၄ နှစ်ကြာတဲ့အထိ အင်တာနက်ကို စွန့်ခွာခဲ့တဲ့ အကြောင်းအရင်းကိုပြောပြလာတဲ့ Selena Gomez

“အင်တာနက်ကို လုံးဝမသုံးဘဲ အဆက်ဖြတ်ထားခဲ့တာဟာ ကျွန်မရဲ့ စိတ်ခံစားမှုအခြေအနေတွေကို တိုးတက်ကောင်းမွန်စေခဲ့ပါတယ်”။ ဒီစကားကိုဆိုခဲ့တဲ့သူကတော့ ကမ္ဘာကျော် အဆိုတော်နဲ့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဆယ်လီနာဂိုးမက်ဇ် (Selena Gomez) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ချိန်က ကမ္ဘာပေါ်မှာ Followers အများဆုံး ဆယ်လီတစ်ဦးဖြစ်တဲ့ ဆယ်လီနာဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက Good Morning America နဲ့တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ “ကျွန်မ အင်တာနက်မသုံးခဲ့တာ လေးနှစ်ရှိပါပြီ။ ဒါဟာ ကျွန်မဘဝကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်” လို့ အံ့အားသင့်ဖွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

“အင်တာနက်ပေါ်မှာလူတွေနဲ့ ပြောဆိုဆက်ဆံရတာထက် လက်တွေ့အပြင်ကဘဝထဲမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာက ကျွန်မကို ပိုပြီးပျော်ရွှင်သာယာစေပါတယ်” လို့လည်းဆိုပါတယ်။ shwekhitonlinetv.com

ဒါဟာ ပြီးခဲ့တဲ့နှစ် မတ်လက Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးခဲ့တုန်းက ပြောခဲ့တဲ့စကားတွေနဲ့ အတော်လေးကို ဆင်တူနေပါတယ်။ အဲ့ဒီအချိန်တုန်းကအင်တာဗျူးမှာလည်း “ကျွန်မအင်တာနက်မသုံးတာ (၃) နှစ်ရှိပါပြီ။ ကျွန်မရဲ့ Instagram နဲ့ Twitter စာမျက်နှာတွေမှာ ပုံတွေ ပို့စ်တွေတင်ဖို့ကိုတော့ ကျွန်မရဲ့လက်ထောက်ဖြစ်သူ ကဆောင်ရွက်ပေးပါတယ်။ ကျွန်မကတော့ CNN လောက်ပဲကြည့်ဖြစ်ပါတယ်” လို့ဆိုခဲ့ဖူးပါတယ်။ shwekhitonlinetv.com

ဒီနေ့လိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ နည်းပညာနဲ့ သတင်းအချက်အလက်တွေကို လေ့လာသိရှိဖို့အတွက် အင်တာနက်က အရေးပါတဲ့အခန်း ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဆယ်လီနာဂိုးမက်ဇ်လို လူတစ်ယောက်အနေနဲ့ အင်တာနက်လုံးဝ မသုံးစွဲဘူးဆိုတာကို တစ်ချို့ကတော့ လက်ခံဖို့ ငြင်းဆန်လျက်ရှိပါတယ်။ shwekhitonlinetv.com

ဆယ်လီနာကတော့ “တစ်ချို့ကကျွန်မကိုလာမေးကြပါတယ်။ ဒါဟာ လိမ်ပြောတာလားပေါ့။ ကျွန်မမှာလိမ်စရာအကြောင်းမရှိပါဘူး။ အင်တာနက်အပေါ်ကတစ်ချို့ ကိစ္စရပ်တွေက ကိုယ့်ရဲ့လက်တွေ့ ဘဝစိတ်ခံစားမှုကိုပါလာပြီး ရိုက်ခတ်တက်ပါတယ်။ ဥပမာပြောရရင် ဝမ်းနည်းပူဆွေးရမယ့်ကိစ္စမျိုးတွေ၊ ငိုကြွေးရမယ့်ကိစ္စမျိုးတွေပေါ့။ အဲ့လိုစိတ်ခံစားမှုတွေက တစ်ခါတစ်လေ ရုန်းထွက်ရခက်ခဲတက်ပါတယ်။ ဒါကြောင့် လက်ရှိပြင်ပက ပတ်ဝန်းကျင်နဲ့ နေ့စဉ်လူနေမှုဘဝကို ဖြတ်သန်းတာက ကျွန်မရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်။” လို့ ဆယ်လီနာဂိုးမက်ဇ်က သူမအင်တာနက်မသုံးရတဲ့ အဓိကအကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။ shwekhitonlinetv.com

ပရိသတ်ကြီးအနေနဲ့ရော ဆယ်လီနာဂိုးမက်ဇ်ရဲ့ အင်တာနက်လုံးဝမသုံးစွဲဘဲ လက်တွေ့ပြင်ပဘဝကို ပိုမိုအာရုံစိုက်ဖြတ်သန်းနေတဲ့အပေါ်ကို ဘယ်လိုထင်မြင်မိပါသလဲ ? သူမရဲ့ ဆုံးဖြတ်ချက်နဲ့ ခံယူချက်က သဘာဝကျပြီး မှန်ကန်တယ်လို့ ထင်ပါသလား ? ကောမန့်မှာ ဆွေးနွေးပေးသွားကြပါဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။