ကျွန်ုပ်တို့ရဲ့ နေထက်ဒြပ်ထုအဆသန်းချီပြီးကြီးမားတဲ့ တွင်းနက်ကြီးတစ်ခုဟာ ကမ္ဘာမြေဆီဦးတည်ပြီး (၁) စက္ကန့်ကို ကီလိုမီတာ (၁၁၀) နှုန်းနဲ့ရွှေ့လျားလာလျက်ရှိနေပါတယ်။ ဒါကြောင့်ကျိန်းသေတာတစ်ခုကတော့ တစ်နေ့တစ်ချိန်ကျရင် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေအားလုံးပျက်သုဉ်းသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ထုထည်ကြီးမားလှတဲ့ တွင်းနက်ကြီးဟာ (Massive Black Hole) မစ်ကီဝေး ဂလက်ဆီရဲ့ အိမ်နီးချင်းဂလက်ဆီတစ်ခုဖြစ်တဲ့ အန်ဒရိုမီဒါဂလက်ဆီ (Andromeda Galaxy) ရဲ့ အလယ်ဗဟိုမှာတည်ရှိနေတာဖြစ်ပြီး (၁) စက္ကန့်ကို ကီလိုမီတာ (၁၁၀) နှုန်းနဲ့ ရွေ့လျားလာနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အန်ဒရိုမီဒါဂလက်ဆီဟာ မစ်ကီဝေးဂလက်ဆီနဲ့ အန်ဒရိုမီဒါဂလက်ဆီတို့ဟာ အလင်းနှစ်သန်းပေါင်း (၂.၅) သန်းကွာဝေးတာကြောင့်မို့လို့ ဒီတွင်းနက်ကြီးဟာ ယေဘုယျအားဖြင့်တော့ ကျွန်ုပ်တို့ဆီကိုရောက်ရှိဖို့ နှစ်ပေါင်း (၄) ဘီလီယံကျော်အချိန်ယူရဦးမှာဖြစ်ပါတယ်။ shwekhitonlinetv.com

“အန်ဒရိုမီဒါဂလက်ဆီနဲ့ မစ်ကီဝေးဂလက်ဆီတို့ ပေါင်းစည်းမိတဲ့အခါကျရင် ကြီးမားတဲ့ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်တွေဖြစ်ပေါ်လာမှာပါ။ တစ်ကယ်လို့များ အဲ့ဒီအချိန်မှာလူသားမျိုးနွယ်စုတွေရှိနေသေးရင်တော့ တွင်းနက်ထဲကိုကြယ်တွေစုပြုံဝင်ရောက်သွားမှာမို့လို့ တစ်လုံးထက်ပိုများတဲ့ နေတွေကိုပါ ကောင်းကင်ယံမှာမြင်တွေ့နိုင်မှာဖြစ်ပါတယ်” လို့ အမေရိကန်အာကသ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Mr Cain ကဆိုပါတယ်။ shwekhitonlinetv.com

အဆိုပါတွင်းနက်ကြီးရဲ့ ဒြပ်ထုဟာ နေထက်အဆ သန်းပေါင်း (၁၀၀) ပို၍ကြီးမားတယ်လို့သိရပြီး မစ်ကီဝေးဂလက်ဆီထဲက ရှိသမျှအရာအားလုံးကို ဝါးမျိုသွားဖို့ရှိနေပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.