နာရီ (၆၀) လောက်အိပ်ယာထဲလှဲနေပြီး အပျင်းထူပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့သူ

ဥရောပတိုက်က မွန်တီနီဂရိုးနိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း ပုံမှန်မဟုတ်တဲ့ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ရှိပါတယ်။ အဲ့ဒီပြိုင်ပွဲကတော့ အလွယ်ပြောရရင် အပျင်းထူပြိုင်ပွဲလို့ဆိုနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲမှာ ဘာဆိုဘာမှထမလုပ်ဘဲ အချိန်အကြာဆုံးလှဲလျောင်းပြီးနေနိုင်တဲ့ သူကအနိုင်ရရှိမှာမို့လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ၂၀၂၂ ခုနှစ်အတွက်ပြိုင်ပွဲကိုတော့ မွန်တီနီဂရိုးနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Niksic မြိုရဲ့ အပြင်ဘက်နားက Brezna ဆိုတဲ့ ရွာလေးအနီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ဘယ်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အချိန်အကြာဆုံးအိပ်ယာထဲလှဲနေနိုင်တဲ့သူကို အနိုင်ပေးတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့သူကတော့ ဆုကြေးအဖြစ် ယူရိုငွေ (၃၅၀) အပါအဝင် နာမည်ကျော်စားသောက်ဆိုင်တွေမှာ စားသောက်ခွင့်၊ ဟိုတယ်တွေမှာတည်းခိုခွင့် စတဲ့အခွင့်အရေးတွေပါရရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီနှစ်ကျင်းပတဲ့ပြိုင်ပွဲကိုတော့ Zarko Pejanovic ဆိုတဲ့အမျိုးသားက (၁၂) ကြိမ်မြောက်အဖြစ်အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ သူ့အနေနဲ့ နာရီပေါင်း (၆၀) လောက်ကို လှဲလျောင်းနေရာကနေလုံးဝမထဘဲနေပြီး ပြိုင်ဘက်တွေကို အသာရကာ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခြားပြိုင်ပွဲဝင်တွေကတော့ ဒုတိယနေ့အထိတောင့်ခံနိုင်ခဲ့ကြပေမယ့် တတိယမြောက်နေ့ရောက်တဲ့အခါမှာတော့ အပေါ့အလေးထသွားတာမျိုးတွေပြုလုပ်ခဲ့လို့ ပြိုင်ပွဲကထုတ်ပယ်ခံခဲ့ရပါတယ်။ Zarko Pejanovic ကတော့ တစ်ယောက်တည်းပြိုင်ပွဲမှာကျန်တဲ့အထိ နာရီပေါင်း (၆၀) လောက် အပေါ့အလေးထသွားခြင်းမျိုးလည်း မပြုဘဲ အိပ်ယာထဲလှဲလျောင်းနေနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဒီပြိုင်ပွဲမှာအချိန်အကြာဆုံးအဖြစ်စံချိန်တင်ထားတာကတော့ Dubravka Aksic ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။ သူမက နာရီပေါင်း (၁၁၇) နာရီလောက်အိပ်ယာထဲလှဲနေနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့က သူမယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာက (၈) နာရီကိုတစ်ကြိမ် အပေါ့အလေးသွားခွင့်ရှိတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။