မြင်သူတိုင်း ရယ်မောသွားစေမယ့် Photoshop ပညာရှင်တစ်ဦးရဲ့ အထာကျကျ ဆေးထိုးချက်များ

James Fridman ဆိုတဲ့ Photoshop ပညာရှင်တစ်ယောက်ဟာ တွစ်တာ၊ ဖေ့ဘုတ်စ်အစရှိတဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ အတော်လေးနာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘာကြောင့်နာမည်ကြီးရသလဲဆိုတော့ သူ့ကို ဓာတ်ပုံလေးတွေပို့ပြီး ပြင်ပေးဖို့အကူအညီတောင်းသူတွေကို သူတို့တောင်းဆိုတဲ့အတိုင်းအတိအကျ ပြင်ဆင်ပေးနေလို့ပါပဲ။ ဒါပေမယ့်သူပြင်ဆင်ပြီးပြန်လည်ပေးပို့တဲ့ပုံတွေက ဓာတ်ပုံပိုင်ရှင် မျှော်လင့်ထားသလိုဖြစ်မလာဘဲ ဟာသဆန်ဆန်ပုံတွေသာဖြစ်ပါတယ်။ ဘယ်လိုဟာသပုံတွေဖြစ်သွားသလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com

၁။ ဒီဓာတ်ပုံပိုင်ရှင်ရဲ့အမေက ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ပါတဲ့။ ဒါကြောင့်သူ့ရဲ့ပုံကိုသူ့အမေကိုပြဖို့အတွက် အနောက်ကဝတ်လစ်စလစ်ဖြစ်နေတဲ့ရုပ်တုကို Cover လုပ်ခိုင်းတာပါ။ အဲ့ဒါကို James လုပ်ပေးလိုက်ပုံက ….. shwekhitonlinetv.com

၂။ ဒီလူကပုံထဲမှာ ရေပန်းနဲ့သူ့ပါးစပ်နဲ့ နဲနဲလွဲနေလို့ James ကိုပြင်ခိုင်းတာပါ။ James ပြင်ပေးလိုက်တာက … ရေပန်းကတော့တည့်သွားပါရဲ့နော် ….. shwekhitonlinetv.com

၃။ ဒီစုံတွဲကတော့ သူတို့အရှေ့က ကွယ်နေတဲ့ဒေါက်တိုင်လေးကိုဖယ်ပေးခိုင်းတာပါ။ ဟုတ်တယ်လေ အဲ့ဒေါက်တိုင်မရှိမှတော့ ပြိုပြီပေါ့ …… shwekhitonlinetv.com

၄။ သူမရဲ့ပုံကအရမ်းဝေးနေလို့ နဲနဲ Zoom In လုပ်ပေးဖို့အကူအညီတောင်းတာပါ။ James လုပ်ပေးလိုက်တာ သူမကို ကူညီရာရောက်ရဲ့လား ….. shwekhitonlinetv.com

၅။ ဓာတ်ပုံထဲမှာ ထိပ်ပြောင်ကြီးဖြစ်နေလို့ကြည့်ကောင်းအောင်ပြင်ပေးပါတဲ့။ မဆိုးပါဘူး ….. ဒီအတိုင်းဆိုထိပ်မပြောင်တော့ဘူးလေ …… shwekhitonlinetv.com

၆။ ပုံထဲမှာတစ်ယောက်တည်းသီးသန့်ဖြစ်ချင်နေတဲ့ ကိုယ်တော်ချောအတွက် …… shwekhitonlinetv.com

၇။ ဒီမိန်းကလေးကတော့ သူ့ရဲ့လက်ထဲမှာအိတ်တစ်ခုခုကိုင်ထားတဲ့ပုံဖြစ်အောင်လုပ်ခိုင်းတာပါ။ ကံဆိုးတာက သူမအနေနဲ့ ကိုင်ချင်တဲ့အိတ်အမျိုးအစားကိုတစ်ခါတည်း မပြောမိတာပါပဲ။ shwekhitonlinetv.com

၈။ ဒီကောင်မလေးကတော့ မူရင်းပုံကနောက်ခံ Background ကိုပြောင်းချင်ပြီး သူရဲ့ကောင်လေးနဲ့အတူပန်းခြံထဲကို ရောက်နေတဲ့ပုံလုပ်ခိုင်းမိတာပါ။ shwekhitonlinetv.com

၉။ ဒီတစ်ယောက်ကတော့ ကောင်ဇိုးလေးဖြစ်ချင်နေတဲ့ တစ်ယောက်ပါ။ James ကကူညီပေးလိုက်ပါပြီ။ shwekhitonlinetv.com

၁၀။ ပုံထဲကရေလောင်းနေတဲ့သူကိုဖျောက်ခိုင်းလိုက်မိတာပါ။ ရေလောင်းတဲ့သူမရှိရင်တော့ အပင်တွေစိမ်းစိုနေမှာ မဟုတ်ဘူးလေ။ shwekhitonlinetv.com

၁၁။ သူမရဲ့ကောင်လေးနဲ့ အရပ်အမောင်းကွာလွန်းလို့ နဲနဲညှိပေးခိုင်းတာကို …… shwekhitonlinetv.com

၁၂။ ဒီမိန်းကလေးကတော့ ဓာတ်ပုံထဲက မီးအိမ်ကိုဖယ်ခိုင်းတာပါ။ မီးအိမ်မရှိမှတော့ မှောင်တာမဆန်းပါဘူးနော် …. shwekhitonlinetv.com

၁၃။ အနောက်ကလူကို ဖယ်ပေးပါတဲ့။ ဖယ်တော့ဖယ်လိုက်တာပဲ ဘယ်အနောက်ကလူလဲ သေချာမှမပြောတာ …. shwekhitonlinetv.com

၁၄။ သိုးရဲ့ရှေ့မှာတစ်ခြားသမင်တစ်ကောင်ထည့်ပေးပါဆိုလို့။ shwekhitonlinetv.com

၁၅။ ငါ့ရဲ့သူငယ်ချင်း ဂေါက်သီးကိုရိုက်ပြီးရင် ဘာဆက်ဖြစ်နိုင်မလဲ ? သေချာတာကတော့ …… shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။