကြွယ်ဝတဲ့ ကာတာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာမစတင်မီကတည်းက လာဘ်စားမှုအရှုပ်တော်ပုံတွေ၊ အလုပ်သမားဖိနှိပ်မှုတွေကြောင့် အငြင်းပွားဖွယ်ရာအများဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်သတ်မှတ်ခဲ့ကြပြီး နိုင်ငံအချို့ကလည်းဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ ပူပြင်းလွန်းတဲ့ရာသီဥတုဒဏ်ကြောင့် ဆောင်းရာသီမှာမှ ကျင်းပပြုလုပ်တဲ့ ပထမဆုံးကမ္ဘာ့ဖလားလည်းဖြစ်ခဲ့ပါတယ်။ ငွေကြေးချမ်းသာလွန်းတဲ့ ကာတာနိုင်ငံကတော့ နည်းပညာတွေအသုံးပြုပြီး အပူချိန်လျော့ကျအောင်စီမံထားတယ်လို့ဆိုခဲ့ပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားတွေထက် အဆပေါင်းများစွာငွေကြေးသုံးစွဲထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Advertisements